Thursday, March 19, 2009

Sanction နှင့်ပတ်သက်၍ …

(koko အမည်ရှင်၏ စီဘောက်တွင် ဆွေးနွေးချက်ကို မှတ်တမ်းတင်ပေးခြင်း ဖြစ်ပါသည်)

အနောက်နိုင်ငံတွေက အရင်းရှင်စီးပွားရေးစနစ်ရဲ့ ရန်သူဖြစ်တဲ့ ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ တရုတ် စတဲ့နိုင်ငံတွေကို စီးပွားရေးပိတ်မထားပါဘူး။ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီကို ဖေါ်နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံကိုတော့ ပိတ်ထားပါတယ်။ ဒီကတည်းက မြန်မာပြည်ဟာ တခုခုမှားနေတယ်ဆိုတာ ပေါ်လွင် ပါတယ်။ အဓိကကတော့ စစ်အစိုးရကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး ကျဆင်းတာဟာ ဘယ်သူကြောင့်မှ မဟုတ်ပါဘူး။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စလုပ်က တည်းက ဇောက်ထိုးဆင်းလာတာ ဒီကနေ့အထိ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ သမာသမတ်မကျတဲ့ အချောင် လိုက် စီးပွားရေးစနစ်ရဲ့ ဥပမာအချို့ကို ပြောပြချင်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ မြန် မာနိုင်ငံမှာ မလုပ်ချင်တဲ့ အချက်တွေနဲ့ ဆက်စပ်နေပါတယ်။

ငွေကြေးလဲလှယ်နှုန်း အများကြီးရှိနေတဲ့အချက်က နိုင်ငံခြားသားတွေကို မျက်စိလည်စေရုံမက ယုံကြည်မှုကို ပျောက်သွားစေပါတယ်။ ဥပမာ - နိုင်ငံတကာလုပ်ငန်းရှင်တွေက ဦးပိုင်နဲ့ပေါင်းပြီး အထည်ချုပ်စက်ရုံ လာဖွင့် တယ်ဆိုပါတော့။ နိုင်ငံခြားသားတွေက အစအဆုံး အကုန်အကျခံရပါတယ်။ ဦးပိုင်က ဒေါ်လာနဲ့ကုန်ကျထားတဲ့ ဒီကုန်ကျစရိတ် တစိတ်တပိုင်းကို ခြောက်ကျပ်ခွဲနဲ့ တွက်ပြီး မြန်မာကျပ်ငွေနဲ့ ထည့်ပြီး သူ့ရှယ်ရာကို တွက်ပါ တယ်။

အရင်းမတည်ငွေ ဒေါ်လာ ၁၀ သန်း ဆိုပါစို့။ ဦးပိုင်က ဒေါ်လာ ငါးသန်းကို ခြောက်ကျပ်ခွဲနဲ့တွက်ပြီး သူ့ရှယ်ရာ တ၀က်ပါဆိုပြီး မြန်မာငွေနဲ့ထည့်တာကို နိုင်ငံခြားသားက လက်ခံရပါတယ်။ လုပ်အားပိုင်းအနေနဲ့ဆိုရင်လည်း လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ သွင်းထုတ်လွယ်ကူရေးတွေမှာ ဦးပိုင်က ၀င်ရှင်းပေးတဲ့အတွက် လုပ်ငန်းချော မွေ့အောင်လုပ်တဲ့ အပိုင်းတွေကို သူ့လုပ်အားဆိုပြီး နာမည်ယူပါသေးတယ်။ တကယ်တော့ မီး၊ ရေ၊ သွင်းကုန် ထုတ် မြန်ဆန်ရေးဆိုတာတွေက နိုင်ငံတစ်နိုင်ငံရဲ့ မဖြစ်မနေလုပ်ပေးရမယ့် တာဝန်တွေပါ။ ၀န်ထမ်းခန့်တဲ့ အပိုင်းဆိုရင်လည်း တိုင်းမ်မဂ္ဂဇင်းကို ဇောက်ထိုးဖတ်တဲ့ ဦးပိုင်ဘက်က စစ်ဗိုလ်ဟောင်းကို မန်နေးဂျင်း ဒါရိုက် တာဆိုပြီး လခကောင်းကောင်းနဲ့ ခန့်ထားရပါတယ်။ မပြီးသေးဘူး၊ သူ့တူမကို အတွင်းရေးမှူးဆိုပြီး လခ ကောင်းကောင်းနဲ့ ထပ်ခန့်ပေးရပါသေးတယ်။

နောက်တချက်က စစ်အစိုးရရဲ့ နေ့တမျိုး ညတမျိုး အမိန့်တွေကြောင့်ပါ။ ဒီအမိန့်တွေကို အခွင့်ကောင်းယူပြီး စစ်အစိုးရနဲ့ ပလဲနံပသင့်တဲ့ ကုမ္မဏီတွေက နိုင်ငံခြားကုမ္မဏီတွေကို လှည့်ဖျားကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင် ရာ နှစ်ဖက်ချုပ်တဲ့ စာချုပ်တွေကို ဟာကွက်လေးတွေထားပြီး အချိန်ကျရင် စစ်အစိုးရအားကိုးနဲ့ လူလည်ကျပါ တယ်။

နိုင်ငံခြားသား မရှူနိုင်မကယ်နိုင်ဖြစ်ပြီး ပြန်သွားရပါတယ်။ ဒီလို လူလည်ကျ အနိုင်ကျင့်လိုက်ရတာကိုပဲ အမျိုး သားရေးတာဝန်ကို လုပ်လိုက်ရသလို လေသံပစ်ပါတယ်။ အနောက်နိုင်ငံတွေက အရင်းရှင်စီးပွားရေးစနစ်ရဲ့ ရန်သူဖြစ်တဲ့ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ဗီယက်နမ်၊ တရုတ် စတဲ့နိုင်ငံတွေကို စီးပွားရေး ပိတ်မထား ပါဘူး။ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီကို ဖေါ်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကိုတော့ ပိတ်ထားပါတယ်။ ဒီကတည်းက မြန်မာပြည်ဟာ တခုခုမှားနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဓိကကတော့ စစ်အစိုးရကြောင့်ပဲ ဖြစ်ပါတယ်။

1 comment:

Unknown said...

That's a very good assessment of why our country fails to attract foreign investments. Burma has an advantage of low wages (about 50$ per month) even compared to China but as KoKo has pointed out there are many problems due to the lack of rule of law. As the result we have very high unemployment and underemployment rates.