အာရုံအလျင်ထဲ
စွဲလန်းမှုသီအိုရီတွေ ရောက်ရောက်လာ
သစ်သစ်သွားကြ၊
တစ်ယောက်တစ်မျိုးစီ မှားခဲ့ကြတယ်တဲ့
သံသရာကို ချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိုးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ့်ဇာတိဆီ ပြန်ကြရတာပဲတဲ့၊
အေး …
ငါ့ဇာတိဟာ အလွမ်းဖြစ်တယ်။
ပြဇာတ်ဆန်ဆန် အရောင်အရိပ်တွေ
ငါအလွန်မုန်း
မြုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ
ဘာတွေ တွေးခေါ်နေမိမလဲ
ငါသိချင်မိ
ငါကိုယ်တိုင် မြုံးမှာ မိမှာပဲ၊
လွတ်လမ်းကိုသာ လိုချင်ခဲ့မိ၊
အရင်လို ဘ၀ဆိုးထဲကိုပဲ
လွတ်ချင်ရဲ့၊
ဒါ ဘ၀ရဲ့ အဘိဓမ္မာပဲ
သေချာရဲ့၊
အိပ်မက်ဆန်ဆန်တွေ လာရောင်းဝယ်မနေနဲ့
စက္ကူလေယာဉ်ပျံလေးကို လက်ထဲက လွှတ်ချလိုက်ပြီ။
မောင်ချောနွယ်
Tuesday, July 22, 2008
မြေကြီးပေါ်မှာ (ကဗျာ)
Posted by ဒေါက်တာလွဏ်းဆွေ at 11:42 AM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment