လူတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို
လာလာမစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှူံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ။
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာ မေးရိုးရှိရတယ်တဲ့၊
ငါ့လက်သီးတွေ
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်၊
ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့်လက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်းတရားလွန်လွန်းပြီ။
လောကကြီးမှာ ငါအမုန်းဆုံးက
ကျောက်ပေါက်ခွက်တွေ ပြည့်နေအောင်
ဝဖြိုးနေတဲ့
အဲဒီအမှန်တရားဆိုတဲ့ ငနဲကိုပဲ။
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။
လူစိမ်းနံ့တွေ အသက်ရှူရတဲ့
သူငယ်ချင်း ‘မောင်စမ်းအေး’ရေ
မြို့တွေကို မာကျူရီမီး မဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်ကိုယ်က
မာကျူရီနဲ့ လုပ်ထားလို့ပဲ။
ဟောဟို စားပွဲနံပါတ်တစ်မှာ
ကိုယ့်ဘ၀ကိုယ် ကျကျနန စီရင်ချက်ချ
အခိုင်အမာ ထိုင်နေတဲ့
ငါ့သူငယ်ချင်း ‘အောင်ချိမ့်’ဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။
ပွန်ပီးလို
ချော်ရည်တွေအောက်
ရောက်ခဲ့ရပေမယ့်လည်း
‘ဖော်ဝေး’ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။
ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှူံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာကို ပြန်ရပေလိမ့်။
ဘောလုံးသမား
မာရာဒိုနာဟာ
ဂိုးတွေကို မှော်နဲ့သွင်းခဲ့တာပေါ့ကွာ ။ ။
မောင်ချောနွယ်
Monday, July 28, 2008
ပင်မှည့်တေး (ကဗျာ)
Posted by ဒေါက်တာလွဏ်းဆွေ at 3:12 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment