Thursday, September 11, 2008

ပေးစာ

မင်္ဂလာပါ ကိုလွဏ်းဆွေရေ …

အလုပ်တွေများနေတယ်ထင်ရဲ့။
ဒီရက်ပိုင်းအတွင်းမှာ ကြားရတဲ့ သတင်းတစ်ခုအကြောင်း ပြောချင်လို့ပါ။
မြန်မာ့ရေနံဝန်ကြီးရုံးကတဆင့် ကြားရတာပါ။
ဝိသမလောဘစီးပွားရေးသမား ကိုတေဇဟာ ရေနံရှာဖွေရေးလုပ်ငန်းထဲဝင်ပြီး စီးပွားရှာဖို့ ၀န်ကြီးလွန်းသီကို ချဉ်းကပ်တဲ့အခါ ၀န်ကြီးက အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်နေပြီး အခုလက်ရှိ အကြံပေးအနေနဲ့ ဆက်လက်တာဝန်ယူထားတဲ့ ဦးမြင့်ကြည်ထံ ဆက်သွယ်လုပ်ဆောင်ဖို့ ညွှန်ကြားတဲ့အတွက် ကိုတေဇဟာ ရေနံကနေ စီးပွားရှာဖို့ ကြိုးစားလုပ်ကိုင်နေပါတယ်။ ဒါကို ၀မ်းမြောက်ဝမ်းသာနဲ့ လက်တွဲလုပ်ကိုင်မယ်ဆိုတဲ့ သတင်းတွေ မြန်မာ့ရေနံရုံးချုပ်ကနေ ကြားပါတယ်။ ကျွန်မတို့ပြည်သူတွေတော့ ဆင်းရဲတွင်းနက်သထက် နက်လာတော့မှာပါပဲ။ သူတို့တွေတော့ ချမ်းသာပြီးရင်း ချမ်းသာဖို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို စိတ်ကြိုက် ခွဲဝေ သုံးစွဲနေတော့တာပါပဲ။

ကျန်းမာပါစေ …
ရွှေဆည်းဆာ
ရန်ကုန်မြို့

No comments: