Wednesday, July 15, 2009

ဒေါင်းလူငယ်၏ ဆဲဗင်းဂျူလိုင်ဆောင်းပါးနှင့် ပတ်သက်၍ ... (ပေးစာ)

ဆရာဦးလွဏ်းဆွေခင်ဗျား …

ဆရာ့ရဲ့ဘလော့ထဲမှာပါတဲ့ ‘ဒေါင်းလူငယ်’ ရေးတဲ့ ဇူလိုင် (၇) ရက်နဲ့ပတ်သက်တဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။ (၇) ရက်နေ့မတိုင်မီက ဖြစ်ခဲ့တဲ့အဖြစ်အပျက်မှာ မှားယွင်းမှုများရှိတဲ့အတွက် အမှန်ကိုတင်ပြနိုင်ရန် ပေးပို့လိုက် ပါတယ်။

အဲဒီဆောင်းပါးထဲမှာ …
၁။ တော်လှန်ရေးကောင်စီသည် ဇူလိုင် (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
၂။ ဇူလိုင် (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်ဖြင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ရသောအခါ လှုပ်ရှားမှု ပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင် ရာဇ၀တ်တရားသူကြီးက ကမာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီး တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့်ထုတ်ခဲ့သည်။

ထိုအချက်များမှာ မမှန်ကန်ပါခင်ဗျား …။

ဖြေရှင်းချက်

၁။ ကျောင်းဆောင်စည်းကမ်းများကို ဇူလိုင်လမတိုင်မီကပင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဘယ်နေ့က ထုတ် ပြန်ထားတယ်ဆိုတာတော့ မမှတ်မိတော့ပါ။

၂။ ဇူလိုင်လ (၅) ရက်နေ့မှာ ကမာရွတ်ရဲစခန်းရှေ့တွင် ဆန္ဒပြသည်ဆိုသည်မှာ မဟုတ်ပါ။ ဆန္ဒပြခြင်းမရှိသ ဖြင့် သေနတ်ဖြင့် ပစ်ခြင်း၊ ဆေးရုံပို့ရခြင်း၊ ပုဒ်မ-၁၄၄ ထုတ်ပြန်ရခြင်း ဆိုသည်မှာလည်း မဟုတ်ပါ။

ဇူလိုင် (၆) ရက်နေ့ ည (၉) နာရီကျော်လောက်ကမှစပြီး ကျောင်းဆောင်နေ ကျောင်းသားများမှာ အဆောင် စည်းကမ်းကို မကျေနပ်သောကြောင့် ပိတ်ထားသော အဆောင်တံခါးများကို ဖျက်ပြီး ထွက်ဆန္ဒပြကြခြင်းဖြစ်ပါ သည်။ နံနက် (၃) နာရီခန့်အထိ ကြာပါသည်။ ကျောင်းဝင်းထဲတွင်သာ ဆန္ဒပြခြင်းဖြစ်ပြီး ကမာရွတ်ရဲစခန်း ဘက် မရောက်ပါ။

ဆန္ဒပြပွဲသို့ ကျောင်းသားသမဂ္ဂမှ ကိုသက်တို့ လာရောက်ထိန်းပေးပါသည်။ ကျောင်းသားရေးမှူး ဆရာဦးစံ ထွန်းလည်း လာရောက်ထိန်းပေးပါသည်။ နောက်နေ့ စနေနေ့ ကျောင်းတက်ကြရဦးမည်ဖြစ်၍ နံနက် (၃) နာရီ ခန့်တွင် လူစုခွဲလိုက်ပါသည်။ ရဲများ၊ စစ်သားများ မလာကြပါ။ အေးချမ်းစွာ ပြီးစီးပါသည်။

(၇) ရက် ဇူလိုင်ဖြစ်ပြီး ကျောင်းများပြန်ဖွင့်သောအခါ ကျောင်းပြန်တက်ကြရသော်လည်း ကျောင်းသားများ၏ စိတ်ထဲမှာ မကျေနိုင်ကြပါ။ သို့ဖြစ်ပါ၍ တက္ကသိုလ်ရိပ်သားလမ်း (အင်ယားလမ်းဆုံနှင့် ကမာရွတ်အ၀ိုင်းကြား) ဖြတ်သွားတတ်သော စစ်ကားများအား ကျောင်းသားများက ခဲနှင့်ပေါက်လေ့ရှိသဖြင့် စစ်ကားများမသွားရန် အ စိုးရက တားမြစ်ခဲ့ရပါသည်။

ကျောင်းသားများကလည်း (၇) ဇူလိုင်အမှတ်တရကဗျာများ ထုတ်ဝေကြသည့်အပြင် အဲဒီအချိန်က နာမည်ကြီး သီချင်းအလိုက် စာသားများပြောင်းထည့်ပြီး သီဆိုခဲ့ကြပါသည်။ အစအဆုံး ပြောင်းကြသည်တော့ မဟုတ်ဘဲ ဟိုအပိုဒ် ဒီအပိုဒ် ကြိုက်တာလေးတွေ ဆိုခဲ့ကြခြင်းဖြစ်ပါသည်။

ဥပမာ - မျိုးမြင့်လေးရဲ့ ‘ကဲ မယုံချင်နေ’ သီချင်းအလိုက်အဖြစ် “(၁၁) ချက်ပစ်တာ (၁၅) ယောက်တောင် သေ ပါတယ်တဲ့လေ၊ ကဲ မယုံချင်နေ” (အရေးအခင်း ဖြစ်ပြီးလျှင်ပြီးချင်း အစိုးရက သေနတ် ၁၁-ချက်ခန့် ပစ်ခဲ့ရ ကြောင်း ကြေညာပါသည်။ သေဆုံးစာရင်းမှာတော့ ၁၅-ယောက် သေသည်ဟု ဖော်ပြခဲ့သောကြောင့် ဖြစ်ပါ သည်)။ နောက် “တို့ဆရာကာ ၀က်သားစားလို့၊ ၀က်ကြီး စီးလို့လာ၊ ကဲ မယုံချင်နေ” (ဦးကာမှာ မူဆလင်ဘာ သာ ကိုးကွယ်သူဖြစ်ပါသည်) လို့ ဦးကာအိမ်ရှေ့မှာ ညညဆို အော်ဟစ်ဆိုကြပါတယ်။

ဒီလိုပဲ တင်တင်မြ သီဆိုထားတဲ့ ‘ပုဂံမြို့ဟောင်း တနေရာ’ ကိုလည်း ဖျက်ဆိုကြပါတယ်။ ဒါပေမယ့် ဟိုတပိုဒ် ဒီ တပိုဒ်ပါ။ ဒါကို စုစည်းပြီး ဒဂုံဆောင်က ကိုကြည်ဝင်း (ပခုက္ကူ) က အစအဆုံးဖြစ်အောင် ရေးသားလို့ တီးလုံးနဲ့ တကွ စမ်းချောင်းမှာ အသံသွင်းခဲ့တယ်လို့ အဲဒီတုန်းက မှတ်သားခဲ့မိပါတယ်။ ကိုကြည်ဝင်းက သထုံဆောင် သာယာရေးကော်မတီဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကဗျာများလည်း စပ်တတ်သူတဦးပါ။ သထုံဆောင် အလယ်ထပ်၊ ရှေ့တန်း ဘယ်ဘက်ဆုံး ထောင့်ခန်းမှာ နေပါတယ်။ သူ့အခန်းဖော်က ကိုကက်စိန်ပါ (နောင် နအဖ ကျန်းမာ ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်) ပါ။

ဒါကလည်း ဒေါ်မေငြိမ်းဘလော့မှာ ဒီသီချင်းကို ဆရာမြတ်လေး ရေးခဲ့တယ်လို့ သူ့ကို ဆရာတင်မိုးက ပြောခဲ့ တယ်လို့ပါလို့ပါ။ ဆရာတင်မိုးရဲ့ ကြီးမားသော ရိုးသားခြင်းဂုဏ်ကြောင့် မဟုတ်ဘူးလို့ မငြင်းရဲပါဘူး။ ဒါပေမယ့် ဆရာမြတ်လေးလို သီချင်းရေးဆရာကောင်းတယောက်ဟာ သူများရေးထားတဲ့ သီချင်းကို စာသားလေးပြောင်း ရေးမယ်လို့ မထင်မိပါဘူး။

ခုအချိန်မှာ ဆရာမြတ်လေးလည်း မရှိတော့ဘူး။ ကိုကြည်ဝင်းလည်း ကွယ်လွန်သွားပြီလို့ ကြားမိပါတယ်။ ဒါပေ မယ့် အဲဒီတုန်းက သထုံဆောင် အမှုဆောင်ဟောင်းတွေတချို့ ကျန်ပါသေးတယ်။ သူတို့ အမှန်ကို သိနိုင်ပါ တယ်။ ဖြစ်နိုင်ရင် အမှန်ကို တင်ပြပေးကြပါလို့ တောင်းပန်ပါရစေခင်ဗျာ။

သမိုင်းကို မှန်ကန်စေချင်လို့ ရေးလိုက်တာပါ။

အာကာဇော်

2 comments:

မေငြိမ်း said...

(ကို/ဦး)အာကာဇော်ပြောတာကို ကျမ လက်ခံပါတယ်။ ခက်တာက ကျမကိုယ်တိုင်လည်း ၆၂တုန်းက မွေးတောင် မမွးသေးတော့ လက်လှမ်းမီသူတွေ ကိုတောင် မသိပါ။ ဆရာဂျမ်းပြောတာနဲ့အတူ ကျမအဖေကလည်း အဲလိုပဲ ပြောခဲ့ဖူးတယ်လို့ ထင်ပါတယ်။ ကျမအဖေလည်း ၆၂ ကျောင်းသားပါ။ ဒါပေမဲ့ အဖေပြောတုန်းက (ဦး)မြတ်လေးစပ်တဲ့ ကျောင်းသားသီချင်းအတော်များတယ်ပြောပါတယ်။ (ဆရာဂျမ်းလည်း အဲလိုပဲ ပြောပါတယ်)။ နောက်တခုက လူသိလွယ်တဲ့ သီချင်းကို အလိုက်ထည့်ဆိုတာ နိုင်ငံရေးသီချင်းအနေနဲ့ အလွယ်တကူပျံ့နှံ့လွယ်တယ်လို့ တွေးကြည့်မိတာပါပဲ။ ဒါကြောင့် ကမ္ဘာမကြေဘူးသီချင်းတောင် Dust in the wind အလိုက်ဖြစ်နေပုံရပါတယ်။ ဒါ ကျမ အထင်ပါ။ ပြောချင်တာက ခု တက္ကသိုလ်သီချင်းကို သိမီတဲ့သူရှိရင် အမှန်ပြောပြကြပါလို့ ပြောချင်တာပါပဲ။

မေငြိမ်း said...

မာယာ: ဒီသီချင်းကို ပြန်ဆိုထားတာ ဆရာဂျမ်းကို ကျနော်ဖွင့်ပြလိုက်တာပါ။
16 Jul 09, 02:13
မာယာ: ရင်ပြင်နီခင်ဆွေက မဆလပါတီထဲ ရောက်သွားတယ်လို့ ဦးတင်မိုးက ပြောပါတယ်။
16 Jul 09, 02:07
မာယာ: ပြန်ထုတ်ပါတယ်။ သီချင်းခွေနာမည်က "သမဂ္ဂကြယ်နီ" ဖြစ်ပါတယ်
16 Jul 09, 02:06
မာယာ: ဒေါ်မေငြိမ်း သီချင်းနာမည်က ယူနီယံအဆောက်အဦးတနေရာ လို့ မှတ်မိပါတယ်။ ရေးသူက ရင်ပြင်နီ ခင်ဆွေပါ။ ဒီသီချင်းကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချု့ပ် (အထက်ဗမာနိုင်ငံ) က ၈ လေးလုံးကာလမှာ