- သန်းရွှေရဲ့ နောက်ဆုံးနေ့ရက်များ (ဆောင်းပါး) click
- ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်ကို သွားမည် click
- မြန်မာ့ကျောက်စိမ်းနဲ့ပတ္တမြား အသွင်းအထုတ် တားဆီးမိန့် ပထမဆင့် စတင် click
- အရင်နှစ်တွေက စပါးထွက်နှုန်းရဲ့ ၃ ပုံ ၁ ပုံ လောက်ပဲ ထွက်နိုင်မည် click
- ကမ္တာ့ဆရာ/ဆရာမများနေ့ အထိမ်းအမှတ် အခမ်းအနား မဲဆောက်မှာကျင်းပ click
- ကေအန်ယူတပ်တွေ ထိုင်းဖက်က ကရင်ကျေးရွာကို ကျူးကျော်တယ်လို့ ထိုင်းစွပ်စွဲ click
- ကလေးစစ်သား စုဆောင်းတာတွေ သြဂုတ်လထဲမှာ ၂မှု သိရှိရ click
- မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ထပ်မံ ရုံးထုတ် click
- မန္တလေးက နိုင်ငံရေးတက်ကြွတဲ့ သံဃာတွေ ရှောင်တိမ်းနေရ click
- မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီရန် အဝေးရောက် ညွန့်ပေါင်းအစိုးရ တိုက်တွန်း click
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး ငွေစက္ကူပေါ်မှာ စာရေးဖြန့်ဝေ click
- နိုင်ငံရေးအကျဉ်းသားများအပေါ် စည်းကမ်း ထပ်မံတင်းကျပ် click
- ဒေါ်အောင်ဆန်းစုကြည် မျက်စိအထူးကု ဆရာဝန်နှင့် ပြသစစ်ဆေး click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလသမဂ္ဂ မဟာမင်းကြီးသစ် တောင်းဆို click
- “ပြောင်းလဲလိုက်ဖို့ ကျနော်တို့ ၀န်မလေးဘူး” - ဘီဘီစီနှင့် ဦးဝင်းတင် ဆက်သွယ်မေးမြန်းချက် click
- ဒေါ်မေရှင် အမှတ်တရ (၄) click
- ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၁၀) click
- ယမန်နေ့က မတ္တရာအဖွဲ့ချုပ်ဝင် (၅)ဦး ပြန်လွတ်၊ အသက် (၇၀)ကျော် တဦးကျန် click
- ဦးညီပု၏ ကျန်းမာရေးအခြေအနေ လာမည့် တနင်္လာနေ့တွင် သိရမည် click
- ဒေါ်အောင်ဆန်းစုကြည် မျက်စိဆရာဝန်နှင့် တွေ့ဆုံ click
- အဖွဲ့ချုပ်လူငယ် ကိုမြသန်းထိုက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် click
- မြင်းခြံထောင်မှ စိုင်းမျိုးဝင်းထွန်း ဆေးရုံတင်ထား click
- ဒီချုပ်လူငယ် ကိုအောင်မိုးလွင် မသေ၍ ဒီချုပ် ၀မ်းမြောက် click
- ဦးညီပု တခုခုဖြစ်ရင် အာဏာပိုင်တွေရဲ့ တာဝန်သာဖြစ်ဟု ရခိုင်အဖွဲ့ချုပ်ပြော click
- နာဂစ်ငါးလပြည့်ပြီး ဦးအုန်းကြိုင်း ဖမ်းဆီးခံရ click
- နာဂစ်ငါးလကြာအထိ အလှူငွေ ဒေါ်လာသန်း(၂၄၀)ထက် ပိုမရသေး click
- ဖျာပုံမြို့ပေါ်မှ တယ်လီဖုန်းလိုင်း ပြန်တပ်ခ ဆက်သွယ်ရေးမှ ငွေညှစ် click
- စက်တင်ဘာလှုပ်ရှားမှု ၈၈ ကိုသားကြီး ထောင် ၉နှစ် ချခံရ click
- ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ကားမထွက်လို့ဆိုပြီး ကားမောင်းသူရဲ့ လိုင်စင်ကိုသိမ်း click
- နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင် click
- တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပွဲတော် ကျင်းပနေ click
- သံလက်သီးအမှုတွင် ဖမ်းဆီးခံရသူ ၅ ဦး ပြန်လွတ်လာ click
- Eye Doctor Examines Burmese Opposition Leader Aung San Suu Kyi click
- Aftermath of a Revolt: Myanmar’s Lost Year click
- Burma plans offshore oil exploration with Vietnam click
- Myanmar military chief due in Dhaka click
သတင်း - ရိုးမ ၃
ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့နှစ်ဦးအား ဘားလမ်းအချုပ်တွင် အာဏာပိုင်များက ရိုင်းစိုင်းစွာ ပြောဆိုရိုက်နှက်ခဲ့ကြပြီး ပြီးခဲ့သည့်လ (၂၉) ရက်နေ့က မြောက်ဒဂုံတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့သည်။
“ထောက်လှမ်းရေးနဲ့ SB အယောက်နှစ်ဆယ်က ကိုမိုးထက်လျှမ်းကို ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး ကြမ်းကြမ်း တမ်းတမ်း ပါးရိုက်တယ်၊ အလှည့်ကျ တယောက်ပြီးတယောက် စစ်နေတာ၊ နံပါတ်တုတ်နဲ့လည်း ရိုက်တယ်၊ ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်ကတက်လှိမ့်တာ အဲလိုတွေကို လုပ်တာ”ဟု မိသားစုဝင်တဦးက ပြော သည်။
အာဏာပိုင်များက ကိုမိုးထက်လျှမ်းအား ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ ယောက် ဖတော်စပ်သည့်အတွက် အငြိုးအတေးများဖြင့် ပြောဆိုပြုမူဆက်ဆံခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
“အောင်ကိုကိုလွင်ကိုတော့ အာဏာပိုင်တွေက အခုပြန်စည်းရုံးနေတယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မှာ၊ အဲဒါ မင်းက အစိုးရသက်သေလုပ်ရင် လွှတ်ပေးမယ်ဆိုပြီး အတင်းဖြောင့်ချက်ပေးခိုင်း နေတာ”ဟု မိသားစုဝင်က ပြောသည်။
အာဏာပိုင်များက ကိုအောင်ကိုကိုလွင်အား တရားသူကြီးရှေ့တွင် ကြိုတင်အစစ်ဆေးခံချက်ဆိုပြီး အရင်ထွက် ချက်တွေကို ပေးခိုင်းကာ စည်းရုံးမှုများပြန်လုပ်နေတယ်ဟု ဆက်ပြောသည်။
“အောင်ကိုကိုလွင်ကို (၁၁) ရက်နေ့က မိတ္ထိလာကနေဖမ်းတာ၊ စိုးလွင်နဲ့ ရဲညွန့်တို့လည်း ပါတယ်၊ (၁၂) ရက်နေ့မှာ ညောင်ဦးလေဆိပ်ကနေ လေယဉ်နဲ့ခေါ်လာတာ၊ မိုးထက်လျှမ်းကို (၇) ရက်နေ့ကနေ (၂၆) ရက်နေ့ ထိ စစ်တယ်၊ အောင်ကိုကိုလွင်ကို (၁၂) ရက်နေ့ကနေ (၂၆) ရက်နေ့ထိ စစ်တာ”ဟု မိသားစုဝင်က ဆက်ပြော သည်။
လှိုင်မျိုး၊ ကျော်မျိုးထက်၊ စိုးလွင်နှင့် ရဲညွန့်တို့ လေးဦးအား (၁၂) ရက်နေ့တွင် မြောက်ဒဂုံရဲစခန်းသို့ ပြောင်း ရွှေ့ချုပ်နှောင်ထားပြီး (၂၆) ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ (၃၀) ရက်နေ့မှ စတင်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။
ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့အား မြောက်ဒဂုံတရားရုံးမှ လာမည့် (၁၀) ရက်နေ့တွင် ထပ်မံစစ် ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်သည်။
သတင်း - ရိုးမ ၃
အရှင်ဂမ္ဘီရ၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ရှိန်အား လျှောက်လဲချက်ပေးမရအောင် တရားသူကြီး၊ ဥပဒေဆွဲချနှင့် စာရေးမ ၂ ဦးက ဝိုင်းနှောင့်ယှက်သဖြင့် အရှင်ဂမ္ဘီရနှင့် စကားအချေအတင်များခဲ့ကြသည်။
“ဦးဇင်းက အဲဒီမှာ ထပြောတာ၊ ငါ့ရှေ့နေကို ဘာမှ အတင်းအကြပ် ပြောနေစရာမလိုဘူး၊ ငါ (FDB) နဲ့လည်း အဆက်အသွယ် လုံးဝမရှိဘူး၊ တရားခွင်မှာ ဒီလိုအနိုင်မကျင့်နဲ့၊ မကျေနပ်ရင် ကြိုးပေးလိုက်ကွဆိုပြီး ပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။
အာဏာပိုင်များက အရှင်ဂမ္ဘီနှင့် ရွှေဝါရောင်တော်လှန်ရေးအား နာမည်ဖျက်ရန်အတွက် အမျိုးမျိုး လုပ်ဆောင် နေလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“အာဏာပိုင်တွေက ဦးဇင်းရဲ့ညီအရင်း အောင်ကိုကိုလွင်ကို စည်းရုံးနေတာ၊ သူတို့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဦးဇင်းတို့ကို နာမည်ဖျက်မယ်၊ ဖောက်ခွဲရေးပုဒ်မတွေနဲ့တပ်ပြီး လုပ်ချင်နေတာ”ဟု မိသားစုဝင်က ပြော သည်။
အာဏာပိုင်များက အရှင်ဂမ္ဘီရ၏ နှမဖြစ်သူအား ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းများ မပြုလုပ်ရန် လက်မှတ် ထိုးခိုင်းသည့်အတွက် လက်မှတ်ထိုးပေးခဲ့ကြောင်း မိသားစုဝင်က ဆက်လက်ပြောဆိုခဲ့သည်။
အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ဦးဇင်း နေမကောင်းဖြစ်တယ်၊ အခုတော့ သက်သာ သွားပါပြီ၊ စိတ်ညစ်စရာတွေများတော့ ပင်ပန်းသွားပြီးဖြစ်တာ”ဟု ဆက်လက်ပြောသည်။
No comments:
Post a Comment