Wednesday, March 4, 2009

စီဘောက်ရေးသူ မောင်စိုးချိန်သည် သူမဟုတ်ရပါကြောင်း သစ္စာစာပေမဂ္ဂဇင်း အယ်ဒီတာ မောင်စိုးချိန် ရှင်းပြီ

သို့ /…
ဒေါက်တာလွဏ်းဆွေ

ဆရာခင်ဗျား … ဆရာ့ရဲ့ ဘလော့ဂ်စီဘောက်ထဲမှာ မောင်စိုးချိန်အမည်နဲ့ စာရေးနေတာကို ကဗျာဆရာ သစ် ကောင်းအိမ်နဲ့ မိတ်ဆွေတဦးက ပြောတဲ့အတွက် ကျနော်ဖတ်ခွင့်ရလိုက်တယ်။ ဘယ်ဘလော့ဂ်ကိုမှ တက်ပြီး ဖတ်တာ၊ ရေးတာမရှိခဲ့ပါ။ သူတို့ပြောမှ သိရခြင်းဖြစ်ပါတယ်။ ယခုလောလောဆယ် သူတို့သုံးဦးနေတဲ့ နေအိမ် မှာကျနော်ရောက်နေတယ်။ မောင်စိုးချိန် အမည်ခံပြီး (အမည်ကို ကလိန်ကကျစ်ဉာဏ်နဲ့ အလွဲသုံးစားလုပ်ပြီး) ရေးနေတာကို ဖတ်ရတယ်။ ဒီလိုအမည်ခံပြီးရေးနေတာ ဘယ်နှစ်ယောက်ရှိမှန်းမသိပါ။ သို့သော်လူတယောက် ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်၊ အုပ်စုလိုက် ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ပါစေ သစ္စာတော်လှန်ရေး စာပေမဂ္ဂဇင်းအယ်ဒီတာဖြစ်တဲ့ မောင်စိုးချိန်မဟုတ်ကြောင်း ဆရာ့ကို ယခုပြောပြလိုတဲ့အတွက် စာရေးလိုက် ခြင်းဖြစ်တယ်။

ဒီစာကို ကိုသစ်ကောင်းအိမ် ရိုက်ပေးတာဖြစ်တယ်။ ကျနော်ကိုယ်တိုင် ဗမာစာဖောင့်နဲ့ စာမရိုက်တတ်ဘူးဗျာ။ ပြီးခဲ့တဲ့ကာလတွေမှာလည်း ဘယ်ဘလော့ဂ်၊ ဘယ်ဝက်ဘ်ဆိုက်မှာမှ ကလိမ်ကကျစ် မရေးခဲ့ဖူးဘူး။ ရိုးရိုးသား သားနဲ့လည်း မရေးခဲ့ဘူး။ နောင်မှာလည်း ရေးမှာမဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ။ အဲ ဒီလို အောက်တန်းကျတဲ့၊ အောက်တန်းစားအလုပ်၊ ရန်သူဓလေ့စရိုက်လုပ်ရပ်မျိုးဟာ ကျနော့်အလုပ် မဟုတ် လို့ပါပဲ။ သစ္စာမဂ္ဂဇင်းမှာ ခေါင်းစီးတင်ထားတဲ့အတိုင်း တော်လှန်ရေးစာပေသက်သက်ပဲ ထုတ်လုပ်တယ်။ ရေး တယ်။ သူများရေးသားတာကို လက်ခံတယ်။ ဆရာကိုယ်တိုင်လည်း သစ္စာမဂ္ဂဇင်းမှာရေးခဲ့တယ်။ ကျနော်ကိုယ် တိုင် ဖော်ပြပေးခဲ့တာပဲ။

အခုလို ကလိန်ကကျစ်အဖြစ်နဲ့ စာရေးတာ၊ ထမိန်ခြုံထဲက လက်သီးပုန်းနဲ့ စာရေးတာကတော့ ယခုဆရာ့ ဘ လော့ဂ်စီဘောက်မှာရေးနေတဲ့ ကလိန်အကျစ်ရဲ့ အလုပ်ဖြစ်တယ်။ တချက်တည်းပဲ မေးချင်တယ်။ ဘာကြောင့် ပြည်သူလူထုအသီးသီးရဲ့ ရန်သူဖြစ်တဲ့ စစ်အုပ်စုကို မတိုက်ကြတာလဲ။ ရန်သူ့မိတ်ဆွေ လက်ကိုင်တုတ်က ရန် သူ့ကို ဘယ်တိုက်ပါ့မလဲ။ ဆရာကတော့ ရေးချင်တဲ့သူရေးကြဟေ့ဆိုပြီး စီဘောက်ဖွင့်ပေးတယ်။ ကလေကချေ ကပဲ ရေးရေး၊ ရန်သူပဲ ရေးရေး၊ တော်လှန်ရေးသမားပဲ ရေးရေး၊ ဖြူဖြောင့်သူပဲ ရေးရေး၊ ကောက်ကျစ်တဲ့ အောက်တန်းစားပဲရေးရေး ရေးကြဟေ့ဆိုပြီး စီဘောက်ဖွင့်ပေးထားလေတော့ ဒီမိုကရေစီလှုပ်ရှားမှုကို အ ကြောင်းပြပြီး အဆိပ်ခတ်တဲ့ အလုပ်တွေလုပ်ခွင့် လူ့သိက္ခာစော်ကားခွင့်တွေကို ရန်သူက လုပ်ပိုင်ခွင့်တွေရ သွားတယ်။ ရှိစေတော့ဗျာ။ ဒါတွေက ဘလော့ဂ်ပိုင်ရှင်တွေ၊ တာဝန်ခံတွေရဲ့ သဘောထားတွေပဲ။ ဒီတော့ ကျ နော်တို့လို မိမိနာမည်ကို အလွဲသုံးစားပြုခံရတဲ့ လူတွေဘက်ကလည်း အဲဒါ ငါမဟုတ်ဘူးကွဆိုတာကိုတော့ ပြောခွင့်ရရှိလိမ့်မယ်ထင်ပါတယ်။

မောင်စိုးချိန်
သစ္စာမဂ္ဂဇင်းတာဝန်ခံ
အယ်ဒီတာ

No comments: