နားထောင် …
ပြောင်ပြောင်တင်းတင်းပဲ
နှစ်ဆယ့်တစ်ရာစု နာဗ့်ကြောသစ်က
ဒဿနတွေကို ခွေပစ်ဖို့
မြို့တော်တွေရဲ့ တံခါးကိုခေါက်
(ပျောက်ဖဲတစ်ချပ်ကို စမ်းရင်း)
ကြိုးတန်းလျှောက်ပြကြတော့မယ်။
မီးတောင်တစ်တောင်လို ပေါက်ကွဲ
ဓာတ်ခွဲစမ်းသပ်မှုရလဒ်က
(အနှစ်ခုနစ်ဆယ်ကျော်ကြာမှ)
တံလျပ်သက်သက်အဖြစ် ကြွေကျ
လွမ်းခန်းများတဲ့ ပြဇာတ်တပုဒ်မှာ
နာတာရှည် လူမမာတစ်ယောက်ဖြစ်ခဲ့ရ။
ရာသီဥတုကတော့
ဆော့ကုလားထိုင်တစ်လုံးလို လှုပ်ရှား
ဈေးကစားချင်နေပုံပါပဲ။
တွင်းနက်ကျဉ်းကျဉ်းထဲက
မျိုးရိုးဗီဇဆဲလ်ပွားမှုအဟုန်မှာ
သာလိကာကောင်လို နှုတ်တိုက်ရွတ်ဆို
မုန်ယိုအတ္တမာန်ခက်ရှ
လှပစွာ အဆိပ်သင့်နေကြရဲ့။
နှင်းဆီတစ်ပွင့်အောက်မှာသာ
ဒဏ်ရာအထပ်ထပ်နဲ့
မြင့်မြတ်ရင်ခုန်သံတွေရှိမယ်
လည်ပတ်နေတဲ့ ကမ္ဘာကြီးကို ကြည့်လို့။
သည်လိုနဲ့ပဲ
အမည်းမှောင်ဆုံး တိမ်လိပ်များရဲ့
ပါးလျလျ ငွေနားအကွပ်ကို မျှော်တ
ညက တစစ လေးပိလာ …
အနာဂတ်တစပြင်ဆိုတာကလည်း
မည်းနက်နက် မျက်လှည့်ပုံးတစ်ခုလို ။ ။
စိုးနေလင်း
Monday, July 28, 2008
အလင်းပေါက် မှန်တစ်ချပ်ရဲ့ ည (ကဗျာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment