Saturday, February 21, 2009

ဒေါက်တာစင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် ၂၀ ပြည့်နှင့်စပ်လျဉ်း ၍ မေးမြန်းခြင်း

အနှစ် (၂၀) ကာလအတွင်းမှာ ဒီဆေးခန်းကို ဦးဆောင်နေတဲ့ ဆရာမအနေနဲ့ ဘာတွေကို အ ကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို အရင်ပြောပြပေးပါ။

ကျမတို့လုပ်ဆောင်နိုင်ခဲ့တဲ့ အတိုင်းအတာမှာတော့ အခြေခံအကျဆုံး ပြောမယ်ဆိုရင်တော့ မိခင်တွေ လုံခြုံ စိတ်ချရတဲ့နေရာမှာ ကလေးမွေးဖွားခွင့်ရရှိဖို့တို့ နောက်ပြီး အဓိကဖြစ်နေတဲ့ ငှက်ဖျားရေဂါတွေကို ကုသပေး နိုင်တာတွေ၊ နောက်ပြီးတော့ တချိန်တည်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒီ ... စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပေါ့နော် ဒုက္ခိတဖြစ်မှုတွေကို ခြေတုလက်တုဌာနတွေက တတ်ဆင်ပေးတာ၊ နောက်တော့ အသက်ကြီးရွယ်အို တွေ၊ မမြင်မကန်းဖြစ်နေသူတွေကို မျက်စိအလင်းပြန်ရအောင် လုပ်ပေးနိုင်တာပေါ့နော်၊ ဒါတွေက ကျမတို့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေပေါ့၊

တချိန်တည်းမှာပဲ ကျမတို့ လူထုတွေကိုယ်တိုင်ကနေပြီးတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစောင့် ရှောက်ရေးကိစ္စတွေကို စုစည်းဆောင်ရွက်ခြင်းအားဖြင့် လူမှုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့ ကို တတပ်တအားနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံပြန်လည်တည်ထောင်ရေးတွေမှာ ပါဝင်နိုင်တယ်ဆိုတာကို လည်း အားလုံးက အသိအမှတ်ပြု လက်ခံလာကြတယ်။ ယုံကြည်လာကြတဲ့အတွက်ကြောင့် ဒါတွေက ဒီဖြတ် သန်းမှုမှာ အောင်မြင်မှုတခုလို့ ပြောလို့ရပါတယ်။

ဒီအောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့ အနာဂတ်မှာ ဆရာမတို့အနေနဲ့ ဘာတွေကို အကောင်း ဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျား။

အနာဂတ်ကာလမှာ ဆောင်ရွက်နိုင်ဖို့ကကျတော့ ကျမတို့ တဦးချင်းစီရဲ့ တာဝန်ရှိမှုတွေနဲ့ စုဖွဲ့မှုတွေရဲ့ တန်ဖိုး တွေကို ပိုပြီးတော့ တန်ဖိုးထားလာဖို့၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြောင်းလဲ မှုမှာ ကျမတို့နိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်စေ၊ နိုင်ငံတကာနဲ့ဖြစ်စေ၊ တခြားသော တိုင်းရင်း သားအဖွဲ့အစည်း၊ ဒီမိုကရေအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါ့ထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့ စုစု စည်းစည်းဆောင်ရွက်နိုင်ဖို့ ကျမတို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ဆေးခန်းဟာ အနှစ် (၂၀) ကာလရှိသွားပြီပေါ့နော်။ အဲဒီတော့ ဒီနေ့ဒီချိန်ခါမှာ ဆရာမ အနေနဲ့ ရင်ထဲမှာရှိတဲ့စကား ဘာများပြောချင်ပါသလဲခင်ဗျား။

ကျမတို့ ဒီနယ်စပ်ကို ရောက်ရှိလာတဲ့အချိန်မှာလည်း အထဲမှာရှိတုန်းက ပြည်တွင်းမှာရှိတုန်းကပေါ့နော် လွန်ခဲ့ တဲ့ အနှစ် (၂၀) မှာ ကျမတို့ပြည်သူလူထုတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကို အခြေခံပြီး တော့ မခံချင်စိတ်တွေနဲ့ ဒီကိုရောက်ရှိလာကြတယ်။ သို့သော်လည်း အရေးပေါ်တွေ့ကြုံရတဲ့ လက်ရှိအခြေအ နေမှာရှိတဲ့ ကျမတို့လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ပဲ အခြေပြုပြီးတော့ ကူညီပံ့ပိုးတဲ့ အသိုင်း အဝိုင်းတွေနဲ့ ကျယ်ပြန့်လာအောင်ဆောင်ရွက်ပြီးတော့ ဒီထိကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ ကြိုးစားနိုင်ခဲ့ကြ တယ်။

အစကတော့ ထိုင်းနိုင်ငံဟာ ကျမတို့ရဲ့ယာယီခိုနားရာ နေရာတခုအနေနဲ့ပဲထင်ခဲ့တယ်၊ လက်ရှိမှာတော့ ကျမ တို့ အနှစ် (၂၀) ဖြတ်သန်းမှုမှာ ဒါ့ထက်ပိုပြီးတော့ ဆိုးရွားတဲ့ လူထုတွေရဲ့ ပြဿနာတွေကို ပိုမြင်ရတဲ့အတွက် ကြောင့် စိတ်မကောင်းစရာတွေတော့ အများကြီးဖြစ်ပါတယ်။ သို့သော်လည်း ကျမတို့ တဦးချင်းစီရဲ့တာဝန်ရှိမှု တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ သိနားလည်လာကြတယ်လို့လည်း ယုံကြည်ပါ တယ်။ အဲဒီအပေါ်မှာ ကျမတို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ တဦးချင်းစီရဲ့ တာဝန်ရှိမှုနဲ့ အ ရည်အသွေးမြင့်မားမှုတွေကိုလည်း ဆက်လက်ကြိုးစားသွားမှာဖြစ်သလို စုဖွဲ့မှုတွေကို တန်ဖိုးထားပြီးတော့ ကျ မတို့ ညီညီညာညာ ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

တနှစ်တာအတွင်းမှာ ဆရာမတို့အနေနဲ့ လူနာဦးရေ ဘယ်လောက်ကို ဆေးဝါးကုသမှုတွေ ပေးခဲ့ပါ သလဲ။ အဲဒီအထဲမှာ ဘယ်လိုလူနာမျိုးတွေပါသလဲ။ မြန်မာပြည်အတွင်းပိုင်းက လူနာဘယ်လောက် လာရောက်ကုသပါသလဲ။

ဆေးခန်းစတည်ထောင်တဲ့အချိန်မှာ ကျမတို့ကုသပေးတဲ့ လူနာအရေအတွက်ကတော့ ၁၇၀၀၊ ၁၈၀၀ ပတ်ဝန်း ကျင်လောက် ရှိတယ်ပေါ့။ ဒီ ၂၀၀၈ ခုနှစ်ရဲ့စာရင်းအရ လူနာအရေအတွက်အရဆိုရင်တော့ ရှစ်သောင်းကျော် ရှိပြီးတော့ ရောဂါအရဆိုရင်တော့ ကိုးသောင်းကျော် တသိန်းနီးပါးလောက် ကုသပေးနိုင်တယ်။ အဲဒီအထဲမှာ အဓိကဖြစ်တဲ့ ငှက်ဖျားရောဂါနဲ့ကတော့ ခုနှစ်ထောင်လောက်ရှိတယ်။ နောက် ကျမတို့ ကလေးမွေးဖွားပေးတဲ့ မိခင်များကတော့ နှစ်ထောင့်ခြောက်ရာလောက်ရှိပြီးတော့ ခြေတုလက်တုကတော့ နှစ်ရာကျော် ကျမတို့ တပ် ဆင်ပေးခဲ့တယ်။ ဒီ ၂၀၀၈ ခုနှစ်မှာထဲမှာပဲ မျက်စိခွဲတဲ့ လူနာကလည်း ခြောက်ရာနီးပါးလောက် ရှိခဲ့ပါတယ်။

