စီမံချက်ရေးဆွဲသည့် NCGUB
ဝင်းထိန်
ဝင်းထိန်
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB သည် မကြာမတင်က အသွင်ကူးပြောင်းရေး ကာလ စီမံချက်တရပ်ကို ရေးဆွဲနေသည်ဟု ကြားသိနေသည်မှာ ကြာပြီဖြစ်ပါသည်။ ထိုစီမံချက်၏ တစိတ်တ ပိုင်းကို အင်တာဗျူးတခုတွင် အနည်းအကျဉ်း ဖော်ပြထားသည်။ ထိုအင်တာဗျူးမှာ မဇ္ဈိမသတင်းဌာနမှ ကိုဝိုင်း နှင့် အဝေးရောက်နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်တို့၏ တွေ့ဆုံမေးမြန်းချက် ဖြစ်ပါသည်။ ထိုမေးမြန်းချက် ဆောင်းပါးတွင် ဦးဘိုလှတင့်က ပထမအဆင့်အဖြစ် မူကြမ်းကို ရေးဆွဲပြီးပြီ။ ၄င်းနောက် ပြည်တွင်းပြည်ပ အ တိုက်အခံအဖွဲ့အစည်းများသို့ ချပြအကြံဉာဏ်များ တောင်းခံသွားမည်ဟု ဆိုပါသည်။
ပါဝင်သော အကြောင်းအရာများ
ထိုစီမံချက်တွင် ပါဝင်သော အကြောင်းအရာများမှာ အခြေခံအားဖြင့် မြန်မာနိုင်ငံတွင် အဓိက Crisis ကြီး သုံး ရပ်ရှိသည်ဟု အခြေခံထားသည်။ ပထမအချက်မှာ အခြေခံဥပဒေဆိုင်ရာ Crisis ဖြစ်ပြီး ဒုတိယနှင့် တတိယအ ချက်တို့မှာ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆင်းရဲငတ်မွတ်မှု စီးပွားရေးအကျပ်အတည်းများဟု ဆိုသည်။ ထိုသုံး ရပ်ကို တပြိုင်နက် ဖြေရှင်းသွားမည့် Plan ဟု ဆိုသည်။ ထိုသုံးချက်ကို အခြေခံ၍ နောက်ထပ် ကဏ္ဍခြောက်ခု ခွဲထားသည်။ ထိုကဏ္ဍများမှာ ဈေးကွက်စီးပွားရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ အနာဂတ်စစ် တပ်၏ အခန်းကဏ္ဍ၊ Transitional Period တည်ငြိမ်မှုအရေး၊ Brain Drain ကိစ္စ၊ Refugee များအရေး စသည် တို့ဖြစ်သည်။
ထိုကဏ္ဍများကို ဖြေရှင်းနိုင်မည့် စီမံကိန်းတရပ်ဖြစ်သည်။
တင်ပြပြီ
ယခုအခါ ထိုစီမံချက်စာတမ်း ရေးဆွဲအချောသတ်ပြီးပြီဖြစ်၍ ယခုရက်ပိုင်းအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းကြီးများသို့ NCGUB မှ ချပြကာ အကြံဉာဏ်များ တောင်းခံခဲ့သည်ဟု ကြားသိရပါသည်။
စာတမ်းဖြစ်ပေါ်လာရခြင်း အကြောင်းအရင်း
အဝေးရောက်ဝန်ကြီး ဦးဘိုလှတင့်က ကိုဝိုင်းနှင့် အင်တာဗျူးထဲတွင် “မိမိတို့ပြည်ပရောက် အတိုက်အခံ နိုင်ငံ ရေးသမားအားလုံးတို့သည် နအဖကိုပဲ အပြစ်တင် ဝေဖန်ပြောဆိုနေကြသည်။ နအဖ၏ လုပ်ရပ်၊ နအဖ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ နအဖ၏ လုပ်ငန်းစဉ်များအားလုံးတို့ကို ဆန့်ကျင်နေကြသော်လည်း မိမိတို့၏ ဘက်တွင် ပိုကောင်းသည့်အမြင် Vision and action plan၊ Strategic action plan တွေမရှိ ဟုဆိုသော နိုင်ငံတကာ၏ အမြင်မှားယွင်းမှု၊ ပြစ်တင်မှုတို့ကို ပြန်လည်ချေဖျက်သည့်အနေဖြင့် ဤစီမံချက်စာတမ်းကို ရေးသားရခြင်းဖြစ် သည် “ဟု စာတမ်းဖြစ်ပေါ်လာပုံကို ရှင်းပြထားသည်။
ထိုစီမံချက်စာတမ်းတွင် လုပ်ငန်းစီမံချက်အဖြစ် မြန်မာနိုင်ငံ၏ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုက ရေစီအင်အားစု၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနှင့် နအဖ သုံးပွင့်ဆိုင် စေ့စပ်ဆွေးနွေးမှုမှတဆင့် နိုင်ငံရေး၊ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့ ငြိမ်းချမ်းစွာကူးပြောင်းရေး ဖြစ်နိုင်မည့်နည်းလမ်းများ အား ရေးဆွဲတင်ပြထားကြောင်း သိရှိရသည်။ ဤစာတမ်း၏ အစအဦးမှာ MPU ဒဗ္ဗလင်ညီလာခံတွင် တသီး ပုဂ္ဂလ သံတမန်များအဖွဲ့ဝင်တဦးက ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းအနှစ်ချုပ်တခုမှ အစပြုခဲ့သည်ဟု သိရ သည်။ ထိုစာတမ်းကို အရောင်တင်ပြီး ယခုလို စီမံချက်စာတမ်းကြီးအဖြစ် ပြုစုခဲ့ပြီး တသီးပုဂ္ဂလ သံတမန်များ အဖွဲ့က ကူညီရေးသားသည့်အတွက် ပညာရှင်စားရိတ် ဒေါ်လာတသိန်းခွဲ ကုန်ကျသည်ဟုလည်း သိရသည်။
ရည်မှန်းချက်
ထိုစာတမ်းကို နိုင်ငံတကာသို့ တင်ပြပြီး နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူပြီး နိုင်ငံတကာနှင့် NCGUB တို့ ပူး ပေါင်း၍ စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။ ထိုစာတမ်းကို ကုလသမဂ္ဂမှ မြန်မာဆိုင် ရာ အထူးသံတမန် မစ္စတာဂမ်ဘာရီ ဆီကိုလည်း ပေးပို့သွားမည်ဟု သိရပါသည်။
နောက်ဆုံးဖြစ်ထွန်းမှုအခြေအနေ
ယခုနောက်ဆုံးအခြေအနေမှာ ထိုစီမံချက်ကို နယ်စပ်ဒေသရှိ အဖွဲ့အစည်းများသို့ NCGUB မှ တင်ပြဆွေးနွေး ပြီးနောက် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများက လက်မခံဘဲ ပယ်ချလိုက်သည်ဟု သတင်းရရှိပါသည်။ အဖွဲ့အစည်းများက ဤစာတမ်းသည် အချိန်အခါနှင့် မ လျော်ညီခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည့်အစား နအဖသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချရန် အကောက်ကြံ ကြိုးပမ်းနေသည်ကို ကြည့်ခြင်းအားဖြင့် နအဖသည် သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လုံးဝဖယ်ရှားလိုက်သည်ကို တွေ့မြင်နိုင်၍ ဤစာတမ်းသည် စေ့စပ်ဆွေးနွေးရေးကိစ္စများကို အလေးထားဖော်ညွှန်းနေသည့်အတွက် တော်လှန်ရေးတွင် နှောင့်နှေးကြန့်ကြာစေသည်၊ အချို့အချက်များ သည် တော်လှန်ရေးအင်အားစုများအတွက် နောက်ပြန်ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်သည်ဟု ပြောဆိုကြ သည့်သတင်းများ ကြားသိရပါသည်။
ဝေဖန်ကြသည်
ဝါရင့်နိုင်ငံရေးသမားကြီးတဦးက ရွှေဂုံတိုင်စာတမ်းအပေါ် အခြေခံပြီး ရေးသားသင့်သည်ဟု ဆိုသည်။ NCUB နှင့် တော်လှန်ရေးအင်အားစုများက NLD ရွှေဂုံတိုင်ကြေညာစာတမ်းနှင့် ကိုက်ညီသည့် Road Map တခု ရေး ဆွဲပြီးဖြစ်လို့ NCGUB အနေနဲ့ သီးခြားရေးဆွဲရန်မလိုဟု ဆိုသည်။
လူငယ်နိုင်ငံရေးသမားတဦးကလည်း “ ဒီစီမံချက်စာတမ်းဟာ နိုင်ငံတကာစာအုပ်တွေထဲက အကောင်းဆုံးအ ချက်တွေ ကူးရေးထားတာ၊ ကျနော်ရေးရင် နှစ်မျက်နှာထက်မပိုဘူး၊ ဒါ့ထက်လည်း ပိုကောင်းအောင်ရေးပြ မယ်” ဟု ဆိုပါသည်။
ဆွေးနွေးပွဲတက်ခဲ့သော လူငယ်တဦးက “ဝန်ကြီးချုပ်ကလည်း ထောက်ခံပေးကြပါလို့ သီးခြားစာတစောင် ပေး ခဲ့တယ်။ သူက ဒီစာတမ်းကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုများက ထောက်ခံခဲ့ရင် ဒီစာတမ်းကို တိုင်း ရင်းသားနဲ့ ဒီမိုကရေစီအဖွဲ့အစည်းရဲ့စာတမ်းလို့ နိုင်ငံတကာကို ပြချင်တယ်။ တိုင်းရင်းသားနဲ့ ဒီမိုများက သူတို့ ရဲ့စာတမ်းအဖြစ် လက်မခံလိုကြဘဲ အဝေးရောက်အစိုးရနဲ့ ဝန်ကြီး (၇) ဦးရဲ့ စာတမ်းအဖြစ်ပဲ လက်ခံကြ တယ်” ဟု ဆိုသည်။
မဲဆောက်နိုင်ငံရေးသမားများက NCGUB တွင် တိုင်းရင်းသားများ ပါဝင်တိုးချဲ့ခြင်းလုပ်ငန်း လုပ်ငန်းစဉ်၊ CC လုပ်ငန်းစဉ်၊ နအဖအား နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုခြင်းလုပ်ငန်း စသည်တို့ဖြင့် ချမှတ်လုပ်ဆောင်နေချိန် တွင် NCGUB ၏ အဆိုပါစာတမ်းလုပ်ငန်းမှာ အချိန်ကုန် ငွေဖြုန်း၊ သခွပ်ပင်က မီးတကျည်ကျည်လို ဖြစ်နေ သည်ဟု ဆိုကြသည်။
ပြည်တွင်းလုပ်ငန်းလုပ်နေသူ လူငယ်တဦးကလည်း NCGUB ရဲ့ ဒီစာတမ်းဟာ ပြည်တွင်းအချို့သူတွေကို ပေး ပို့ရောက်ရှိနေပြီဖြစ်လို့ ၈၈ မျိုးဆက်ကျောင်းသားတချို့က ရွေးကောက်ပွဲသဘောတူညီမှုစာတမ်းလိုလို ပြော နေကြတယ်။ ဒါ့ကြောင့် ပြည်တွင်းက ပြည်သူအများ ဝေဝါးစေနိုင်တယ်။ အတွင်းရေးဖြစ်သော်ငြားလည်း ပြည် တွင်းသို့ တင်ပြရန်မသင့်သော စာတမ်းတရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။
ဝင်းထိန်
1 comment:
နယ်စပ်နဲ့ ပြည်တွင်းနိုင်ငံရေးသမားများ ဆုံးဖြတ်ချက် မှန်တယ်။ထောက်ခံတယ်
Post a Comment