Friday, July 25, 2008

ပေးစာ (၂၅-၇-၀၈)

သူငယ်ချင်း ဗိုလ်လွဏ်း …

အခုကြားရတဲ့ သတင်းတစ်ခု ပို့ပေးလိုက်တယ်။
ငါ့အသိတစ်ယောက်က ပြောတယ်။ သူတို့ ကုမ္ပဏီမှာ အခုစာရင်းတွေ အသည်းအသန် လုပ်နေရတယ်တဲ့။
စစ်အစိုးရက ပြောတယ်။ အခုနာဂစ်မှာ သွားလှူထားတဲ့ ကုန်ကျစရိတ်ကို ဒီလကုန်မှာလား နောက်လဆန်း မှာလား တင်ပြရမယ်တဲ့။ သူတို့ပြောတဲ့ ရက်အတွင်းမှာ တင်ပြနိုင်ရင် ကုန်ကျငွေကို ပြန်ပေးမယ်ပေါ့ကွာ။ မတင်ပြနိုင်ရင် အလှူငွေအဖြစ် သတ်မှတ်မယ်။
အဲ့ဒါကို စာရင်း အချိန်မီ တင်နိုင်အောင် နေ့မအား ညမအား စာရင်းလုပ်နေရတယ်။
ငါတို့ကလည်း သွားလှူနေတော့ အချိန်မီလုပ်ဖို့ လှမ်းပြောတယ်။
ငါက ပြောလိုက်တယ်။
ငါတို့က ပြန်လိုချင်လို့ လုပ်တာမဟုတ်ဘူး။
စက်၊ ဆီ၊ မျိုးစပါး အားလုံကို အပြီးလှူတာ ပြန်မတောင်းဘူးလို့။
သူတို့ကုမ္ပဏီက သိန်းသုံးထောင်လောက် ကုန်နေတာတဲ့။
ငါက ပြောလိုက်တယ်။
အမှန်တကယ် သိန်း ၁၀၀၀ ကုန်တာကို ၁၀၀၁ သိန်း တင်ပြမိရင် ၁ သိန်းဖိုး သံသရာမှာ ခံရမယ်။
သိန်း ၁၀၀၀ ကုန်တာကို ၉၉၉ သိန်းပဲ တင်ပြရင်တော့ သံသရာမှာ ၁ သိန်းဖိုး ကုသိုလ်ရမယ်လို့။

မင်းရဲ့ သူငယ်ချင်း

1 comment:

Anonymous said...

စစ်အာဏာရူးတွေတော့ လူလည်ကျနေပြန်ပြီ.........

စာရင်းတွေရရင် အဲဒီစာရင်းပြပြီ နိုင်ငံတကာက ငွေပြန်တောင်းမလို့ဖြစ်မယ်........

သူတို့လှူတဲ့ပုံစံ သို့မဟုတ် သူတို့ ခိုင်းလို့လှူတဲ့ပုံစံမျိုးချိုးမလို့ဖြစ်မယ်.......

သံသရာမှာ ကြွေးပါတာကတော့ သူတို့အတွက် အဆန်းတကြယ် မဟုတ်တော့ပါဘူးလေ........