ဒီလိုမျိုး နေ့စဉ်နဲ့အမျှ လာရောက်ပြီးတော့ ဆေးဝါးကုသတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် တဖြေးဖြေးနဲ့က တော့ ပြည်တွင်းထဲက လာတဲ့သူတွေက ၅၀% လောက်ထိ ရှိလာတာကိုတွေ့ရတယ်။ အထူးသဖြင့် ငှက်ဖျား ရောဂါဟာဆိုလို့ရှိရင် ၇၀% လောက်က ပြည်တွင်းထဲက လာတာဖြစ်ပြီးတော့ ခွဲစိတ်ကုသဖို့လာတဲ့ လူနာ ၈၀% လောက်အထိက ပြည်တွင်းထဲက လာတာဖြစ်တယ်။
ဒီလောက်များတဲ့ လူနာအရေအတွက်ကို ကုသပေးဖို့အတွက် ဆေးဝါးနဲ့ ရန်ပုံငွေတွေကို ဆရာမတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေပါသလဲ။

ဆေးဝါးရရှိဖို့တို့၊ စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိဖို့၊ နေရာထိုင်ခင်းတွေ လုံလုံလောက်လောက်ရရှိဖို့တို့ ဆိုတွေတာကတော့ ကျမတို့အတွက် အမြဲတမ်း ရုန်းကန်နေရတဲ့ အခက်ခဲတွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်နဲ့အမျှ လူနာ၊ လူနာစောင့်နဲ့ (မိဘတွေနဲ့ အတူမနေရတဲ့) ကလေးများအတွက် ရိက္ခာတွေ ကူညီပံ့ပိုးတဲ့ အစီအစဉ်က တလကို လူ ၅၀၀၀ စာလောက်ကို ကျွေးမွေးရတဲ့ အစီအစဉ်မျိုးရှိသလို လူနာအခြေအနေက လည်း တနှစ်တနှစ်ကို ပုံမှန်တိုးလာနေတဲ့အတွက်ကြောင့် ပုံမှန်ရရှိတဲ့ အကူအညီတွေနဲ့က လူဦးရေရဲ့ ၆၀% လောက်ပဲ လက်လှမ်းမှီပါတယ်။

ကျန်တဲ့ ၄၀% ကတော့ ကျမတို့ နိုင်ငံတကာကနေ လူပုဂ္ဂိုလ်တဦးချင်းစီကနေပြီးတော့ သူတို့က အွန်လိုင်းဒိုနေ ရှင်း (online donation) ကနေတဆင့် လှူဒါန်းတဲ့ပေါ်မှာ ကျမတို့က အရေးကြီးဆုံးနေရာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာမှာဖြစ်စေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာမှာဖြစ်စေ အခြေခံကျဆုံး ပိုင်းတွေလောက်ကိုပဲ ကျမတို့ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့ထက်ပိုပြီး ပြည့်ပြည့်ဝဝ စုံစုံလင်လင်ကိုတော့ ကျ မတို့ ဆောင်ရွက်မပေးနိုင်သေးပါဘူး။ အထူးသဖြင့်တော့ မဲဆောက်ဆေးရုံကြီးကို လွှဲပြောင်းပေးရမယ့် လူနာ အခြေအနေမျိုးတွေ၊ ဒါမှမဟုတ် ကလေးများအတွက် အာဟာရပြည့်ဝလုံလောက်ဖို့ဆိုတဲ့ အခြေအနေအားလုံး ကို လက်လှမ်းမှီအောင်တော့ ကျမတို့ မလုပ်ပေးနိုင်သေးပါဘူး။

ဆေးခန်းစတည်ထောင်ခါစတုန်းက ထောင်ဂဏန်းကနေပြီးတော့ အခု အနှစ် (၂၀) ကြာတဲ့အချိန် မှာ သိန်းဂဏန်းအထိ လူနာဦးရေများလာတာ ဘာကြောင့်ပါလဲ။

ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ ဗမာပြည်သူလူထုတွေရဲ့ အခြေအနေကတော့ အရင်ထက်စာရင် ပိုပြီးတော့ဆိုး လာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ အလုပ်လုပ်ဖို့လာတဲ့ လူတွေလောက်ပဲပေါ့နော်။ နောက်ပိုင်းကျ တော့ မိသားစုအလိုက် လာကြတာတွေ့ရသလို အခု ဒီ ၂၀၀၅ ခုနှစ်နောက်ပိုင်းလောက်မှာဆိုရင်တော့ တချို့ တွေက ရွာတွေကို အပြီးအပိုင် စွန့်ခွာလာကြတဲ့အဆင့်ထိ တွေ့ရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ပြန်ဖို့ဆန္ဒရှိ ကြရင်တောင် ဘယ်ချိန်ပြန်မလဲဆိုတဲ့ မျှော်လင့်ချက်တွေတောင် မထားနိုင်တဲ့ အခြေအနေတွေကိုလည်း တွေ့ ရတာပေါ့နော်။

နောက်ပြီးတော့ ပြည်တွင်းထဲကလာတဲ့ လူနာတွေအနေနဲ့ကျတော့လည်း ဆေးဝါးလာရောက်ကုသတဲ့အခါမှာ စောစောစီးစီးကို သူတို့မလာနိုင်ကြသေးပါဘူး၊ အထူးသဖြင့်တော့ လမ်းခရီးစရိတ်အခက်အခဲ၊ လုံခြုံရေးအခက် အခဲတွေကြောင့်ပေါ့နော်။ သူတို့က တအားကြီး ရောဂါပြင်းထန်မှ လာရတာမျိုး တွေ့ရတယ်။ ဆိုတော့ ရောဂါ ချင်းနှိုင်းယှဉ်လို့ရှိရင် ပိုပြီးတော့ ဆိုးရွားတဲ့ ရောဂါတွေ၊ ပိုပြီးတော့ရှုပ်ထွေးတဲ့ ပြဿနာတွေက ပြည်တွင်းထဲက လာတာ တွေ့ရတာပေါ့။

အဲဒီလို လူနာတွေ တနှစ်ထက်နှစ် တိုးလာတဲ့ကိစ္စကျတော့ ဘယ်လိုကိစ္စမျိုးတွေအပေါ်မှာ အခြေခံ ပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဆရာမအနေနဲ့ ယူဆရပါသလဲ။

ဒီလို လူနာတိုးပွားလာတယ်ဆိုတဲ့ အကြောင်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုအရပေါ့နော် ပြည်တွင်းထဲ မှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာပဲဖြစ်စေ၊ အထူးသဖြင့်တော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက်၊ သို့မဟုတ် အတည်တ ကျနေထိုင်ရတဲ့ ပြည်သူတွေအတွက်သာမကဘူး ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ အချိန်မှာတောင်မှ ကျမတို့အ တွက်ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မခံယူနိုင်တဲ့အတွက်ကြောင့်၊ လုံလုံလောက်လောက် မရရှိ မှုအတွက်ကြောင့် ဒီဘက်ထိကို ရောက်ရှိလာတာလဲဖြစ်သလို၊ ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ များလာတယ်။ လုပ်ငန်း တွေ တိုးချဲ့လာတဲ့အခါမှာ ဒီလိုလုပ်ငန်းတခုကို တိုးချဲ့လာတိုင်း၊ လုပ်ငန်းတခုကို တည်ဆောက်တိုင်းမှာ ဒီလုပ် ငန်းအပေါ်မှာ ဒီဝန်ဆောင်မှုပေါ်မှာ ခံယူဖို့ လူတွေကလည်း အဆင်သင့်ရှိနေတယ်ဆိုတာကို ပြောလိုက်တာပါ ပဲ။ ဥပမာအားဖြင့် မိဘမဲ့ကလေးကျောင်းတကျောင်း ဖွင့်လိုက်ရင်လည်း ကလေးတွေအများကြီး ရောက်လာမှာ ပဲ။ ငှက်ဖျားဌာန ဖွင့်ရင်လည်း ငှက်ဖျားရောဂါသည်တွေ ရောက်လာမယ်၊ ခြေတုလက်တုဌာန ဖွင့်လိုက်ရင် လည်း ခြေတုလက်တု လာတပ်ကြမယ်ဆိုတော့ ကျမတို့နိုင်ငံရဲ့ အခြေနေကတော့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုထောက်ပံ့မှုတွေအားလုံးက ကျမတို့ပြည်သူလူထုတွေအတွက် ဘာမှမရှိဘဲနဲ့ ဆိတ်သုဉ်းနေတယ်ဆိုတာ ပြနေတာပါပဲ။
(ရိုးမ ၃ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

No comments: