Sunday, July 6, 2008
မစ္စတာချာလီ ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီ (ကဗျာ)
မစ္စတာချာလီ
ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီ။
ထပ်ပြောပါရစေ
မစ္စတာချာလီ
ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီ။
ဒီမှာ ကျုပ်အဆွတ်ခံ မစ္စတာချာလီ
တော်တော်များများဟာ ခင်ဗျားပေါ်မှာ တည်မှီပြီး
ကျုပ်ဆွတ်ခွင့်ရလိုက်တော့
ခင်ဗျားဟာ
တော်တော်များများ ဆွတ်ထားတဲ့လူလို့
ကျုပ်သိလိုက်ရ။
ကျန်တချို့ တော်တော်များဟာလည်း
ခင်ဗျားအဆွတ်ခံဖို့ စောင့်နေကြမှန်း
ကျုပ်သိထားတာထက် ပိုသိလိုက်ရ
ကျုပ်မသိချင်တာတွေကိုလည်း သိလိုက်ရ
ဒီမှာ …
မစ္စတာချာလီ
ခင်ဗျားဟာ ဒီလို မဆွတ်တတ်ခင်ကတည်းက
လူလည်လုပ်နည်းကို အရင်တတ်ခဲ့
ခင်ဗျားဟာ
သင်စုန်း မဟုတ်ဘူး
ခင်ဗျားဟာ ၀မ်းတွင်းစုန်းဆိုတာ
ကျုပ်သိလိုက်ရမှုက
သံတုံးသံခဲတွေ ဖြစ်ခဲ့ပေါ့။
ဒီမှာ …
မစ္စတာချာလီ
သံတုံးသံခဲတွေမှာ သွေးသားမရှိဘူး
ခင်ဗျားရဲ့ ခူးဆွတ်ထားမှု
ခင်ဗျားရဲ့ ဆွတ်ဖျန်းထားမှုတွေကို
ကျုပ်ဆွတ်လိုက်ပြီ
ထပ်ပြောလိုက်ပါရစေ
မစ္စတာချာလီ
ခင်ဗျားကို ကျုပ်ဆွတ်လိုက်ပြီ ။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 3:04 PM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment