အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့်
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား
(ဓာတ်ပုံ - BDD ဘလော့)
- ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ အိမ်တော်ဝင်းမှ ထွက်ခွာမည် clickကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား
(ဓာတ်ပုံ - BDD ဘလော့)
- ဆရာတော် ဦးဂမ္ဘီရကို ခန္တီးထောင်သို့ ရွှေ့လိုက်ပြီ click
- ဖဲကြိုးနီဆုရ အမျိုးသမီးများအတွက် လူမှုစောင်ရှောက်ရေးအဖွဲ့ကို ထပ်ဆင့်ဂုဏ်ပြု click
- စင်္ကာပူလာသူများအတွက် အမှာစာ (ဆောင်းပါး) click
- လူလူချင်းသာ မြင်ကြပါဟု HIV နှင့် နေထိုင်သူ တိုက်တွန်း click
- ရာသီဥတု မဖောက်ပြန်ပါက ယခုနှစ်ကယားပြည်တွင် ဘိန်းအထွက်တိုးမည် click
- တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံဝန်ထမ်းများ၏ ဒုက္ခများ၊ အိမ်ရာနေထိုင်ခ သုံးဆတက် click
- ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများအကြား ပေါက်ကွဲမှုဖြစ်၊ ၅၀ ဒဏ်ရာရ click
- မြန်မာနိုင်ငံ အေအိုင်ဒီအက်စ် အခြေအနေ click
- အခြေခံဥပဒေကို မပြင်လျှင် ရွေးကောက်ပွဲမ၀င်နိုင်ဟု အန်အယ်လ်ဒီ ပြောကြား click
- စစ်အုပ်စုက ရွေးကောက်ပွဲအတွက် အပြီးသတ် ပြင်ဆင်နေသည့် လက္ခဏာများ click
- UNICEF: some 240,000 people infected with HIV in Myanmar click
- Oxfam reaches 840,000 people with vital relief in Myanmar click
- The unquenchable fire in Burmese hearts click
- Myanmar chief of staff visits China click
မြန်မာအမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့ ဖဲကြိုးနီဆု ရရှိ
သတင်း - အာရ်အက်ဖ်အေ (၃၀-၁၁-၀၈)
၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပါဝင်တဲ့ အဖွဲ့ပေါင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ် ရောဂါဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အင်ဂျီအို လူမှုအဖွဲ့အစည်းတွေကို ချီးမြှင့်နေ တဲ့ ဖဲကြိုးနီဆုကို ဒီနှစ်အတွက် အဖွဲ့ပေါင်း (၂၅) ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က Social Action for Women အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာအဖွဲ့အစည်းလည်း ပါဝင်ပါ တယ်။ ဒီဆုကို လက်ခံရရှိတာဟာ မြန်မာပြည်က ရောဂါဝေဒနာရှင်တွေမှာ အကူအညီမဲ့နေတာကို နိုင်ငံတကာ ကသိအောင် ဖော်ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ အဖွဲ့ကို ဦးစီးတည်ထောင်သူတဦးဖြစ်တဲ့ ဒေါ်အေးအေးမာ က ပြောပြပါတယ်။သတင်း - အာရ်အက်ဖ်အေ (၃၀-၁၁-၀၈)
အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ပေးအပ်သော ၂၀၀၈ ခုနှစ် ဖဲကြိုးနီဆုပေးပွဲတွင် အမျိုးသမီးများ လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW မှ ဒေါ်အေးအေးမာ မိန့်ခွန်းပြောကြားနေပုံ (Photo: RFA)
ဒေါ်အေးအေးမာ ။ ။ ဒီဆုကိုပေးခြင်းက မြန်မာနိုင်ငံမှာ အခုဆိုရင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ ပတ် သက်ပြီးတော့ ပိုများလာတယ်၊ ကုသမှုတွေ ပိုပြီးတော့ လိုအပ်နေတယ်ဆိုတဲ့အကြောင်း မကြာခင်က MSF က ထုတ်ပြန်တဲ့ စာရင်းဇယားအရလည်း သိရတယ်။ အဲတော့ ဒီလိုမျိုးပေးခြင်းဟာ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ဝေ ဒနာသည်တွေများနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြရာလည်း ရောက်တယ်။ ဒီလိုပေးခြင်းအားဖြင့် မြန် မာနိုင်ငံမှာ ဝေဒနာရှင်တွေဟာ အကူအညီမဲ့နေတယ်ဆိုတာကိုလည်း ပြသရာရောက်တယ်လို့ ကျမအနေနဲ့ ယူ ဆပါတယ်။ဒီဆုကို ပူးတွဲလက်ခံရရှိတဲ့ ထိုင်းအင်ဂျီအို အမျိုးသမီးအဖွဲ့အစည်း Empower အဖွဲ့နဲ့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကိုဂုဏ်ပြုတဲ့အနေန့ ကျင်းပတဲ့ အခမ်းအနားတခုကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့က လူစည်ကားတဲ့ ပန်းခြံတခုမှာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေကုန် ကျင်းပခဲ့ပါ တယ်။ ဒီအခမ်းအနားမှာ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဒေါ်အေးအေးမာနဲ့ စ ကားပြောခွင့်ရပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အေးအေးမာက အာရ်အက်ဖ်အေ ကို အခုလို ရှင်းပြပါတယ်။
ဒေါ်အေးအေးမာ ။ ။ ကျမတို့ စောက်ရှောက်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးတွေဆိုတာ သူတို့ဘယ်က ရော ဂါရလာလဲဆိုရင် မြန်မာပြည်အတွင်းပိုင်းကနေ ရောဂါတွေ ရလာကြတယ်။ တချို့ကလေးတွေဆိုရင် ရောဂါဖြစ် တယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ သွေးစစ်တာတွေ ကုသတာတွေ မရှိဘူး။ ဆေးပေးတာတွေ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေကြောင့် ဒီထိုင်းနိုင်ငံဖက်ကို ကူးပြီးလာပြတယ်။ လာပြမှ ဒီဖက်မှာရှိတဲ့ မယ်တော်ဆေးခန်းတို့ MSF တို့ ရောက်တော့မှ ဒီရောဂါတွေ ကူးစက်နေမှန်း သိရတယ်။ အဲဒီအခါမှာ သူတို့အတွက် ဆေးဝါးလိုအပ် တယ်။ ဒီအေအာရ်ဗွီဆေး လိုအပ်တဲ့အခါကျတော့ လစဉ်ပုံမှန် မြန်မာပြည်ထဲမှာလည်း ၀ယ်မတိုက်နိုင်ဘူး။ ဒီ ကိုလည်းမကြာခဏလာဖို့ လမ်းစရိတ်မရှိဘူး။ ကုသဖို့လည်း စရိတ်မရှိဘူး။ အဲဒီအခါမှာ ဒီကလေးတွေကို တ ချို့ကလေးတွေဆိုရင် မိဘတွေရှိတယ်။ ဒါပေမယ့် အဲဒီကလေးတွေကို ထားပစ်ခဲ့ရတယ်။ အဲလိုကလေးမျိုးတွေ ကို ကျမတို့ စောင့်ရှောက်ထားရတယ်။
ဒီအခမ်းအနားကို ထိုင်းနိုင်ငံက အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် အများအပြား တက်ရောက်ခဲ့ ကြပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment