Monday, June 1, 2009

အဝေးရောက်အစိုးရ မြန်မာနိုင်ငံနှင့် ပို၍ဝေးရာသို့ ဆုတ်ခွာခြင်း

အဝေးရောက်အစိုးရ မြန်မာနိုင်ငံနှင့် ပို၍ဝေးရာသို့ ဆုတ်ခွာခြင်း
ဝင်းထိန်

၂၀၀၉ခု၊ ဇွန်လ (၁) ရက်နေ့မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ( ပြည်ပရောက်အစိုးရ NCGUB ) ၏ နယ်စပ်ဒေသရုံးခွဲ (မဲဆောက်ရုံးခွဲ) ကို ပိတ်ပစ်ရန် အဝေးရောက် အစိုးရမင်းများ၏ အမိန့်ဖြင့် ဆုံးဖြတ်ကာ ပိတ်သိမ်းလိုက်သည်ဟု သတင်းရရှိသည်။ အကြောင်းမှာ အလှူရှင်များက ငွေမပေးနိုင်တော့၍ ဟုဆိုသည်။ NCGUB ရုံးနှင့် တွဲလျက်ဖွင့်လှစ်ထားသော လူ့အခွင့်အရေးသုတေသနမှတ်တမ်းရုံးကိုလည်း ပိတ်လိုက်ပြီးဖြစ် သည်။

NCGUB နယ်စပ်ဒေသရုံးနှင့် တွဲလျက်ဖွင့်လှစ်ခဲ့ရသော MPU ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ) ရုံးကိုလည်း အဝေးရောက်နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က မေလ ၁၈ ရက်နေ့က ကိုယ်တိုင်လာရောက်ပြီး ပိတ်ရန်ပြောခဲ့သည်။ အမတ်များ၏ စားစရိတ်၊ ရုံးစရိတ်များကို အလှူရှင် (ဒိုနာများ) က မပေးတော့၍ ပိတ်ရန် လာပြောပါသည်ဟု ဆိုပါသည်။

ရှေ့တလှမ်းတိုး နောက်နှစ်လမ်းဆုတ်

MPU၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရုံးမှာ NCGUB ၏ အထောက်အပံ့ မရသော်ငြားလည်း၊ ဆက် လက်၍ ခိုင်မာစွာဖြင့် လှုပ်ရှားရန် ရုံးခန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရှိရပါသည်။ ယခင်ရုံးနေရာမှာ ပင် မဖယ်ရှားဘဲ ရပ်တည်သွားမည်ဟု သိရသည်။
NCGUB ကို အရေးဆိုလာခြင်း

မဲဆောက် NCGUB ရုံးအား၊ လုံလောက်သော ပြင်ဆင်ချိန်မပေးဘဲ ရုတ်တရက်ပိတ်ခြင်း၊ အလုပ်သမားဝန် ထမ်းများအား နို့တစ်မပေးဘဲ လက်ရှိအလုပ်မှ ရုတ်တရက် ဖြုတ်ပစ်ခြင်း၊ စသည်တို့ကြောင့် မဲဆောက်နေ အ ဝေးရောက် အလုပ်သမားဝန်ကြီး ခွန်မြင့်ထွန်းမှာ လျော်ကြေးရရန်ဆောင်ရွက်ပေးဖို့ အတိုင်ကြားခံထားရသည် ဟု သိရှိရသည်။

အကြောင်းအရင်းခံ

ယခုကဲ့သို့ NCGUB နှင့် တွဲဖက်ဖွင့်လှစ်ထားသော MPU ရုံးကို ပိတ်ခိုင်းခြင်းမှာ MPU ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်း တဦးတည်းအား ဒပ်ဗလင်ညီလာခံအပြီးနောက် ထောက်ပံ့ကြေးများ၊ အကြောင်းပြချက်မရှိ ဖြတ်တောက်ခဲ့ပြီး နောက် ယခုတဖန် MPU ရုံးကို ဒိုနာအကြောင်းပြ ပိတ်ခိုင်းခြင်းဖြစ်သည်။ သို့သော် ၄င်းတို့၏ (၇) ဦး ဝန်ကြီး (အဝေးရောက်အစိုးရအဖွဲ့ဝင်များ) ကို ဆက်လက်၍ လစာထောက်ပံ့ပေးသွားဦးမည်ဟု သိရှိရပါသည်။ ဒပ်ဗ လင်ညီလာခံ ဆုံးဖြတ်ချက်များအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အလုပ်အမှုဆောင်ကော်မတီမှ ကြိုးပမ်းဆောင်ရွက်မှုတခုဖြစ်သည့် NCGUB ကို တိုင်းရင်းသားများ၊ အခြားသင့်တော်သော ပုဂ္ဂိုလ်များဖြင့် တိုး ချဲ့ဖွဲ့စည်းရန်ဟူသော NCUB နှင့် MPU ၏ မူသဘောထား ရပ်တည်ချက်ကို အကောင်အထည်ဖော် ဆောင် ရွက်ခြင်းမှ ရှောင်လွှဲခြင်းလည်း ဖြစ်နိုင်သည်ဟု နယ်စပ်ဒေသရှိ နိုင်ငံရေးအကဲအဖြတ်များက သုံးသပ်နေကြ သည်။

(၇) ဦးအဖွဲ့

NCGUB သည် ဝန်ကြီးချုပ်နှင့် အပေါင်းအပါဝန်ကြီး (၇) ဦးသာရှိသည့် အဝေးရောက်မင်းများ အဖွဲ့ဖြစ်သည်။ ဝန်ကြီးချုပ်အပါအဝင် (၃) ဦးမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြပြီး ကျန်ဝန်ကြီး (၄) ဦးမှာ မဲ ဆောက်တွင် အခြေစိုက်သည်ဟု စုံစမ်းသိရှိရပါသည်။

ဝင်းထိန်
(၂၀၀၉၊ ဇွန်၊ မဲဆောက်)

4 comments:

Unknown said...

ယခုကဲ့သို့  အဖွဲ့ အစည်းရှုပ်ထွေးမှုများကို ရန်သူ့ ဘက်မှ သိအောင် မရေးသားသင့်ပါ။ သာကီနွယ် chat box ပေါ်တွင် ယင်းအကြောင်းအရာနှင့်ပတ်သတ်၍ ဝေဖန်ထားကြောင်း တွေ့ လိုက်ရပါသည်။ါဆင်ခြင်သင့်ပါသည်။ လူကြီးလူကောင်းပီသစေချင်ပါသည်။ ဒေါက်တာလွဏ်းဆွေသည်လည်း ပညာတက်တစ်ယောက်၊ အတွေးအခေါ်ရှိသူတစ်ယောက်ဖြစ်ပါက အခုလို အခြေအနေများကို မိမိရန်သူ သဘောကျ နှစ်ခြိုက်သည့် စာသားမျိုး ဘလော့်ခ်ပေါ်တွင် မတင်ပေးသင့်ပါ။ လူကြီးမင်းအနေဖြင့် စဉ်းစားသင့်ပါသည်။

Unknown said...

ရန်သူဝမ်းသာအားရဖြစ်အောင် လုပ်နေကြသူများသည် NCGUB မှ ၀န်ကြီးများသာဖြစ်သည်ဟု ယူဆသည်။ သေခါနီးတွေဖြစ်ပြီး အဝေမတည့်ဖြစ်နေကြ၍ ယခုကဲ့သို့ အပုပ်နံ့တွေ ထွက်ပြီး နံစော်နေရခြင်းဖြစ်သည်။ အသက်ကြီးပြီး အချိန်စီးအောင် နေကြစေလိုပါသည်။

YE MIN TUN said...

ကျနော်တို့သည် လွတ်လပ်သော လူ့ဘောင်ဖန်တီးရန် တောင်းဆိုနေသော ဒီမိုကရေစီအင်အားစုများ ဖြစ်သည့် အလျှောက် တိမ်ချန်ခြင်း ကွယ်ဝှက်ခြင်း မပြုလုပ်သည်က အကောင်းဆုံးဖြစ်ပါသည် ဒီဆောင်းပါးကို ရေးသူအား ကျနော်တို့ထောက်ခံပါသည် ရန်သူကြားရင် ရှက်စရာလို့ သိလျှက်ဖန်တီးသူက အပြစ်မရှိတော့ဘဲ ရေးသားထုက်ဖေါ်သူက အပြစ်ဖြစ်ရတာလည်း NCGUB နှင့် ပတ်သက်လို့ အောက်ခြေအဆင့်တွေမှာ သိခွင့်မရှိတာတွေများလွန်းလို့ တချို့ဆို ကိုယ်နှင့် မဆိုင်ဘူးလို့ ထင်မှတ်နေသူတွေ ဒီမိုကရေစီ အင်အားစုအတွင်းမှာ အများကြီးပါဗျာ လွတ်မြောက်နယ်မြေမှာတောင် ကျနော်တို့ ကန့်သတ်ခံဘဝနှင့် နေရအုန်းမှာလား.... ဆရာလွဏ်းဆွေကို ထောက်ခံပါသည်ဗျာ ဖေါ်ပြပါ သိခွင့်ပေးပါ လုပ်နေသမျှအားလုံးက ကျနော်တို့ သန်း(၅၀) ပြည်သူတွေရဲ့ ကံကြမ္မာပါ လက်တဆုပ်စာရဲ့ ဘဝမဟုတ်ဘူး ကျနော်တို့ သိသင့်သလို ဝေဖန်ခွင့် ဖန်တီးခွင့် ရှိရမယ်

iamyamakalulin said...

မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေ အားလုံးကို အာဏာရူး အဝေးရောက်အစိုးရ အဖွဲ့ကပုဂ္ဂိုလ် (မသေခင်ကတည်းက ပုပ်နေသူ) တွေနဲ့ ပတ် သက်ခွင့် မပေးသင့်တော့ပါဘူး။