Monday, April 6, 2009

ငါးရိုးနင်တဲ့ ငွေလမင်း

ဆာကလည်း ဆာလောင်
မြို့လည်ခေါင်ကြီး
လရောင်တောင် မရှိ။

ကောင်းကင်မော်ကြည့်မှ
ဟောဟို အမိုးတွေပေါ်
ထိုးထိုးထောင် အပြိုင်အဆိုင်
တီဗွီတိုင်တွေ ရှုပ်ယှက်ခတ်
လမျက်နှာ အရိုးနင်ပုံ
မြင်ရုံနဲ့မော
တောပဲ ပြန်ချင်ပါတော့တယ်။ ။

မောင်အောင်ပွင့်
(အိပ်မက်ဖူးမဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၈၉ ခုနှစ်)

1 comment:

Unknown said...

ရည်မွန်ထိပ်ထား ကွန်ပျူတာဆိုင်ကအပြန် စစ်ခွေးအဆွဲခံခဲ့ရသည်