သတင်း - ဗွီအိုအေ (၂၀-၂-၂၀၀၉)
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေသတွင်းရှိ လူထု လူတန်းစားအလွှာအသီးသီးက စိုးရိမ်မကင်းဖြစ်နေကြပြီး လူ့အခွင့်အရေး နဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးဖို့ဆိုတဲ့ အာဆီယံပဋိညာဉ်စာတမ်း အခြေခံမူအရ မြန်မာ့အရေးကို ၀ိုင်းဝန်းတိုင်ပင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒေသတွင်းရိုက်ခတ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ရာမှာ အာဆီယံ အသိုင်းအ၀ိုင်းအနေနဲ့ မဟုတ်ဘဲ လူလူချင်း ဒုက္ခရောက်နေသူတွေကို ကယ် တင်ကြဖို့တာဝန်ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်း ပစ်ဆူဝမ် (Dr. Surin Pitsuwan) က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါ တယ်။
မြန်မာပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဒေသတွင်း လူထုလူတန်းစား အလွှာအသီး သီးက စိုးရိမ်မကင်းဖြစ်နေကြပြီးတော့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် ကို အမြန်ရောက်ရှိရေး မျှော်လင့်နေကြတယ်ဆိုတာကို အာဆီယံအသင်းကြီးအနေနဲ့ အသိအမှတ်ပြုတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်းပစ်ဆူဝမ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကိုင်တွယ်သွားမယ်။ ဘယ်ပြဿနာပဲဖြစ်ဖြစ် ပဋိညာဉ်နဲ့ ကိုင်တွယ်ခြင်းဖြင့် တရားဝင်မှုရှိမှာပါ။ အာဆီယံဝန်ကြီးတွေ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဒီပဋိညာဉ်ကိုကိုင်ပြီးတော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို သုံးသပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အရင်တုန်းကလို ဒေသတွင်းအသင်းရယ်လို့မဟုတ်တော့ဘဲ လူထုစိုးရိမ်မကင်းဖြစ်ရတာတွေကို တင်ပြလို့ရကြမယ့် ဒေသတွင်း လူ့ဘောင်လူထုအသိုင်းအ၀ိုင်းကို ထူထောင်သွားကြမှာဖြစ်ပါတယ်။”
အသင်းဝင် ၁၀ နိုင်ငံကလက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ အာဆီယံပြည်သူတွေရဲ့ အခွင့် အရေးတွေကို အားလုံးလေ့လာဖို့လိုပြီးတော့ အားလုံး တန်းတူအသုံးချပိုင်ခွင့်ရှိတာမိုလို့ အရင်တုန်းကလို အာ ဆီယံဟာ သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကိုပဲ ကိုယ်စားပြုတဲ့အသင်း မဟုတ်တော့ဘဲနဲ့ ပြည်သူတွေကို အခြေခံတဲ့ ပြည်သူတွေအတွက် အာဆီယံအသင်းကြီးဖြစ်ပါတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို စိုးရိမ်စိတ်နဲ့ တင်ပြလာကြတယ်ဆိုရင် ပဋိညာဉ်စာတမ်းနဲ့အညီ ကိုင်တွယ်သွားမှာဖြစ်တယ် လို့ ဒေါက်တာဆူရင်းပစ်ဆူဝမ်က ပြောဆိုသွားပါတယ်။
“ဘာပြဿနာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အာဆီယံရဲ့ ပဋိညာဉ်နဲ့အညီ ကိုင်တွယ်သွားမယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ပဋိညာဉ်နဲ့ ကိုင်တွယ်ခြင်းဖြင့် တရားဝင်မှုရှိမှာပါ။ အာဆီယံဝန်ကြီးတွေ အာဆီယံခေါင်းဆောင်တွေအ နေနဲ့ ဒီပဋိညာဉ်ကိုကိုင်ပြီးတော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို သုံးသပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အ ရင်တုန်းကလို ဒေသတွင်းအသင်းရယ်လို့ မဟုတ်တော့ဘဲ လူထုစိုးရိမ်မကင်းဖြစ်ရတာတွေကို တင်ပြလို့ရကြ မယ့် ဒေသတွင်း လူ့ဘောင်လူထုအသိုင်းအ၀ိုင်းကို ထူထောင်သွားကြမှာ ဖြစ်ပါတယ်။”
သဘောမဟုတ်သလို ထိုင်းနိုင်ငံအနေနဲ့သော်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေနဲ့သော်လည်းကောင်း တာဝန်ယူဖို့မဟုတ်ဘဲနဲ့
လူသားတွေအနေနဲ့ တာဝန်ယူဖို့လို့ ပြောပါရစေ။
ဒုက္ခရောက်နေတဲ့သူတွေကို လူသားတွေရယ်လို့ စာနာစိတ်နဲ့ကူညီကြဖို့ဟာ
လူ့ဂုဏ်သိက္ခာနဲ့လည်း ညီပါတယ်။”
“ဒီရိုဟင်ဂျာပြဿနာကို အာဆီယံအနေနဲ့ တာဝန်ယူရတဲ့သဘောမဟုတ်သလို ထိုင်းနိုင်ငံအနေနဲ့သော်လည်း ကောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေနဲ့သော်လည်းကောင်း တာဝန်ယူဖို့မဟုတ်ဘဲနဲ့ လူသားတွေအနေနဲ့ တာဝန်ယူ ဖို့လို့ ပြောပါရစေ။ ဒုက္ခရောက်နေတဲ့သူတွေကို လူသားတွေရယ်လို့ စာနာစိတ်နဲ့ ကူညီကြဖို့ဟာ လူ့ဂုဏ်သိက္ခာ နဲ့လည်း ညီပါတယ်။”
ရှေ့သီတင်းပတ်အတွင်းမှာ ကျင်းပတော့မယ့် (၁၄) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအကြိုအနေနဲ့ အာ ဆီယံအတွင်းရေးမှူးချုပ် ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက် တာပစ်ဆူဝမ်က ဗွီဒီယိုကွန်ဖရင့်စ်နဲ့ လူထုကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment