Wednesday, February 4, 2009

ရှင်းပြီးရင်း ရှင်းနေရသည့် ရှင်းနေခဲ့သည့်ကိစ္စ

တင့်ဆွေ

ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား” “ရှင်း ပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီးအချက်ကို လည်း ရှင်းပုံမပေါ်ဖြစ်နေလို့ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။

(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြု လုပ်ပြီးသကာလ ၂-၂-၀၉ နေ့က ကြေညာချက်ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲ ခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီးရှိနေသော ကြောင့် သူတို့မရှင်းအားကြပါ။

(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေ စိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင် လေးလေးနက်နက် လေ့လာ ဆွေးနွေး ဆောင်ရွက်နေခဲ့ကြပါသည်။ ညီလာခံရောက်သောအခါ အားလုံးသော ကိုယ်စားလှယ်များသည် ယင်းပုဂ္ဂိုလ်တို့၏ အပြန်အလှန် တင်ပြချက် များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက် အပြန်အလှန် သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြ ကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိဘဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အား လုံးကနေ လွတ်လပ်သောဆန္ဒနဲ့ မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါခင်ဗျား။ ယင်းကိစ္စမှာ (အာ ဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ ညီလာခံတိုင်းဆိုသလို (ဟော့ တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။

- ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပထမ လွတ်လာရသည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။
- ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။
- ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင်လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်- အာရ်-ပီ)အား အစပျိုးစေသည်။
- ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။
- ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)။
- ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ဓာတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာ ရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ။
- ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။
- ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပစ်ရပ်စကားပြောခြင်း၊ စစ်ထောက်လှမ်းရေး ပျက်သုဉ်းခြင်း။
- ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေး ကျခဲ့ပါသည်။

(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါဟု လေ့လာသူက ဆိုပြန်ပါသည်။ မှားပြန်ပါပြီ၊ အမှားကြီးပါ။ ညီလာ ခံတလျှောက်လုံး (ဗီဒီယို)မှတ်တမ်းတင်ပါသည်။ အတွင်းစည်းအတွက်ပါ။ အသံဖိုင် ထုတ်ပြဖို့အထိ လိုမည်မ ထင်ပါ။ တခုသက်သေပြပါမည်။ ကျွန်တော်တို့၏ ကြညာချက်တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို ထိပ်ကရေးထားပါသည်။ ညီလာခံအပြီးကျင်းပသော တိုင်ပင်ညှိနှိုင်းပွဲ၏ ကြေညာချက် “Unity for Democracy and Civil Liberties” တွင်လည်း ကျွန်ုပ်တို့၏ခေါင်းဆောင်များ လွတ်မြောက်ရေးကို အလေးထားခဲ့ပါသည်။ တပတ်အတွင်းပင် ဒေါ်စုကိုယ်တိုင် (ဂန်ဘာရီ)အား အနိမ့်ဆုံးသိသာမြင်သာသည့် အပြောင်းအလဲသည် ယင်း အရေးဟု ဆိုလိုက်ပါပြီ။ ယင်းသတင်းထွက်မည့်နေ့ကပင် အိန္ဒိယမှာ ထိုအရေးအတွက် ဆန္ဒပြခဲ့ကြပါသည်။ တိုက်ဆိုင်တာမဟုတ်ပါ။ ဒေါ်စုအား လူကြားကောင်းအောင် နာမည်ထုတ်အော်နေသည်ထက် သူ့ရပ်တည်ချက် နှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မှုကို လေးစားတာပါ။ တခုပြောပါရစေ အမတ်တိုင်းက (အင်ဂျီအို)ဒေါ်လာမစားပါ။

(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့်သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်- အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ် ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်းများခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူ ကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး များစွာ လည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။

မကောင်းသည့်စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူ လည်းအားရ၊ ကိုယ့်ကုန်လည်း ရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာဏာရှင်စနစ်ကို တိုက်နေသူ များအား ဟိုဖက်ကလှည့် အပုပ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည်ဆန်းစစ်ကြရန် အနူးအ ညွှတ်မေတ္တာရပ်ခံပါသည်။

တင့်ဆွေ
၎-၂-၀၉

4 comments:

sooezz post said...

ကိုဘင်လှဒို့ ရဲ့ အဆွေတော် ဖားထေးရေး ဝံကြီးရော ဒီလ လခရမှာပေါ့နော်

sooezz post said...

ဒီမိုကရက်အုပ်စုထဲမှာလဲ
နအဖရဲ့လုပ်နည်းလုပ်ဟန်ရှိနေတဲ့သူတွေရှိနေရင်လဲ နအဖကိုတိုက်သလိုပဲ တိုက်ရမှာပဲ။ အဝေဖန်မခံနိုင်ရင်။
ကျင့်ဝတ်သီလမရှိရင် အများအကျိုးလုပ်ဆောင်ရတဲ့နိုင်ငံရေးမလုပ်သင့်ပဲ။ ကိုယ်ပိုင်စီးပွါးရေးလုပ်သင့်ပါတယ်၊
ကျနော်တို့တတွေနအဖကိုဘာလိုတိုက်နေတာလဲ။ နအဖဟာအာဏာရှင်လို့ အခေါ်ခံရတာဟာ
၉၀ ရွေးကောက်ပွဲ မလွှဲပေးတာတစ်ခုတည်းအတွက်ကြောင့်မဟုတ်ပါ၊ အကျင့်ပျက်လဒ်စား။လူသတ်ဖိနှိပ်
စတဲ့အမျိုးမျိုးသောဆိုးသွမ်းယုတ်မာမှုတွေကြောင့်
အာဏာရှင်လို့အခေါ်ခံရတာပါ။
ဒါကြောင့်ဒီမိုကရက်တစ်အုပ်စုထဲမှာလဲ
နအဖနဲ့အလားသဏ္ဍာန်တူရင် ပြတ်ပြတ်သားသားတိုက်ဖျက်ရပါမယ်။

Unknown said...

ဝေဖန်မှုတွေပါလို့ပြောပြီး ကိုယ်ထင်ရာကိုယ်ဆွဲပြီး ပြောနေသလားဆိုတာ ကိုယ့်ဘာသာကိုယ်အရင်ဆုံး ဝေဖန်သုံးသပ်ကြည့်ဖို့လိုပါသည် ....
နောက်တခုက သူများကိုတော့ဝေဖန်ရေးလုပ်နေပြီး ကိုယ့်ကိုကိုယ်ကော ဘာတွေလုပ်နေလဲ ဘာတွေလုပ်ခဲ့သလဲဆိုတာကို ပြန်သုံးသပ်ကြည့်စေချင်ပါသည် .....
ဝေဖန်မှုတွေကို လက်ခံပေးနိုင်သော်လည်း ....
ကိုယ်တိုင်ဘာမှမလုပ်ဘဲနဲ့ သူများကိုထိုင်ဝေဖန်နေတာမျိုးကတော့
မဖြစ်သင့်ဘူးလို့ထင်ပါတယ် ....
ကိုယ်ကိုတိုင် လုပ်နိုင်တဲ့နေရာ လုပ်နိုင်တဲ့ဘက်ကနေ
ဝင်ရောက်လုပ်ကိုင်ပြီး အကြံပြုဝေဖန်စေချင်ပါတယ်

မျိုးနိုင်

Anonymous said...

နားကိုမလည်တော.ဘူး.......မင်းတို.တွေဘာပဲလုပ်နေလုပ်နေ ရွေပြည်ကြီးကတော.မပြောင်းရေးချမပြောင်းပဲ.......ဘာဝန်ကြီးလဲ..လူမသိတဲ.ဝန်ကြီးလား၊ မြန်မာပြည်နဲ.ဝေးနေတာကြာတော.ကြောင်နေပြီလား။ မြန်မာပြည်ကလူတွေဘာမှကိုစိတ်ဝင်စားဖို.မပြောနဲ.။ အင်တာနက် မီဒီယာဆိုတာအိမ်မက်ထဲမှာတောင်မရှိဘူး။ သောက်ကြီးသောက်ကြယ်ရှင်းလင်းရေးတွေလုပ်မနေနဲ.။ ဖွတ်ပဲ...............။မိုက်ရိုင်းတာမဟုတ်ဘူး..အမှန်အတိုင်းပြောတာ...စလုံးမှာနေပြီးအလုပ်လုပ်နေတာ..မကျေနပ်ရင်လာပြော။စိတ်ညစ်တယ်။ အလုပ်ကလည်းလခမတိုး။ စီးပွါးရေးလည်းမကောင်း၇တဲ.အထဲ။ ရှင်းကလည်းရှင်းချင်နေသေးတယ်။ လူတောင်မသိတဲ.ကိစ္စ။ ထိရောက်တာလုပ်ကြပါလား။ကိုယ်လုပ်တာကိုယ်စိတ်သန်.ရင်ဆက်သာလုပ်။ တချိန်ချိန်ထိရောက်လိမ်.မယ်။ တကယ်လုပ်ရင်လူသိပါလိမ်.မယ်။ စေတနာကောင်းရင် ကံကောင်းမယ်။ ဒါပဲ..