Sunday, January 11, 2009

အန်အယ်လ်ဒီနှင့် ဆရာဦးဝင်းတင်ကိုယ်စား DPA သတင်းဌာနသို့ ကန့်ကွက်ရန် အတိုက်အခံများသို့ ပန်ကြားချက်

(အီးမေးလ်သို့ ရောက်ရှိလာသည့် နှိုးဆော်စာကို တင်ဆက်ပေးခြင်းဖြစ်ပါသည်)

၂၀၀၈ ခု နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် ရန်ကုန် DPA သတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်က စာရေးကန့်ကွက်ခဲ့သည်။ သို့သော် ရန်ကုန် DPA သတင်း ထောက် ကိုကို(စက်မှုတက္ကသိုလ်) သည် နအဖ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း၏လူ ဖြစ်နေသည့်အတွက် မည်သူကမျှ ထိထိရောက်ရောက် အရေးမယူရဲ ဖြစ်နေသည်။

ဂျာမဏီအခြေစိုက် DPA သတင်းဌာနကို အသုံးချပြီး အန်အယ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် DPA သတင်းထောက် ကိုကို(စက်မှုတက္ကသိုလ်)အား DPA မှ ဖြုတ်ပြီး နအဖနှင့် မပတ်သက် သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် DPA သတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိအားပေးစေ လိုပါသည်။ အထူးသဖြင့် အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) တာဝန်ရှိသူများက ဦးဆောင်ကန့်ကွက်လျှင် ပိုသင့်တော်မည် ထင်ပါသည်။

အောက်ဖော်ပြပါ အသင့်ရေးပြီး စာနမူနာကို ကူးယူ၍ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ဂျာမဏီနိုင်ငံ DPA သတင်း ဌာနများသို့ အီးမေးဖြင့် ပထမဆင့် ပေးပို့ကန့်ကွက်ကြပါရန် ကမ္ဘာတ၀ှမ်းမှ အတိုက်အခံများအား ဆရာကြီးဦး ၀င်းတင်နှင့် အန်အယ်လ်ဒီကိုယ်စား အလေးအနက် မေတ္တာရပ်ခံပါသည်။ DPA သတင်းထောက် ကိုကို(စက်မှု တက္ကသိုလ်) အား အရေးမယူလျှင် ကမ္ဘာတ၀ှမ်းရှိ DPA ရုံးများအား ဆန္ဒပြကန့်ကွက်ရန် နှိုးဆော်ပါသည်။

အီးမေးပို့ရာတွင် ဆရာဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ထိုးထားသည့် အင်္ဂလိပ်ဘာသာပြန်စာကိုပါ ပူးတွဲ ပေးပို့ စေလိုပါသည်။ ပေးပို့ရမည့် DPA အီးမေးလိပ်စာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ Managing Editor
mccormack.eva-maria@dpa.com

၂။ Editor
bangkok@dpa.com

(DPA သတင်းဌာသို့ ကန့်ကွက်ရမည့် စာနမူနာ)

To: The Editor
Deutsche Presse-Agentur
Editorial Desk
8 th, Floor, Bangkok Post Bldg.
136 Na Ranong Road, Klong Toei
Bangkok
Phone: +662 6713165
Fax: +662 6713169
Email: bangkok@dpa.com

Re: Calling for severe action against your unethical stringer in Rangoon, Burma

Dear Sir,

Your stringer in Rangoon had reported a false news story on 30th November, 2008 in an attempt to bring discredit on the National League for Democracy (NLD), a leading opposition party of Burma. In his same news report, the DPA stringer had also attempted to damage the image of U Win Tin, one of the members of CEC of NLD and well respected journalist-turned-politician (see attached translated letter from U Win Tin).

Ko Ko, the DPA stringer in Rangoon, is widely known as one of the cronies of the Burmese regime. We are surprised to see how this kind of scumbag has been appointed as a stringer by a reputed news organization like DPA. In order to discredit the image of the NLD, the DAP stringer of Rangoon is apparently doing hatchet jobs in collaboration with the Minister of Information, Burma.

Unless DPA has fired and replaced it's stringer in Rangoon with a new guy unrelated to the regime, we, the Burmese opposition, have prepared to organize a series of worldwide campaigns to protest against DPA including your office in Bangkok.

Yours sincerely,

-----------------------------

-----------------------------

(Type your name and country here)

ဆရာဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ထိုးထားသည့် အင်္ဂလိပ်ဘာသာပြန်စာ
DPA and DPA-Contact List

4 comments:

Forrest Gump said...

Company ဌာနခွဲလေးတစ်ခု က ဝန်ထမ်း
Editor ကို Sir တွေပါတွေတပ်ခေါ်လို့
ရိုသေလိုက်ကြတာ။ ခွိ..ခွိ..
အမေယီးကားမှာတော့ company CEO ကိုတောင် Mr. ဘယ်သူစသည်ဖြင့် လောက်ပဲခေါ်ကြတာ။ ဗမာတွေယဉ်ကျေးတယ်ဆိုတာ
ဒါမျိုးကိုဂုဏ်ယူကြတာလားမသိဘူး၊ ခွိ..ခွိ..

Unknown said...

KO KO from DPA has already got a car from government for writing false and created news as regards U Win Tin

Unknown said...

စာရေးဆရာကြီး ကိုကို( စက်မှု့ တက္ကသိုလ်)ကို မြန်မာလူငယ်တိုင်းက လေးစားတါံ စာရေးဆရာပါ၊ ဦးဝင်းတင်ဆိုတာ တိုင်းပြည်ကို ဆူအောင်လုပ်တဲ့ နိုင်ငံေ၇း သမားပါ. ဒီမိုတွေက လွဲလို့ ဘယ်သူမှ မလေးစားပါဘူး၊ သူ့ အတွေး အခေါ်တွေကလဲ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း မဟုတ်ဘဲ အစိုးရ အပေါ်နာကျည်းချက်အပေါ် အခြေခံထားတဲ့ အတွေးတွေ ဖြစ်ပါတယ်။ ကိုကို ( စက်မှု့ တက္ကသိုလ်) ဟာ မြန်မာ လူငယ်တွေရဲ့ မြင်ဆရာ၊ ကြားဆရာ ဆိုလဲ ဟုတ်ပါတယ် ခင်ဗျာ၊

Unknown said...

အဲ့ဒိကမ်ပိန်ကို ဖော်ပြပေးတဲ့အတွက် ကျေှးဇူးတင်ပါတယ်ဆရာ။ အထက်ပိုင်းကိုဘြဲ တိုက်နေလို့ မပြီဘူးဗျ။ အဲ့လို ထောက်တိုင်တွေကိုလဲ ဖြိုနိုင်မှဖြစ်မယ်။
+++ ကော်မက်ထဲကိုတောင် နအဖနောက်လိုက်ခွေးတွေက လာဟောင်နေပါလားဗျ။