ကမ္ဘာ့ဒုက္ခတွေ ထိုင်ရှုနေတာထက်တော့
တိရိစ္ဆာန်တကောင် ဒုက္ခလျော့တာက မြတ်ရဲ့*
သူ …
အခက်ဆုံး သူ့အတ္တတွေကို
အချိန်နဲ့အမျှ ငြင်းဆန်ချေဖျက်နေရရင်း …။
သိုးအုပ်ရဲ့ ဆွံ့အတဲ့နှုတ်ခမ်းမှာ သူ့အသနားခံစကား ထည့်ပေးကာ
နတ်တို့ဆီ အသနားခံတဲ့သူဟာ အသနားကင်းတယ်*
မေမေရယ် …
မေမေ သိပ်မြတ်နိုးတဲ့ ပဒုမ္မာကြာပန်းတွေ
ခု … ကျနော်ရောက်နေတဲ့ အရပ်မှာ
နေစရာ ပန်းအိုးကလေးတွေ … မဲ့လို့ ။ ။
ကမာပုလဲ
(*) ဆရာကြီး ဆာအက်ဒွင်အန်းလ်ဒ်၏ အာရှတိုက်မှ အလင်းရောင် ကဗျာမှ (မောင်သာနိုး ဘာသာပြန်)
Tuesday, August 12, 2008
လရောင်တမ်းချင်း (ကဗျာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment