Wednesday, June 4, 2008

ဇွန်လ(၁)ရက်နေ့ ညနေက လှိုင်သာယာတွင် လေပြင်းမုန်တိုင်းတိုက်

d_ real78 ပေးပို့သည်
ဇွန်လ(၁)ရက် တနင်္ဂနွေနေ့ ညနေ ၄နာရီခွဲခန့်က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အားပြင်းသည့် လေမုန်တိုင်းတခု ထပ်မံတိုက်ခတ်ရာ လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာအနီးရှိ ရွာတရွာမှာ မုန်တိုင်းဒဏ်ကို အဆုံးရွားဆုံး ခံစားခဲ့ရကြောင်း သတင်းရရှိသည်။ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ (၂၀၀)ခန့် ပျက်စီးသွားပြီး အလုံမြို့နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်း သိရသည်။

1 comment:

မောင်တင်ယု said...

ဆရာလွန်းဆွေခင်ဗျား။
ဓါတ်ပုံကဘယ်နေ့၊ဘယ်နေရာ၊ဘယ်မြိုဆိုရင်တော့ နည်းနည်းလေးလောက်ပိုကောင်းသွားမယ်ထင်တယ်။
ရှင်းရှင်းလင်းဖြစ်သွားတာပေါ့
နောက်ပြီးတော့ ကြည့်ရတဲ့သူတွေ ပိုပြီးကောင်းသွားတာပေါ့။

ပုံပါအခြေအနေတွေကများသောအားဖြင့်ပင်လယ်ပြင်
တွေကိုနဲ့ နီးစပ်သောနိုင်ငံတွေလောက်ဘဲ မြင်တတ်သော ပုံဖြစ်နေလို့ပါ၊ များသောအားဖြင့်
ဒီလိုပုံတွေကို တောင်ပင်လယ်မှာရှိတုံးကခဏခဏမြင်ရပါတယ်။ မုန်တိုင်းရာသီ အချိန်တွေပေါ့၊ စလုံး ၊မလေး၊အင်ဒို၊ ကလူတွေတွေ့တတ်ပါတယ်။
ဒါတောင် တော်တော်ဝေးသော ပင်လယ်ပြင်မှာပေါ်နေတာပါ၊ ဆင်နှာမောင်းပေါ့ဗျာ၊ရေပြင်နဲ့ ကောင်းကင်ဆက်နေတာ။ နောက်ပြီး ဓါတ်ပုံပါအခြေအနေဆိုရင် အဲဒီမြို့ က အခုဧရာဝတီဖြစ်တာထက်တောင်ဆိုးသွားမယ်လိုသိထားပါတယ်။