Sunday, July 27, 2008
မုဆိုး (ကဗျာ)
ပုစ္ဆာမဟုတ်ဘဲ
အဖြေဖေါ်လို့ ငါမရခဲ့၊
မုဆိုးမောင်းတစ်ဝက် မောင်းတင်ထားပြီး
သားကောင်ကို ငါရှာ၊
ငါတွေ့၊
ငါပစ်ချလိုက်တယ်
ငါ့တစ်ကိုယ်လုံး ဒဏ်ရာတွေချည်း နိုင်းချင်း
နာနာကျင်ကျင်အလှ ငါတွေ့၊
အကြီးအကျယ် ငါစိုးရိမ်မိ
ငါ့သေနတ်မှာ ကျည်ဆန်မရှိမှာကိုဘဲ။ ။
မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၀)
Posted by ဒေါက်တာလွဏ်းဆွေ at 1:39 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment