Monday, June 8, 2009

တုန်လှုပ်စရာကောင်းတဲ့ သတင်းတပုဒ် (ပေးစာ)

ဒေါက်တာလွဏ်းဆွေခင်ဗျား …

ကျနော် ဘလော့ကို အမြဲဖတ်ရှုအားပေးနေသူတဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) ရက်လောက်က ကျနော်နဲ့ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးတဲ့ အရာရှိစစ်ဗိုလ်တယောက်ဆီက အလွန်ကို စိုးရိမ်ထိတ်လန့်ဖို့ကောင်းတဲ့ သတင်းတခု ကြား ရပါတယ်။ သူက လျှပ်စစ်ဝန်ကြီးဋ္ဌာန (MoEP-2) ၀န်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။

သူ့ဆီက ကြားရတဲ့သတင်းက ဒီလိုပါ။ ကျနော်တို့အချင်းချင်း ဆိတ်ငြိမ်တဲ့ ဘီယာဆိုင်တခုမှာ ဆုံဖြစ်ကြတာမျိုး ရှိတယ်။ (အမှန်ကတော့ တံစို့လက်ဆောင်ပေးဖို့ ကိစ္စတွေအတွက် တရားဝင် တွေ့ဆုံကြတဲ့ သဘောပါပဲ)။ ထုံး စံအတိုင်း ကျနော်တို့အုပ်စု တွေ့ဆုံတဲ့အခါမှာ သူ့ကို စ နောက်ရင်း ရန်ကုန်မှာ လျှပ်စစ်မီး ကြောက်ခမန်းလိလိ ပြတ်တောက်နေတဲ့အကြောင်း ဝေဖန်ပြောဆိုဖြစ်ကြတယ်။ ကျနော်တို့အားလုံး MoEP-2 ကို အပြစ်ဖို့ ပြောဆို ကြတယ်။ စ နောက် ပြောဆိုလို့ (၂) နာရီလောက်ကြာတော့ သူသောက်တာ များသွားပြီး လုံးဝမဟန်နိုင်တော့ ဘူး။ အဲဒီမှာတင် (ထန်းရည်မူးလို့ ကျွဲခိုးပေါ်ဆိုသလို) လျှပ်စစ်နဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးတဲ့ သတင်းကို ကျနော်တို့ကို ပြောပြတော့တာပဲ။

သူပြောပြတာကတော့ စစ်အုပ်စုက ရန်ကုန်မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ လျှပ်ဓာတ်အားပေးစက်ရုံတ ခုကို ၂၀၀၉ မတ်လကတည်းက တည်ဆောက်ပြီးစီးသွားပြီတဲ့ (နေရာတော့မကျိန်းသေဘူး။ ဒါပေမယ့် ကျနော့် အထင် အလုံက စက်ရုံကို သူ ရည်ညွှန်းပုံရတယ်) ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေကနေ ဓာတ်ငွေ့ပိုက် လိုင်းတွေနဲ့ဆက်ပြီး တည်ဆောက်ထားတာတဲ့။ စပြီး လည်ပတ်ဖို့ MoEP ရဲ့ ခွင့်ပြုမိန့်ပဲ လိုတော့တယ်တဲ့။

သူပြောပုံအရ အဲဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တဲ့နှုန်းက ရန်ကုန်မြို့အတွက် လိုအပ်တဲ့ လျှပ်စစ် သုံးစွဲမှု စုစုပေါင်းပမာဏထက်တောင် ပိုသေးတယ်ဆိုပဲ။ ဒါပေမယ့် စစ်အုပ်စုက အခုအထိ လည်ပတ်မိန့် မပေး သေးဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်မလား မနိုင်ဘူးလား သိချင်နေတယ်တဲ့ (ဆိုလိုတာကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးမှာကို အရမ်းကြောက်နေတယ်။ သူတို့ အခု အပေါ်စီးကနေ ထိန်း ချုပ်ထားနိုင်တာတောင်မှ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လူတွေ အပါအ၀င် ပြည်သူလူထုနဲ့ ပတ် သက်ပြီး အခုအထိ ယုံကြည်မှု မရှိသေးဘူးဖြစ်နေတယ်)။

တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့သူမြို့သားတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စပြီး လည်ပတ်ပေးလိမ့်မယ်တဲ့။ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်း တဲ့ အစီအစဉ် ဆွဲထားတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ရှုံးခဲ့ရင် မတော်တဆဖြစ်တယ်လို့ အကြောင်း ပြပြီး ဆောက်ထားတဲ့ ဓာတ်အားပေးစက်ရုံကြီးကို ဖျက်ဆီးပစ်မယ်တဲ့။ တခုလုံးကို ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရသစ်အတွက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူရမယ်တဲ့။

ဒါဟာ စစ်အုပ်စုဆီက ကျနော်တို့ အမြဲကြားရလေ့ရှိတဲ့ TERRORIST ACT ဆိုတာထက် ဆိုးတဲ့ TERRIBLE IDEA ပါပဲ။ တကယ့်ကို ယုတ်မာပက်စက်တဲ့ အကြံအစည်ပါပဲ။ မိတ်ဆွေတို့အနေနဲ့ မီးစက်တွေက ထွက်တဲ့ ဆူ ညံသံတွေ၊ မီးခိုးငွေ့တွေနဲ့ မရေမတွက်နိုင်လောက်အောင် မီးမှောင်ကျနေတဲ့ ညတွေကို မဖြတ်သန်းဖူးဘူးဆို ရင် ဒီ(လျှပ်စစ်)ဟာ ဘာကြောင့် ဒီလောက်အသည်းအသန် ဖြစ်နေရသလဲ၊ ရန်ကုန်နေ ပြည်သူတွေအတွက် ဘာကြောင့် အရေးတကြီးကိစ္စ ဖြစ်နေရတာသလဲ ဆိုတာကို နားလည်ချင်မှ နားလည်နိုင်မယ်။

အိမ်အသုံးစရိတ်ရဲ့ အနည်းဆုံး ၄ ပုံ ၁ ပုံလောက်ဟာ မီးစက်နှိုးဖို့ ၀ယ်ထည့်ရတဲ့ ဒီဇယ်ဖိုးထဲ ပါကုန်ရော။ မီး ပြတ်လို့ မီးမရှိလို့ ရေမရှိလို့ ကြုံရတဲ့ ဒုက္ခသုက္ခတွေ၊ အခက်အခဲ ပြဿနာတွေကတော့ မဖော်ပြနိုင်လောက် အောင် ဒုနဲ့ဒေးပါပဲ။

ရန်ကုန်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိသူများ ဒီသတင်းနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်းအတည်ပြုဖို့ ကျေးဇူးပြုပြီး ဆိုင်ရာပိုင်ရာကတဆင့် စုံးစမ်းကြည့်ကြစေလိုပါတယ်။ ကျနော်ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြ နိုင်တာကိုတော့ နာလည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ရန်ကုန်မြို့ခံတဦး

(အင်္ဂလိပ်လို မူရင်းပေးစာထဲမှ ဖော်ပြနိုင်သလောက်ကို ကောက်နှုတ်ဘာသာပြန် တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်)

14 comments:

suburbanian said...
This comment has been removed by the author.
Khyl said...

အင်္ဂလိပ်လို ပါ ဖြန့်ပေးပါဗျာ...

Unknown said...

Ma sar ya dae' amae thae nae' pat so tha loe pop

HRmyanmar said...

သတင်းထူးလေးမို့ Link ယူသွားပါသည် ခွင့်ပြုပါ

santun said...

ဒေါက်တာလွန်းဆွေခင်ဗျား-

ီဒီသတင်းဟာမဖြစ်နိုင်ပါ၊ ၂၀၁၀ရွေးကောက်ပွဲမှာ သူတို့နိုင်အောင်လို့လုပ်ကြံရေးသားချက်များဖြစ်ပါတယ်၊ ၁၉၉၀နှစ်လွန် ခုနှစ်များထဲက လျှပ်စစ်ဓါတ်အားထုတ်လုပ် ရေးမှာ ရေရှည် ကုန်ကျစါးရိတ်သက်သာတဲ့ ရေအားလျှပ်စစ်ကိုသာအသုံးပြုဖို့ မူချထားပြီးသားဖြစ်ပါတယ်၊
ရှိပြီးသားဂက်စ်တာဘိုင်တွေတောင်စွမ်းအားပြည့်လည်ဖို့ဂက်စ်မရှိတာ၊ ( မရှိတဲ့အကြောင်းက ထွက်သမျှ ထိုင်းကိုရောင်းနေလို့ပါ).
၂၀၁၀ရွေးကောက်ပွဲဝင်မပြုင်ကြမှာရော၊ မနိုင်မှာရော အကြောက်လွန်ပြီးဝါဒဖြန့်နေတာဖြစ်နိုင်ပါတယ်၊

Unknown said...

ဒီလို ယုတ်မာတယ့် စစ်ဗိုလ်တစ်စု လုပ်သမျှကို မြန်မာပြည်သူ. ပြည်သားတွေ ငြိမ်ခံနေမလား။ ဘာဆက်မလုပ်လဲ

မောင်မိုက် said...

ယုတ်တိမရှိဘူး...

Minn Khant 1948AD said...

သိရသလောက်ကတော့
စစ်တပ်ကနေ ကွန်ပရက်ဆာတွေဆင်နေတာတော့ဟုတ်ပါတယ်။ သန်လျှင်နဲ့ ပဲခူးကြားမှာပါ။ ရှိပြီးသားစက်ရုံတွေကိုအားဖြည့်ပေးဖို့ပါ။ ဒါပေမယ့် ရန်ကုန် (သန်လျှင်၊အလုံ၊လှော်ကား) ကစက်တွေကအသစ်တွေဆိုလုံလောက်ပေမယ့် အခုတော့ပြုပြင်ဖို့လိုနေသလို အသစ်ထပ်ဆောက်ထားတာလဲမရှိပါဘူး။ ဒီတော့ သဘာဝဓါတ်ငွေ့ကြောင့် လျှပ်စစ်ဓါတ်အားအပြည့်အဝရဖို့ မမျှော်လင့်ပါဘူး။ သူတို့ရည်မှန်းချက်က ၂၀၁၀ မတိုင်ခင်ပြီးမယ့် လုပ်ငန်းတွေကိုမြန်မြန်ပြီးအောင်လုပ်ပြီး မဲဆွယ်ဖို့ပါ။ တရားဝင်ညွှန်ကြားချက်အရတော့ ၂၀၁၀ ကျော်မှပြီးမယ့်အလုပ်တွေအတွက် အားစိုက်မလုပ်ဖို့ ညွှန်ချုပ်အဆင့်ထိညွှန်ကြားချက်တွေပို့ထားပါတယ်။

Fun said...

Dr. Lun Swe, I read your website everyday. I like it. But I don't think this one is real. Complete Non sense. Please do not post such things.
They will never think about loosing the election. Even they loose they do not need to step down and destory things. They will find other ways to hold the power. These things will happen only when they really have to run away.
And it is civil war. Well, you are in politics should know these things.
Give people right information. Be sincere and in long run, truth will win over evil.

Nay Lin said...

လုံးဝမဖြစ်နိုင်ဘူးထင်တယ်။ ကောလဟာလ၊ တုန်လှုပ်စရာ မကောင်းတဲ့အပြင် ရယ်စရာဖြစ်နေပါတယ်။ ရွေးကောက်ပွဲ မနိုင်လို့ ဒါကြီးဖျက်ပစ်စရာ မလိုတော့ပါဘူး။သူတို့ ဒီထက် ပိုပြီး လုပ်ချင်တာလုပ်လို့ရပါတယ်။

Unknown said...

ဒေါက်တာတစ်ယောက် အနေဖြင့် စဉ်းစားဆင်ခြင်ပြီး ဖြစ်နိုင်သော သတင်းများကို သာ တင်ပေးစေလိုပါသည်...

jojo said...

Dear Dr LS

I sensed that it is one of the propagenda to win the election.
Even with simple thought can sense that what they mean.
If you want the electricity vote for us if not you have to wait another 5 years. Its like campaigning for 2010 election in proxy.

What a cheap propagenda they trying to use.

But anyway thanks for the post, base on the feedbacks and comments show that our people are not easy to buy with this kind of cheap trick.

thanks

Unknown said...

ဒီသတင်းကိုဖတ်ရတော့ နအဖစစ်အုပ်စုမှာ အရက်သမားပထွေးဆိုးလို စိတ်ဓါတ်မျိုးပဲရှိတယ်ဆိုတာ ပိုပြီးရှင်းရှင်းလင်းလင်းမြင်သွားတယ် (ရလိမ့်အုံးမယ် မဲ၊ နိုင်လိမ့်အုံးမယ် ရွေးကောက်ပွဲ၊ သနားတယ်)။ သားသမီးတွေအတွက် အနစ်နာခံလိုတဲ့ မိဘအရင်းအချာလို စိတ်ဓာတ်မျိုးမရှိဘူးဆိုတာ သေချာနေတဲ့ စစ်အုပ်စုကို အမြစ်ပါမကျန် တော်လှန်ပစ်ရုံမှတပါး အခြားမရှိပါလေ။ သတင်းပေးပို့သူကို ကျေးဇူးတင်တယ်။

Thet Oo said...

ချင့်ယုံ၊ ချင့်ယုံ၊ ချင့်ယုံကြပါ။