Sunday, March 8, 2009

ပြောရဦးမယ် ဘဦးရေ ...

ဆလိုင်းကိုကိုဦး

ဂမ်ဘာရီရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးစာတမ်း ထွက်လာတော့ အသံတွေက မျိုးစုံထွက်လာကြတယ်။ ၀င် သင့်တယ် မ၀င်သင့်ဘူး စသည်ဖြင့်ပေါ့။ လွတ်လပ်တဲ့ မြန်မာ့ရေဒီယိုတွေကလည်း နှားစေးနေတဲ့ အချိန်ပေါ့ ကွာ။ မင်းလည်းသိပါတယ် အဲဒီရေဒီယိုတွေက ဂမ်ဘာရီရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးစာတမ်း တိုက်တွန်း ချက်ကို အဓိကချေပပြောဆိုမယ့်သူတွေကို အင်တာဗျူးတွေမလုပ်ကြတော့ဘဲ မဆီမဆိုင်သူတွေကိုခေါ်ပြီး အင်တာဗျူးတွေလုပ်ကြတာ။ အမှန်တကယ်ဆို ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားပါတယ်ဆိုတဲ့ သူ တွေက ရှေ့ကိုထွက်မလာဘဲ အင်တာဗျူးတွေကို တမင်တကာရှောင်ရှား နေမှန်းသိသာလှပါတယ်။ ယှဉ်ပြိုင် အစိုးရဖွဲ့စည်းတုန်းက သူတို့လောက် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ချစ်တဲ့သူတွေမရှိတော့ဘူး။ ပြောနေကြ တာ မင်းလည်းကြားနေရမှာပေါ့ကွာ။ legitimacy ဆိုတဲ့စကားကို ထပ်ကာတလဲလဲ ပြောနေကြတဲ့သူတွေက အခုတော့ ဂမ်ဘာရီရဲ့ စာတမ်းအပေါ် နှားစေးနေကြတာကို ဘယ်လိုလုပ်ပြီးနားလည်ပေးရမှာလဲ။

ဘဦးရေ ...
တကယ်ဆို မင်းစဉ်းစားကြည့်၊ သူတို့လည်း တစိတ်ထဲတဉာဏ်ထဲဆိုတာ မင်းမကြာခင် မြင်ရတော့မှာပါကွာ။ ဂမ်ဘာရီရဲ့စာတမ်းဆိုတာကလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံ (အမှန်တကယ်အတိုက်အခံမဟုတ် သူ) များနဲ့တွေ့ပြီး ဒီစာတမ်းကို ဂျပန်ရောက်မှ ထုတ်ပြန်တယ်ဆိုတော့ အင်းမဟုတ်မှလွဲရော ဒါလုပ်ဇာတ်ကြီး ဆိုတာရှင်းပါတယ်ကွာ။ legitimacy ကို ဦးထိပ်ထားတာပါတယ်ဆိုတဲ့ ဦးစိန်ဝင်းရော၊ ကိုသောင်းထွန်းရော ၂၀၁၀ ရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားတာ မကြားမိသေးပါဘူးကွာ။ ဦးဘိုလှတင့် အင် တာဗျူးတခုမှာ မရေမရာ ပြောသွားတာကိုတော့ မင်းလည်းကြားရမှာပေါ့ကွာ။ သတင်းဌာနတွေဆိုတာက လည်း သူတို့နဲ့များ နားလည်မှုယူထားသလားလို့တောင် အောက်မေ့ရတယ်၊ နှာစေးပြနေတာ ဒီနေ့အထိပဲဆိုပါ တော့ကွာ။

ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးကို မကြာခဏပြောနေချိန်မှာ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို အခြေခံထားပါတယ်ဆိုတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရက ငြိမ်ခံနေတယ်ဆိုတာကတော့ မ ဟုတ်မှလွဲရော နောက်ကွယ်မှာ လက်ဝါးရိုက်ထားပုံရပါတယ်။ အေးလေ သူတို့ကို ငွေကြေးထောက်ပံ့ပေးထား တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ ဘောင်ထဲမှာရောက်နေတော့လည်း ဆရာသမားတွေ ငြိမ်ကုတ်ပြီးနေတာတော့ မ ဆန်းပါဘူး။ တကယ်တော့ သူတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သူတို့အခုလက်ရှိဘ၀ကို စွန့်လွတ်ပြီး မ ချစ်နိုင်ဘူးဆိုတာ အလွန်ကိုရှင်းပါတယ်။

ဘဦးရေ ...
တလောက အင်တာနက်ပေါ်က ဖြစ်ရပ်လေးတစ်ခုပေါ့ကွာ။ ကိုသောင်းထွန်းက ပြည်တွင်းက အန်အယ်လ်ဒီကို ရွေးကောက်ပွဲကိုဝင်ရေး တိုက်တွန်းတာမဟုတ်ကြောင်း မြန်မာဘာသာနဲ့ ရေးသားတဲ့ အင်တာဗျူးတခုမှာ ငြင်း ထားတာတွေ့တယ်ကွ။ အင်္ဂလိပ်လိုရေးတဲ့ သတင်းစာတွေမှာရော သူတို့ရဲ့ သဘောထားကြေညာချက်မှာရော သူတို့ဖေါ်ပြငြင်းဆိုထားတာ မတွေ့ရပါဘူးကွာ။ သူတို့ကြောက်ရတဲ့ ဒိုနာတွေဆီ သတင်းပေါက်ကြားသွားမှာစိုး လို့ထင်ပါတယ်။ ဒါပေမယ့်ကွာ ဂမ်ဘာရီရဲ့စာတမ်းကို သူတို့မြန်မာလိုရော အင်္ဂလိပ်လိုရော ပြောင်ပြောင်တင်း တင်း ငြင်းထားတာ ဒီနေ့ထိမတွေ့ရသေးဘူးကွ။ မင်းတကယ်လို့ သူတို့လက်ရှိဂမ်ဘာရီရဲ့ စာတမ်းကို ငြင်းထား တာတွေ့ရင် ငါဆီဖြင့် ဖြစ်တဲ့နည်းနဲ့ ပို့ပေးစမ်းပါကွာ။

ဘန်ကီမွန်းကတောင် ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့ကို စေလွှတ်ဖို့ပြင်နေပြီဆိုတော့ လုပ်ဇာတ်ကြီးက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီကွာ။ နိုင်ငံတကာက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အမှိုက်ချင်းထဲ ပစ်ထည့်လိုက်ပြီဆိုတော့လည်း ညွန့်ပေါင်းအစိုးရနဲ့ အမတ်တွေလည်း အမှိုက်ချင်းထဲ အလိုလိုရောက်သွားပြီ ပေါ့ကွာ။ အမှန်တကယ်တော့ သူတို့တတွေဟာ ကိုယ်အချင်းချင်း ကျောချင်းကပ်ရမည့်အစား ငါအမတ်ဘဲဟေ့ ဆိုပြီး ဖော်လန်ဖားတွေ မြှောက်ပေးတဲ့အတိုင်း လိုက်လုပ်တော့ နိုင်ငံရေးဘ၀ဆုံးတော့မယ်။ ရွေးကောက်ပွဲပြန် ၀င်ရင်လည်း သူတို့ကိုမဲပေးမယ့်လူလည်း ရှိမှာမဟုတ်တော့ဘူးဆိုတော့ သူတို့ဘာဖြစ်တော့မယ်ဆိုတာ မင်းပဲ တွေးကြည့်တော့ကွာ။

ဘဦးရေ ...
လက်ရှိနိုင်ငံတကာလေသံအရဆိုရင် ပြည်တွင်းက အန်အယ်လ်ဒီခေါင်းဆောင်တချို့ကတောင် ၂၀၁၀ ရွေး ကောက်ပွဲဝင်ရေးကို ချွင်းချက်နဲ့ လက်ခံခဲ့လေသလား။ ဘန်ကီမွန်းရဲ့ ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့ ဆိုတာကလည်း နေရင်းထိုင်ရင်းပေါ်လာတာမဖြစ်နိုင်ဘူး။ အဓိကျတဲ့သူတွေထဲက မီးစိမ်းပြလိုက်လို့ ဖြစ်မှာပေါ့ ကွာ။ ဂမ်ဘာရီရဲ့ စာတမ်း၊ ဘန်ကီမွန်းရဲ့ ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့၊ အာဆီယံခေါင်းဆောင်တွေ ရဲ့ တိုက်တွန်းပြောဆိုချက်၊ သတင်းဌာနတွေရဲ့ ထူးခြားစွာနှာစေးနေမှုနဲ့အတူ ဒါတွေအားလုံးကို ပေါင်းစုကြည့် လိုက်ရင် နိုင်ငံရေးလုပ်ဇာတ်ကြီးကတော့ တော်တော်ကြီး ရှင်းရှင်းလင်းလင်းပေါ်နေပါပြီ။

ဘဦးရေ ...
တချို့သူတွေဆိုရင် တတိယအုပ်စု(ခြံစည်းရိုးခွထိုင်သူများ)တွေနဲ့တောင် ရင်းရင်းနှီးနှီးရှိနေကြတာကို ကြားနေ ရတယ်။ အေးလေ .. ဆရာကြီးဇော်ဦးတောင်မှ နိုင်ငံရေးအရ စစ်အာဏာရှင်တွေဆီမှာ အညံ့ခံလိုက်ပြီဆိုတော့ ခြံစည်းရိုးခွထိုင်တာလောက်တော့ လုပ်လာကြမယ့်သူတွေ ပေါ်လာဦးမှာပါပဲ။ တကယ်ဆိုရင် ဇော်ဦးလိုလူမျိုး ဟာ ငါတို့အတွင်းစည်းထဲက ရန်သူဖြစ်နေပြီ။ သူ့ကို လက်ခံပေါင်းသင်းနေသူရှိနေသရွေ့ သူ့ဟာ ဒီမိုကရေစီ အင် အားစုတွေအတွင်းမှာ လှိုက်စားနေမှာပဲ။ မင်းပဲစဉ်းစားကြည့်လေ။ ကိုဝင်းမင်းတို့ အောင်သူငြိမ်းတို့ကို သူရဲ့ အောက်ကို ရအောင်ဆွဲသွင်းနိုင်ခဲ့တာကိုပဲကြည့်လေ။ ပြီးတော့အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို ဒီမိုက ရေစီကျင့်စဉ်တခုအနေနဲ့ လက်ခံသင့်ပါတယ်လို့တောင် ပြောလာကြပြီ။ အမှန်တကယ်တော့ ဒါဟာ ၁၉၉၀ ရွေး ကောက်ပွဲကို ဒေါ်လာ၊ ယူရိုငွေတွေနဲ့ အပေါင်ထားပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ အန်အယ်လ်ဒီကို တန်ဆာ ခံလုပ်မယ့်ဖြစ်စဉ်ပါပဲ။

၂၀၁၀ ကျရင်တော့ မင်းသားခေါင်းပေါင်း ကွာကျလာတော့မှာ။ ဘယ်သူတွေဘာလဲဘယ်လဲ ရှင်းရှင်းလင်းလင်း မြင်ကြရရင်တော့ ငါတို့သူတို့နဲ့ ရန်ငါစည်း ပြတ်ကြရတော့မှာ။ ရန်သူအလိုကျ ပူးပေါင်းဆောင်ရွက်သူတွေအား လုံးဟာ ငါတို့ရဲ့မဟာမိတ် ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ဘဦးရေ ...။

မင်းရဲ့သူငယ်ချင်း
ဆလိုင်းကိုကိုဦး
၂၀၀၉ ခု၊ မတ်လ ရ ရက်၊ မနက် ၃း၃၀ နာရီ

1 comment:

ဘုန်းကျော် said...

ဘာတွေဖြစ်ကုန်ပြီလဲ...ကိုဦးရေ..။