ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေ ခံစားခဲ့၊ ခံစားနေရဆဲ အနှစ် (၂ဝ) နိုင်ငံရေးဝဋ်ဒုက္ခကို ကင်ပွန်းတပ် ရရင် ဆရာမြသန်းတင့်ရဲ ဘာသာပြန်ဝတ္ထု ခေါင်းစီးနဲ့ ခပ်ဆင်ဆင် ဖြစ်လိမ့်မယ်။ ပြင်သစ်ပန်းချီကျော် ဂေါ်ဂင် အကြောင်း ရေးထားတဲ့ Gorhan ရဲ့ The Gold of their Bodies ဝတ္ထုစာအုပ်ကို ဆရာမြသန်းတင့်က ‘မှော်ရုံ တောမှာ မောလှပြီ’ ဆိုတဲ့နာမည်နဲ့ ဘာသာပြန် ထုတ်ဝေခဲ့တယ်။ အခု ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံး ခံစားနေရတဲ့ နိုင်ငံရေး ဝဋ်ဒုက္ခကလည်း အဲဒီနာမည်နဲ့ ခပ်ဆင်ဆင် ‘မျှော်ရုံတောမှာ မောလှပြီ’ လို့ ဆိုရမှာပါ။
နဝတစစ်အုပ်စုအာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ကစလို့ ကျနော်တို့အားလုံး ၉ဝရွေး ကောက်ပွဲကို မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ နေအိမ်အကျယ်ချုပ်က ဘယ်တော့ လွတ်မလဲ မျှော်ရ၊ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ မဲအပြတ်အသတ်နဲ့ နိုင်တော့ အစိုးရဘယ်တော့ဖွဲ့မလဲ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့အခါ ဘာဆက်လုပ်မလဲ မျှော်ရ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ ပေါ်လာတော့ ပြည်သူ့လွှတ်တော် ဘယ်တော့ခေါ်မလဲ မျှော်ရ၊ ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ရာဇလီအစ္စမေးလ်ကို ကိုယ်စားလှယ်လွှတ်တော့ စစ်အုပ်စုနဲ့ လူထုခေါင်း ဆောင် တွေ့ဆုံဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ အကြိမ်ကြိမ်အခါခါ မျှော်ရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်း ဆောင်တွေ လက်ဆွဲနှုတ်ဆက်တာ မြင်ရပြန်တော့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်တော့မလား မျှော် ရ၊ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပေါ်လိုဆာဂျီရိုပီညဲရိုးလာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လေမ လား မျှော်ရ၊ ဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြန်တော့ ကျန်ခဲ့တဲ့ အန်အယ် လ်ဒီ ဗဟိုကော်မတီ ဘယ်လို ဆက်လက်တိုက်ပွဲဝင်မလဲ မျှော်ရ၊ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တော့ အ တိုက်အခံ လက်နက်ကိုင်အင်အားစုတွေ ဝင်ကယ်နိုး မျှော်ကိုးကြ၊ ရွှေဝါရောင် အရှိန်မြင့်ဆဲ ဒုတိယမြောက် ကု လကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ လာမယ်ဆိုပြန်တော့ ဘာများထူးခြားမလဲဆိုပြီး တိုက်ပွဲကို အရှိန် သပ်ပြီး မျှော်ပြန်ကြ … အဲဒီလိုနဲ့ ဘန်ကီမွန်းကို မျှော်၊ ဂျော့ဘုရှ်ကို မျှော်၊ ကုလသမဂ္ဂတပ်ကြီးကို မျှော်နဲ့… မျှော်ရုံတောမှာ မောခဲ့ရတဲ့ ကျနော်တို့ရဲ့ ဇာတ်လမ်းရှည်ကြီးဟာ အနှစ်နှစ်ဆယ် ပြည့်လုပြည့်ခင်။
နောက်ဆုံးမျှော်ခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ကတော့ အခုအထိ ပဟေဠိဖြစ်နေကြဆဲ၊ ငြင်းခုန်နေကြဆဲ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ခွင့်မရဘဲ ပြန်သွားရတဲ့ ဂမ်ဘာရီရဲ့ ခရီးစဉ်ပါပဲ။ ဒီတခါ ခရီးစဉ်အပြီး ထူးခြားတာတခု ကတော့ မြန်မာပြည်သူတွေနဲ့ အတိုက်အခံအင်အားစုတွေဟာ မျှော်ရုံတောမှာ မောခဲ့ရတဲ့ အဖြစ်သနစ်တွေကို သည်းမခံနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ သံပြိုင်လုပ်လာကြတာပဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဂမ်ဘာရီကို တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်လိုက်တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှု အပါအဝင် ဘယ်လို မျှော်ကိုးမှုမျိုးကမှ အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာကို အချက်ပြလိုက် သလို ဖြစ်သွားလို့ အခုလို တူညီတဲ့ ဝေဖန်ပြောဆို သံတွေထွက်ပေါ်လာတာလို့ ထင်မိပါတယ်။
ဝေဖန်မှုတွေထဲမှာ ကုလသမဂ္ဂအဖွဲ့ကြီး၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အထူးကိုယ်စားလှယ် ဂမ်ဘာရီတို့ ကိုပါ နအဖကို ဝေဖန်ပြစ်တင်တဲ့နည်းတူ ပြင်းပြင်းထန်ထန် ပြောဆိုထောက်ပြလာကြတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း ဘန်ကီမွန်းနဲ့ ဂမ်ဘာရီတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ မူလလုပ်ငန်းစဉ်တွေဖြစ်မြောက်အောင် နအဖကို ဖိအားပေး ဆောင် ရွက်ဖို့ မကြိုးစားတော့ဘဲ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကိုသာ အမြန်ဆုံး အဆုံးသတ်ဖို့ တွန်းအားပေး ဆောင်ရွက်နေတဲ့အတွက် အခုလို ဒေါသတကြီး ပြစ်တင်ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် နအဖက တဘက်သတ် ရေးဆွဲထားတဲ့ စစ်ကျွန်သက်ရှည်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားပေးမယ်လို့ တိုက်တွန်းပြောဆိုတဲ့အပေါ် အန်အယ်လ်ဒီ အပါအဝင် အတိုက်အခံအင်အားစုတွေက ဒေါသတကြီး တုံ့ပြန်ကြတာ ဖြစ်ပါတယ်။
ပြောရရင် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေအပေါ် မြန်မာပြည်သူတွေနဲ့ အတိုက်အခံတွေ အခုလို ဒေါသ သင့်လာကြတာကို အပြစ်မဆိုသာဘူးလို့ ပြောရပါမယ်။ ဆယ်စုနှစ်တစုနီးပါး ရှိတော့မယ့် ကုလသမဂ္ဂရဲ့ ကြား ဝင်ဆောင်ရွက်မှုတွေဟာ ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေ လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး လမ်း ကြောင်းပေါ်ကနေ သွေဖည်သွားပြီး စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အချိန်ဆွဲ လုပ်ဆောင်ပေးသလို ဖြစ် လာတာကို အထင်အရှား တွေ့ရလို့ပါ။
၂ဝဝဝ ပြည့်နှစ် ဧပြီလမှာ ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က မလေးရှားနိုင်ငံသား ရာဇလီ အစ္စမေးလ်ကို မြန်မာ့နိုင်ငံရေးမှာ ကြားဝင်စေ့စပ်ပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ခန့်ခဲ့တယ်။ မြန်မာပြည်ကို (၁၂) ကြိမ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ ဟန်ပြတွေ့ဆုံမှု နှစ်ကြိမ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတယ်။ နှစ်ဘက်အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုရဲ့ အချိန်ဆွဲမျက်နှာပြောင်တိုက်တာကို ခံရပြီး မအောင်မမြင်နဲ့ ဆုတ်ခွာခဲ့ရပါတယ်။
ဒါ့အပြင် ရာဇာလီဟာ စစ်အုပ်စုလက်အောက်မှာ ကုမ္ပဏီတွေဖွင့်ပြီး အကျိုးတူ စီးပွားရေး လုပ်ဆောင်တာကို ဖော်ကျွန်းမဂ္ဂဇင်းက ဖွင့်ချလိုက်လို့ အရှက်တကွဲဖြစ်ပြီး နောက်ဆုံးမှာ ကုလအထူးကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ခဲ့ရပါတယ်။ သူနုတ်ထွက်ခဲ့တဲ့ နောက်ပိုင်း သူ့ရဲ့နေရာကို နိုက်ဂျီးရီးယားနိုင်ငံသား မစ္စတာဂမ်ဘာ ရီက ဆက်ခံဆောင်ရွက်ရာကနေ အခုလို အယုံအကြည်မဲ့ရတဲ့ အခြေအနေအထိ ဆိုက်ရောက်ခဲ့ရတာပဲ ဖြစ်ပါ တယ်။
နာဂစ်အရေးတုန်းက နိုင်ငံရေးကိစ္စ မပြောပါဘူးဆိုပြီး ရောက်လာတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဗိုလ်သန်းရွှေနဲ့တွေ့တော့ လမ်းပြမြေပုံကို အမြန်အဆုံးသတ်ဖို့ တိုက်တွန်းခဲ့ပြန်လို့ အတိုက်အခံအင်အားစုတွေ အထူးဒေါသထွက်ခဲ့ကြပါသေးတယ်။
တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ပုံပြီးအားကိုးလို့ မရဘူး၊ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာကို သတိပေးသူတွေ ပေးခဲ့ကြပေမယ့် မျှော်သူတွေက အများစုဖြစ် ခဲ့ကြတာမို့ တကယ်တမ်း လူထုတိုက်ပွဲဖြစ်လာတဲ့အခါ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဘာမှပြင်ဆင်ထားခြင်း မရှိတာကို ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အထင်းသားတွေ့ခဲ့ရပါပြီ။ မျှော်တော်ယောင် နိုင်ငံရေးပဲ လုပ် နေခဲ့ကြတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာပါ (အပြစ်ပြော ပြန်ပြီဆိုလည်း ခံရဦးမှာပါ)။ အခုတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုးကြဖို့ပဲ အချက်ပြလိုက်ပြီလို့ ယူဆရ တာမို့ တိုက်ပွဲလမ်းကြောင်း ပိုပြီး ပြတ်သားရတော့မယ်လို့ ထင်မိပါတယ်။
ဒါပေမယ့် လက်ရှိအနေအထားမှာ နအဖနဲ့ အတိုက်အခံတို့ရဲ့ အဓိက ခေါင်းဆောင်နှစ်ဦး အနေအထားက အ တိတ်စိမ်းကောက်ပြီး မှန်းဆလုပ်ကိုင်နေကြရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ စစ်ဗိုလ်တွေကလည်း လူ တောမတိုးတဲ့ သူတို့ရဲ့ခေါင်းဆောင် ဗိုလ်သန်းရွှေ နေပြည်တော်တောတွင်းကနေ အသံတိတ် ညွှန်ကြားနေ တာကို မျက်တောင်မခတ် အသက်မရှူဘဲ အရိပ်အကဲကြည့် လှုပ်ရှားနေကြရသလို ကျနော်တို့ရဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အနေအထားကလည်း အကျယ်ချုပ်ချခံထားရပြီး ပြင်ပနဲ့ အဆက်အသွယ် မလုပ်နိုင်တဲ့ အနေအထားမို့ ဒေါ်အောင်ဆန်းစုကြည် ဘာဆိုလိုတယ်၊ ဘယ်လို အခြေအနေဆိုတာကို ခြံရှေ့က ဆိုင်းဘုတ်ကို ဖတ်ပြီး အတိတ်ကောက်လိုက်၊ တဆင့်ကြားတွေကို မှန်းဆတမ်းတပြီးတော့ အဓိပ္ပာယ်ကောက် လိုက် လုပ်နေရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။
ဒီမိုကရေစီရရှိရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ လက်ခံပေမယ့် ခေါင်းဆောင်မှုအပိုင်းကို တာ ဝန်ယူထားသူတွေက တိုက်ပွဲလမ်းကြောင်း ပြတ်ပြတ်သားသား ချမှတ်ပေးမှသာ တိုက်ပွဲဝင်ရတာ စုစည်းညီ ညွတ်မှုရှိပြီး ခရီးတွင်အရာရောက်မယ်လို့ မြင်မိပါတယ်။ နို့မို့ဆိုရင်တော့ တယောက်တပေါက် လုပ်ချင်ရာလုပ်နဲ့ ဇာတ်မျောကြီး ဆက်ဖြစ်နေကြဦးမှာပါ။ အဓိက တွေ့ဆုံဆွေးနွေးရမယ့် နှစ်ဘက်ခေါင်းဆောင်နှစ်ဦး အနေအ ထားကလည်း အထက်မှာ ပြောခဲ့သလို အခြေအနေမျိုးဆိုက်နေတော့ အပြင်က ဦးဆောင်မှုအပိုင်းမှာရှိနေတဲ့ အဓိက နိုင်ငံရေးခေါင်းဆောင်တွေ၊ အင်အားစုတွေအနေနဲ့ လက်တွေ့ကျတဲ့ တိုက်ပွဲလမ်းကြောင်းကို ချမှတ် ပြင်ဆင် အကောင်အထည်ဖော်မှုမျိုး၊ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးတာမျိုး မလုပ်ကြဘဲ ကိုယ့်ခေါင်း ဆောင်ရဲ့ အနေအထားကို အတိတ်ကောက်ပြီး ပြောဆိုအာလူးဖုတ်နေကြတာမျိုးတွေပဲ ဆက်လုပ်နေကြဦး မယ်ဆိုရင်ဖြင့် မျှော်ရုံတောမှာ ဆက်မောရမှာကို ရတက်မအေး ဖြစ်မိပါကြောင်း အပူအပင်စကား ပြောကြား လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Thursday, September 4, 2008
မျှော်ရုံတောမှာ မောလှပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment