Friday, July 25, 2008

တန်ဖိုး (ကဗျာ)

တန်ဖိုး
မောင်ချောနွယ်

ပြန်မလာတဲ့ ခြေရာတွေပေါ်
လာနေတာ ဘယ်သူတွေလဲ
အသစ်တွေလား …
အမိုက်အမှား လိုက်စားသူတွေလား …။

ဒီမှာ …
အမှားတွေ များပြားထူထပ်လွန်း
ဒီမှာ …
အကြိုက်ချင်း မတူညီကြဖူး
လက်ခံတယ်၊
ဘ၀ချင်း မတူညီကြဘူး
လက်ခံတယ်၊
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်၊
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး။

ငါ့ဘက်က ငါ့အဘိဓမ္မာအရ
ငါဟာ
လွတ်လွတ်ကျွတ်ကျွတ်ကြီး ရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ နိုင်ချင်တယ်။

အမှန်တကယ်ပဲ
ငါပစ်ချလိုက်ပါတယ်
အမြိုက်တရား ။ ။

မောင်ချောနွယ်

No comments: