ဆလိုင်းကိုကိုဦး
ဘဦးရေ ...
ရေးလက်စနဲ့ ရေးစရာကျန်တာတွေကို ရေးလိုက်ဦးမယ်ကွာ။ ခွေးအိပ်တောင်ကျပြီး စစ်ခွေးတွေက မာနာပ လောကိုသိမ်းပိုက်ဖို့ ကြိုးစားနေတုန်းကာလက မှတ်မှတ်ရရ တချို့ကို ငါပြန်ပြောချင်သေးတယ်။ အင်အားအ ဆမတန်ကြီးမားတဲ့ အာဏာရှင်တွေရဲ့ လက်ပါးစေ စစ်တပ်ကို ခုံခံကာကွယ်ဖို့အတွက် ဒေသအသီးသီးက ဒီ အေဘီတပ်ဖွဲ့ဝင်တွေ မာနာပလောကို အသီးသီးရောက်လာကြသလို ငါတို့ကျောင်းသားတပ်မတော်ကလည်း လူနာ၊ အမျိုးသမီးနဲ့ ခလေးငယ်တွေကလွဲလို့ အားလုံးတိုက်ပွဲထဲမှာ ပုံသဏ္ဍန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေကြရ တယ်။
မယ်ညောခီးတောင်ပေါ်မှာ သက်ပိုင်ကျသွားတဲ့နေရာကို ငါအမှတ်တရပြန်စဉ်းစားတိုင်း ငါမင်းပြောခဲ့တာတွေ ကို အမြဲအမှတ်ရနေတယ်။ ဆလိုင်းရေ .. မင်းတို့ငါတို့စားလိုက်တဲ့ ထမင်းတလုတ်တိုင်းမှာ ငါတို့ရဲဘော်ရဲဘက် တွေရဲ့ သွေးစက်တွေပါနေမယ်ဆိုတာကိုပေါ့၊ အဲဒီတုန်းက ငါတို့စားခဲ့ကြတာ ငှက်ပျောအူနဲ့ ပဲဟင်းရေကျဲမို့ အ ခုလိုဘီယာတစ်ခွက် ကြက်ကင်တဖဲ့ စားတော်ပွဲဆိုရင် သွေးစက်တွေသာမက သွေးတွေ အတောင့်လိုက်ပါနေ မလားဘဲ။
စစ်ပွဲလေးငါးခြောက်လကာလမှာ ခေါင်းဆောင်တော်တော်များများက ရိက္ခာငွေ၊ အထောက်အပံ့ငွေ ရရှိရေး တွေကိုသာ လုံးပန်းနေရလို့ မနက်လာလိုက် ညနေပြန်လိုက်လုပ်နေကြတာ စစ်ခွေးတွေက မာနာပ လောကို မသိမ်းနိုင်လို့ အသံကောင်းဟစ်ပြီး ပြန်သွားတဲ့အထိပေါ့။ စစ်ခွေးတွေရဲ့ တိုင်းရင်းသားညီညွတ်ရေး ကိုရှေးရှုပြီး မာနာပလောစစ်ဆင်ရေးကို ပြန်ရုတ်သိမ်းလိုက်ဆိုတဲ့စကားကို ဒီနေ့ညစာနဲ့အတူ မေ့ပစ်လိုက်ကြရအောင်ကွာ လို့ ငါ့ပြောတာကို မင်းက ညစာစားတဲ့အထိ မစောင့်နိုင်ဘူး။ ငါတော့ တောအရက်တစ်ခွက်နဲ့ပဲ မေ့ပစ်လိုက် တော့မယ်ကွာလို့ဆိုပြီး မင်းရောငါရော တိတ်တဆိတ်ဝေစုရထားတဲ့ ဈေးပေါပေါ တောအရက်ကို သောက်ပြီး မေ့ပစ်ခဲ့ကြတာမဟုတ်လား။
ဘဦးရေ ...
ရန်သူကို ရန်သူလိုမြင်တတ်ပြီး ရန်သူပေးတဲ့ ကတိစကားကို မယုံရလို့ မယုံဘူးလို့ ပြောသူတွေပြောကြတော့ စားဖားတွေက သူတို့ကို ဒိုင်ယာလော့ကို ပျက်အောင်လုပ်နေတဲ့သူတွေဆိုပြီး စွပ်စွဲကြတယ်။ အခုလည်း ဂမ် ဘာရီကို ဘာတွေထည့်ပေးလိုက်ပြန်ပြီလဲ မသိပေမယ့် ဒိုင်ယာလော့ကို အခြေခံတောင်းဆိုတင်ပြကြမှာ ကျိန်း သေပါတယ်။ ၂၀၀၉ ခုနှစ်မှာ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်ထဲကအတိုင်း သံ ယောင်လိုက်ပြီး ပြောကြမှာ ကျိန်းသေပါတယ်။ ဒိုနာတွေအကြိုက်တွေ့အောင် ပြည်ပမှာနေပြီး ပြည်တွင်းက ပေါ်လစီကို အလုအယက်ထောက်ခံပြကြမှာပဲ။ ပြည်တွင်းက အတိုက်အခံ ဒိုင်ယာလော့လုပ်တာကို ပြည်သူ တွေက နားလည်နိုင်ပေမယ့် ပြည်ပမှာနေတဲ့သူ တွေက ဒိုင်ယာလော့ကို တောင်းဆိုကြတာကိုတော့ ပြည်သူ တွေက ဘယ်လိုမှ နားလည်ပေးနိုင်ကြမှာမဟုတ်ဘူး။ တော်လှန်ရေးနယ်မြေကို ထွက်သွားပြီးမှ လက်နက်ကိုင် လမ်းစဉ်အပေါ် မယုံကြည် မတည်ဆောက်ကြတဲ့ အမတ်မင်းများကိုလည်း ကြောက်ပြေးအမတ်လို့ပဲ ဆိုကြ တော့မှာပဲပေါ့။
တကယ်တော့ ပြည်ပမှာနေတဲ့သူတွေက ပြည်ပကနေပြီး လုပ်သင့်လုပ်ထိုက်တာ မလုပ်ဘူးဆိုရင် ပြည်ပကို ထွက်လာကြပြီး နိုင်ငံရေးလာလုပ်ကြတာဟာ ဘာမှအဓိပ္ပါယ်ရှိမှာမဟုတ်ဘူး။ နအဖဟာ အတုအယောင်စေ့ စပ်ရေးနဲ့ ခြစားခွင့်အခွင့်အရေးကို မက်လုံးပေးပြီး လက်နက်ကိုင်လူမျိုးစုတွေကို တလူတမင်းဖြစ်သွားအောင် လုပ်နိုင်ခဲ့လို့ တိုင်းရင်းသားအင်အားစုတော်တော်များများ အာဏာရှင်တွေနဲ့ စေ့စပ်ရေးတွေလုပ်သွားကြတယ်။ တချို့က တ၀က်ပေါင်း၊ တချို့က အပြည့်ပေါင်းပြီး တချို့က ခွာပေါင်း ပေါင်းကြတယ်။ သူတို့ဟာ တော်လှန် ရေးနယ်မြေကိုလည်း အချိန်မရွေး ပြန်ရောက်လာနိုင်ကြတဲ့ အနေအထားမှာ ရှိနေကြတယ်။ ဒီမိုကရေစီမရမ ချင်းတော့ တိုင်းရင်းသားတွေအတွက် ခုခံရေးတိုက်ပွဲကတော့ အနိမ့်ဆုံးရှိနေကြမှာပဲ။
လက်ရှိနိုင်ငံတကာရဲ့အနေအထားကတော့ ဒိုင်ယာလော့ကို တွန်းပို့နေပေမယ့် နောက်ဆုံးမှာ တကယ်အလုပ် မဖြစ်တော့ဘူးလို့ သူတို့ယူဆလာရင် လက်နက်ကိုင်တော်လှန်ရေးဘက်ကို ဦးမလှည့်လာဘူးလို့တော့ မပြော နိုင်ဘူး။ အဲဒီအချိန်မှာ လွတ်မြောက်နယ်မြေနဲ့ ပြည်ပကိုရောက်နေကြတဲ့ မိမိတို့ ဒီမိုကရေစီအင်အားစုတွေ ဘက်က အခုကတည်းက ပြင်ဆင်မှုတွေ မလုပ်ထားခဲ့ဘူးဆိုရင် အဲဒီအခွင့်အရေးကို ရင်နာနာနဲ့ စွန့်လွတ်ကြရ မှာဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေဘက်က ခေါင်းဆောင်တွေကလည်း လက်နက်ကိုင်တော်လှန်ရေးကို အမှန်တကယ် ယုံကြည်ပြီး ဦးဆောင်နိုင်တဲ့သူမျိုးကို ၀ိုင်းရံပေးကြဖို့ အဆင်သင့်ဖြစ်နေရမယ်။ တိုင်းရင်းသား တွေနယ်မြေအတွင်းမှာ နေစဉ်နဲ့အမျှ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဒါတွေကို ကာကွယ်တားဆီး ဖို့အတွက် မိမိတို့ဒီမိုကရေစီအင်အားစုတွေဘက်က အနိမ့်ဆုံး ခုခံကာကွယ်ရေးတိုက်ပွဲကို မဖြစ်မနေ လုပ်ကြရ မယ်ဆိုတာကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ တော်တော်များများက တကယ့်ကို နားလည်ထားကြပြီးသားပါ။ ဒီအခြေခံပေါ်မှာ မိမိတို့က နိုင်ငံရေးလမ်းစဉ်တွေ ပေါ်လဆီတွေကို ချမှတ်ပြီး တစိုက်မတ်မတ် ကြိုးစားခဲ့ရင် တ နေ့နေ့မှာ ဖြစ်ကိုဖြစ်လာရမှာပါ။
ဘဦးရေ ...
ဒီနေရာမှာ လက်နက်ကိုင်တော်လှန်ရေးကို ဦးစိန်ဝင်းဦးဆောင်နိုင်မှာလားလို့ မင်းမေးရင် ငါတော့မဖြစ်နိုင်ဘူး လို့ မညှာတမ်းဖြေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဦးစိန်ဝင်းရဲ့ ဆယ့်ရှစ်နှစ်တာကာလကို ပြန်လည်ဆန်းစစ် ကြည့်ရင် ဦးစိန်ဝင်းဟာ လက်နက်ကိုင်တော်လှန်ရေးကို လုံးဝစိတ်မ၀င်စားသလို လက်နက်ကိုင်တော်လှန်ရေး နယ်မြေကိုလည်း လုံးဝခင်တွယ်သူမဟုတ်ပါဘူး။ တိုင်းရင်းသားအင်အားစုတွေနဲ့ အလွန်ကင်းကွာခဲ့ပြီး စာဖား တွေရဲ့ မြှောက်ပင့်ပြောဆိုမှုတွေကြားမှာ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖြုန်းတီးပစ်ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်တာတခုကလွဲလို့ လက်နက်ကိုင်တိုက်သင့်ရင် တိုက်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်မျိုး သူ့မှာလုံးဝမရှိဘူး။ သူမိန့်ခွန်းကို နားထောင်လိုက်ရင် တက်ကြွနေတဲ့သူတစ်ယောက်ရဲ့ စိတ် ဓာတ်ပင် ပြန်ကျသွားပြီး အိပ်ပျော်သွားနိုင်ပါတယ်. မာတင်လူသာကင်းလို မိန့်ခွန်း သူမပြောတတ်သလို ချီဂွေ ဗားရားလို ပြတ်သားတဲ့ ရုပ်အင်္ဂါလည်း မပိုင်ဆိုင်ဘူးဆိုတော့ ဘယ်လိုလုပ်ပြီး တော်လှန်ရေးတရပ်ကို သူဦး ဆောင်မှာလဲ။
မာတင်လူသာကင်းလို ချီဂွေဗားရားလို အရည်အချင်းမျိုး လူတယောက်ယောက်ရဘို့ရာ မလွယ်ကူတာမို့ စု ပေါင်းဦးဆောင်နိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသွားပြီး တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲသွားဖို့ ဒီနေ့ကစပြီး ပြင်ဆင်သင့်နေပါပြီ။ သဘောကတော့ ဦးစိန်ဝင်းလုပ်နိုင်တာ ဦးစိန်ဝင်းဦးဆောင်လုပ်ပြီး ဦးစိန် ၀င်းမလုပ်နိုင်တာကိုတော့ လုပ်နိုင်တဲ့သူတွေကို လုပ်ခွင့်ပေးရလိမ့်မယ်။ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ကာလမှာ ဘယ်နေရာမှာမဆို ဘယ်ကိစ္စမျိုးမဆို ငါနဲ့ငါယုံကြည်တဲ့သူတွေနဲ့ပဲ တွဲပြီးလုပ်နိုင်မယ်၊ တွဲပြီးလုပ်ချင်တယ်ဆို ပြီး လုပ်ချင်တိုင်းလုပ်လို့ မရနိုင်ဘူး။ ဒီမိုကရေစီကျင့်စဉ်အောက်မှာ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာချိန် မှာတော့ ၀န်ကြီးချုပ်တဦးအနေနဲ့ မိမိလိုချင်တဲ့လူတွေကို ရွေးချယ်ပိုင်ခွင့်ရှိလာမှာဖြစ်ပြီး လွှတ်တော်ရဲ့အ တည်ပြုချက်နဲ့အညီ ကက်ဘိနက်အဖွဲ့ကို ဖွဲ့နိုင်ပါလိမ့်မယ်။ ခုတော့ စောပါသေးတယ် ဦးစိန်ဝင်းရယ်လို့ပဲ ပြော ပါရစေ။
ဘဦးရေ ...
အင်တာဗျူးတစ်ခုမှာ ဒေါက်တာနိုင်အောင်ကို ၂၀၁၀ ရွေးကောက်ပွဲကို ၀င်သင့်သလားလို့မေးတော့ ဒေါက်တာ နိုင်အောင်က ဘယ်လောက်ထိ လွပ်လပ်မျှတမှာလဲဆိုတဲ့အပေါ် တည်ပါတယ်လို့ ဟိုလိုလိုဒီလိုလို ပြောသွား တာ ကြားလိုက်ရပါတယ်။ တဘက်မှာလည်း ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်ရေးကို ကိုင်ဆွဲ ထားပါတယ်လို့ပြောနေသလို တဘက်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲအပေါ် နိုင်ငံရေးအရ မပြတ်မသားရှိနေ တာကို တွေ့နေရပါတယ်။
ကြားရတဲ့သတင်းကတော့ အကူအညီပေးတဲ့ ဥရောပက ဒိုနာတွေက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေးကို တိုက် တိုက်တွန်းတွန်း လုပ်နေပုံရပါတယ်။ အသေးစိတ်ကိုတော့ ဥရောပမှာကျင်းပခဲ့တဲ့ ဒိုနာအစည်းအဝေးကို တက် ရောက်ခဲ့တဲ့သူတွေ ပိုသိပါလိမ့်မယ်။ တဘက်က ငွေပေးပြီး တဘက်က မြန်မာ့အရေးကို မိမိတို့လိုချင်သလို လုပ်ခိုင်းတတ်တဲ့ ဒိုနာတွေရဲ့အကူအညီဟာ စေတနာမှသည် ဝေဒနာဖြစ်သွားနိုင်တယ်ဆိုတာ အမှန်ပဲသူငယ် ချင်း၊ ငါတို့ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း၊ ငွေရမှတော်လှန်ရေးလုပ်နိုင်မယ် ငွေရရင်ပြီးရောဆိုတဲ့ အလေ့အကျင့်ကို အမြန်ဆုံးဖျောက်သင့်တယ်။ ငါယုံကြည်တာ ငါလုပ်တယ် ငါ့ပေါ်လစီနဲ့ ငါလုပ်တာဟာ မြန် မာ့နိုင်ငံရေးအလားအလာကို မထိခိုက်နိုင်ပါဘူးဆိုရင်တော့ အလွန်ကိုမှားယွင်းတဲ့ တွေးခေါ်မှုပဲ ဖြစ်ပါလိမ့် မယ်။
ခုတော့ နောက်မှရောက်လာတဲ့ ရှစ်လေးလုံးအကျိုးဆက်ကြောင့် အရွေးခံကြရပြီး အမတ်ဖြစ်လာတဲ့သူတွေက ဒိုင်ယာလော့တို့ ပြန်လည်ရင်ကြားစေ့ရေးဆိုတာတွေကို အပန်းဖြေရင်း ပြောဆိုလာတတ်ကြသလို ဥရောပနဲ့ အမေရိကားကို ပျံသန်းနေတဲ့ ဘိုးအင်းဂျက်လေယာဉ်ပျံပေါ်မှာလည်း နိုင်ငံရေးမှတ်စုတွေ ရေးတတ်ကြတယ်။ ရာထူးကြီးပေမယ့် တော်လှန်ရေးရဲဘော်တွေကို သူငယ်ချင်းလို့ ခင်မင်တတ်တဲ့ ကေအင်ယူရဲ့ ဗျူဟာမှုး ဗိုလ် မှူးကြီးလောဝါဒီ အဆိုအရ အဲဒီနှစ်က ဒီအေဘီအဖွဲ့ဝင်တွေအပြင် တခြားလာကူညီတဲ့ တိုင်းရင်းသားအဖွဲ့က ရဲ ဘော်တွေစုစုပေါင်း ခြောက်ရာကျော် ခုနှစ်ရောကျော်လောက် မာနာပလောတိုက်ပွဲကြီးမှာ ကျဆုံးခဲ့ရတယ်။ ငါတို့ခဏခဏရောက်ပြီး ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို မြေမြှုပ်သင်္ဂြိုဟ်ရင်း အလေးပြုခဲ့ကြတဲ့ မာနာပ လောက စစ်သင်းချိုင်းကို မရောက်ဖူးခဲ့တဲ့ တချို့သောဝန်ကြီးတွေ ငါတို့ခံစားချက်ကို နားမလည်နိုင်တာကို နားလည်နိုင်ပေမယ့်လည်း လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်ခဲ့ပြီး အကြီးမားဆုံး ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌတာဝန်ကိုယူခဲ့တဲ့ ဒေါက်တာနိုင်အောင်လို လူမျိုးက နားမလည်တာဟာ အင်မတန်မှ အရုပ်ဆိုးအကျည်း တန်လွန်းလှပါတယ်။
ကျောင်းသားတပ်မတော်ကို အန်ဒီဒီအဖွဲ့မျိုးဖြစ်သွားအောင် လုပ်ဖို့အထိကြံစည်ခဲ့ကြတာ နောက်ဆုံးသူနဲ့ အန် ဒီဒီအဖွဲ့သားတွေ တက်ရောက်ခဲ့တဲ့ ညီလာခံထဲမှာ ထင်ထင်ရှားရှား ဖြစ်ပျက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သိ သာနိုင်ပါတယ်။ တကယ်ပဲလား ဟန်ဆောင်နေတာပဲလား၊ ဒီတော့ နိုင်ငံတစ်ကာကပေးတဲ့ ဒေါ်လာငွေတွေ ကြောင့် မိမိတို့မှ အကြမ်းမဖက်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာမဟုတ်ဘူးဆိုရင် မိမိဟာ လက်နက်ကိုင်တော် လှန်ရေးကို ယုံကြည်ဆဲဖြစ်နေကြောင်းကို ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဟောင်းတဦးအနေနဲ့ လူသိရှင် ကြား ထုတ်ဖေါ်ပြောဆိုသင့်တယ်။ အကူအညီတွေပေးတဲ့ ဒိုနာတွေသိမှာစိုးလို့ မပြောရဲဘူးဆိုရင် ကျဆုံးသွားခဲ့ တဲ့ ရဲဘော်တွေရဲ့ အသက်စွန့် တိုက်ပွဲဝင်ခဲ့မှုတွေကို ဂုဏ်ယူလေးစားရာမရောက်သလို နိုင်ငံရေးအရ ပေါ်လစီ ကို လိမ်လည်နေတဲ့ သူတယောက်အဖြစ်ပါ အပြစ်ရှိနေနိုင်ပါတယ်။
ဘဦးရေ ...
တိုင်းရင်းသားတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးနယ်မြေ မာနာပလောကိုလာပြီး အစိုးရဖွဲ့ခဲ့တဲ့ ဦးစိန်ဝင်းအစိုး ရအဖွဲ့ဟာလည်း အဝေးရောက်ညွန့်ပေါင်းအစိုးရပီပီ အဝေးကို ရောက်သွားကြတာမို့ တိုင်းရင်းသားအင်အားစု ဒီမိုကရေစီအင်အားစုများနဲ့ ကင်းကွာသွားပြီး ရေပေါ်စီနိုင်ငံရေးသမားတွေနဲ့ အကျိုးတူပေါင်းသွားကြတာ မ ဆန်းပါဘူး။ မစွန်းခင်ကတည်းက ငြိနေတဲ့ ကန်ဇွန်းပင်လိုပါပဲ။ အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ ကီးပလေရာ ဖြစ်တဲ့ ဒေါက်တာသောင်ထွန်းကနေပြီး အကြမ်းမဖက်တဲ့လမ်းစဉ်ကို အသုံးချကာ ဒိုနာတွေဆီက ရသမျှ အကူ အညီငွေတွေကို အိတ်သွန်ဖာမှောက် ရယူနိုင်ဖို့အတွက် ဒေါက်တာနိုင်အောင်နဲ့ ညှိနှိုင်းကာ အန်ဒီဒီကို ဖွဲ့ခဲ့ကြ တယ်။ အက်စ်ဝိုင်စီဘီရှိနေရဲ့သားနဲ့ အက်ဖ်ဒီဘီတပ်ပေါင်းစုကို မရမကဖွဲ့စည်းပြီး ဒိုနာတွေဆီက ငွေတွေကို ရ ယူခဲ့ကြတယ်။
ဘဦးရေ ...
သူတို့ရလာတဲ့ ငွေတွေဟာ သေနတ်လည်းဝယ်ခွင့်မရှိ၊ ကျည်ဆန်လည်း ၀ယ်ခွင့်မရှိတဲ့ စည်းနှောင်ထားတဲ့ ငွေ ကြေးဖြစ်တာမို့ သူတို့ဟာ သူတို့ပါးစပ်ကို သေနတ်လုပ်ပြီး လေလှိုင်းပေါ်ကနေ စစ်သူကြီးတွေ လုပ်ကြပြန်ပါ တယ်။ ပါးစပ်သေနတ်ပစ်ပြီး ရသမျှငွေတွေလည်းကုန် ဘာမှဖြစ်မလာခဲ့တာ မင်းအမြင်ပဲမဟုတ်လား။ ငါတို့ ဘက်ကနိုင်ငံရေးအရ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေကသာ အဖတ်တင်ကျန်ရစ်ခဲ့တယ်။ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ပေါ်လစီကို ကိုသောင်းထွန်းရဲ့ ကုလသမဂ္ဂကိုယ် စားလှယ် သက်တမ်းတလျှောက်လုံး မြဲမြဲမြံမြံဆုပ်ကိုင်ခဲ့တယ်။ ရလဒ်ကတော့ ဒုံရင်းဒုံရင်းလို့ပဲပြောရမှာပဲ။ ငါ တို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင် ငါတို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံးဆိုသလို ဒေါက် တာသောင်ထွန်းရဲ့ ဂမ်ဖလားနဲ့ ကြက်ချေးတုံးပေါ်လစီ အမှန်တ ကယ် အလုပ်မဖြစ်ခဲ့မှန်းသိသာလှပါတယ်။
ဘဦးရေ ...
ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံများတွင်ပင်ဖြစ်စေ တချို့သော နိုင်ငံရေးခေါင်းဆောင်တွေဟာ မိမိရဲ့ ခေါင်း ဆောင်မှု အာဏာကိုထိပါးလာတဲ့အခါ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကျင့်ဝတ်ကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ အာဏာလက်မလွတ်ရေးကို ဦးစားပေးကာ မြင်သာထင်သာတဲ့အမှားတွေကို တမင်တ ကာ လုပ်လေ့ရှိကြတယ်။ အတိုက်အခံခေါင်းဆောင်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးထောင်ချကာ ပြည်သူကပေးတဲ့ လုပ်ပိုင်ခွင့်အာဏာကို မဲပေးခဲ့တဲ့ ပြည်သူတွေရှေ့မှာတင် အလွဲသုံးစားပြုပြီး အာဏာကို မ မှန်မကန်ထူထောင်ကြတယ်။ ၀န်ကြီးချုပ်ဖြစ်လာရေးအတွက် ပါတီအတွင်းမှာပင် အခွင့်အရေးဖြင့် အပေးအယူ လုပ်တတ်ကြတယ်။ ဒီမိုကရေစီကို ဂဏန်းသင်္ချာလို အပေါင်းအနုတ် အမြှောက်အစားလုပ်ပြီး ငါနိုင်တယ်ဆိုပြီး အရှက်မရှိ ကြွေးကြော်တတ်ကြတာကိုလည်း မကြာခဏဆိုသလို တွေ့ကြရတတ်ပါတယ်။
တကယ်တော့ သူတို့ ဟာ အမှန်တရားကို မှန်မှန်ကန်ကန် အလေ့အကျင့်ပြုဖို့ပေးထားတဲ့ ဒီမိုကရေစီအခွင့်အ ရေးတွေကို အလွဲသုံးစားပြုရင်း ဒီမိုကရေစီကို ဖျက်ဆီးပစ်နေကြတဲ့သူတွေဖြစ်တယ်။ လက်ညှိုးထောင်ခေါင်း ညိတ် ပုလင်းတူဘူးစို့များကိုသာ ခြံရံထားကြတာမို့ မိမိတို့ရဲ့လုပ်ရပ်အမှားတွေကိုပင် အမှန်ထင်ပြီး တိုင်းပြည် ကို နစ်နာအောင်လုပ်တတ်ကြတယ်။ မိမိရဲ့အားနည်းချက်ကိုထောက်ပြပြီး ဝေဖန်တိုက်ခိုက်လာတဲ့ အတိုက်အ ခံတွေရဲ့လုပ်ရပ်ကို အကျိုးရှိရှိအသုံးမချဘဲ အတိုက်အခံမဲ့အောင်လုပ်တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီအခြေခံအုတ် မြစ်ကို ချိုးဖဲ့ပစ်နေတာနဲ့တူတယ်။
အတိုက်အခံကိုမလိုလားတဲ့ မုန်းတဲ့ နိုင်ငံရေးခေါင်းဆောင်၊ အတိုက်အခံကို အပြတ်အသတ်ချေမှုန်းလိုတဲ့ လူ မျိုးတွေဟာ ဒီမိုကရေစီအားနည်းချက်ကို အလွဲသုံးစားပြုလေ့ရှိကြပြီး မှားယွင်းတဲ့ပေါ်လစီကို ရှေ့ဆောင်ကာ တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိကြပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရလဒ်ကို ဆုပ်ကိုင်တယ်လို့ ပြောပြော နေကြတဲ့သူတွေကပဲ အဲဒီရွေးကောက်ပွဲအနိုင်ရလဒ်ကို ချေဖျက်ပစ်ခဲ့ကြတယ်။ မိမိတို့ကပဲ ရွေးကောက်ပွဲနိုင် ရလဒ်ကို ထိခိုက်အောင်လုပ်ခဲ့ပြီးပြီဆိုတာကို သိရဲ့သားနဲ့ မသိကျိုးကျွံ လုပ်နေကြတယ်။ မင်းဒိတ်မရခဲ့ဘဲ ယှဉ် ပြိုင်အစိုးရဖွဲ့ခဲ့တာတွေ စီအာပီပီရှိနေရဲ့သားနဲ့ အမ်ပီယူဖြစ်လာတာတွေဟာ ထင်ရှားတဲ့သာဓကတွေ မဟုတ် ပါလား။
မိမိနဲ့ နိုင်ငံရေးခံယူချက် သဘောထားမတူသူများ အစိုးအဖွဲ့ထဲ ပါဝင်လာမှာကို စိုးရိမ်တဲ့စိတ်နဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို မထိခိုက်စေချင်လို့ပါလို့အကြောင်းပြပြီး လက်တွဲလုပ်နိုင်ကြမယ့်သူတွေကို တွန်းဖယ်ပစ်လိုကြ တယ်။ မြှောက်စားခြောက်စား ပုလင်းတူဘူးစို့နိုင်ငံရေးကို မှားမှားယွင်းယွင်း ကျင့်ကြံချင်ကြတယ်။ ဒါဟာတော် လှန်ရေးတခုမှာ အသက်သွေးကြောသဖွယ် အရေးကြီးလှတဲ့၊ ညီညွတ်ရေးအခြေခံကို ထိခိုက်စေတဲ့၊ အတိုက် အခံတွေကို ဖယ်ကျင်တဲ့ အုပ်စုဖွဲ့နိုင်ငံရေးမျိုးဖြစ်တယ်။
ဘဦးရေ ...
ဒိုင်ယာလော့ကို အရေခြုံပြီး အားမစိုက် ဦးနှောက်မစိုက် လွင့်လင့်တကူ ငွေကြေးအကူညီရနိုင်တဲ့ လမ်းစဉ်ကို လိုက်ကြတယ်။ အမြင်မတူသူ ပေါ်လစီကွဲပြားသူတွေပါလာပါက စီမံကိန်းတွေပျက်ပြယ်ပြီး လစဉ်ရနေတဲ့ နိုင်ငံရေးလစာပျောက်ပြယ်သွားမှာကို သေမတတ်ကြောက်ကြတယ်။ စွန့်လွှတ်လုပ်ကိုင်ရမယ့် တော်လှန်ရေး ကို ဘုရားလည်းဖူး လိပ်ဥလည်းတူးသလိုလုပ်ရင်း လစာရမှ နိုင်ငံရေးလုပ်နိုင်မယ်ဆိုတဲ့ အချောင်သမားလမ်း စဉ်ကို ဗြောင်ကျကျကျင့်သုံးလာကြတယ်။ အနှစ်နှစ်ဆယ်ကြာလာတော့ ဘုရားလည်းဖူး လိပ်ဥလည်းတူးရာက နေ လိပ်ဥတူးသက်သက်ဖြစ်လာကြတယ်။
အပါးတော်မြဲ လူတော်တွေဆိုတာကလည်း လူတော်လူကောင်းလည်းမဖြစ် လူကောင်းလူတော်လည်းမဖြစ်ဘဲ ကိုယ်ကျိုးကို ဦးစားပေးလွန်းတဲ့ ငါ့အတွက်သာငါတော်သော လူတော်တွေသက်သက်ဖြစ်လာကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လွှတ်ရေး တောင်းဆိုရုံမျှနဲ့ လေ လှိုင်းထဲကနေ တော်လှန်ရေးလုပ်ကြတာကြာခဲ့ပါပြီ။ အာအက်ဖ်အေ နော်ဝေးဒီမိုကရက်တစ်မြန်မာ့အသံတို့ကို ကန်ထရိုက်ယူထားသလိုယူပြီး လေလှိုင်းထဲကနေ အကြမ်းမဖက်တဲ့ အမြှောက်ဆံတွေကို နေပြည်တော်ကို ရောက်အောင် ပစ်လွတ်နေကြသူများရှိနေသရွေ့ကတော့ လွတ်မြောက်ရေးအတွက် တော်လှန်ရေးတခု ဖြစ် လာတော့မှာမဟုတ်ပါဘူး။
ဒါကြောင့် အဲဒီလိုနိုင်ငံရေးခြစားနေသူများ အမြန်ဆုံးပပျောက်သွားအောင် အမြန်ဆုံးဖြေရှင်းရေးဟာ နိုင်ငံရေး အရ အလွန်အရေးကြီးလှတာမို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ငါတို့အားလုံး ဒီမိုကရေစီအင်အားစု များအားလုံး တော်လှန်ရေးသတိ နိုင်ငံရေးအသိဖြင့် အင်တိုက်အားတိုက် ပါဝင်ကြပါစို့လို့ တိုက်တွန်းရင်း ...၊ တော်လှန်နေသူများအားလုံးကို လေးစားရင်း ...။ ။
ဆလိုင်းကိုကိုဦး
ဖေဖေါ်ဝါရီလ ရ ရက်၊ ၂၀၀၉
Tuesday, February 10, 2009
နောက်ဆုံးမှာ ဒိုင်ယာလော့ တကယ်အလုပ်မဖြစ်တော့ဘူးဆိုရင် ငါတို့ဘာလုပ် ကြမှာလဲ
Subscribe to:
Post Comments (Atom)
1 comment:
ကောင်းတယ်၊ အားပေးလျှက်၊ ရိုးသားတဲ့ နိုင်ငံရေး သမားတွေ လိုတယ်၊ ဦးစိန်ဝင်းတို့ ၁၈ ရှိပြီ၊ စားသောက်ရတာ မ၀သေးဘူးလား။
Post a Comment