Sunday, May 25, 2008

လုပ်ပြီးစား စားပြီးလုပ်နေရသော နိုင်ငံရေးသမားဆိုသူများ (မီးခဲ)

တိုင်းပြည်က ပြည်သူလူထု အခြေအနေတွေကြောင့် စိတ်လက်မချမ်းသာဖြစ်ရ အားမလိုအားမရ ဖြစ်နေရချိန်မှာ မိမိကိုယ်မိမိတောင်မှ ငါတို့ပြည်သူတွေအတွက် ဘာတွေများ တနေ့တနေ့ စဉ်းစားခဲ့သလဲ၊ ဘယ်လောက် အချိန်ပေးပြီးပြီလဲဆိုတာ မကြာခဏ မညာစတမ်း မေးခွန်းထုတ်နေရချိန်မှာ ဘယ်သူ့တွေကိုမှ အပြစ်တွေ မပြောချင်ပါဘူး။ လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုင်စွဲနေပြီး ကောင်းရာကောင်းကျိုးတွေ လုပ်နေကြမှာပဲလို့ပဲ တွေးထင်ခဲ့မိပါတယ်။

အခုတော့ သိပ်တရား လွန်နေကြပြီ။ မိမိစားခွက်လေးတွေ ပျောက်မှာစိုးလို့ ပြည်သူလူထုရဲ့ မျက်နှာကိုတောင် မကြည့်ဘဲ တရုတ်ကို အဖေတော်ချင်နေတဲ့ ပါတီတခုက ပုဂ္ဂိုလ်တွေအကြောင်းကို ဖွင့်ထုတ်ပြောဆိုဖို့ အချိန်ရောက်ပြီလို့ ယူဆမိတဲ့အတွက် စာရေးဖြစ်တော့တာပဲ။ အဲဒီပါတီက လူတွေတင် မဟုတ်ပါဘူး။ ကိုယ့်အကြောင်းကိုယ် သိနေကြတဲ့ သူတိုင်းအတွက်လည်း ရည်ညွှန်းရာ ကျပါတယ်။

အဲဒီပါတီက ကြေညာချက်ကို အင်တာနက်ကနေ တွေ့လိုက်ရတယ်။ တတိုင်းတပြည်လုံးနှင့် ဆိုင်သော အရေးကိစ္စကြီးတွင် ပြည်တွင်းပြည်ပ အင်အားစုများအားလုံး အတူတကွ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုတဲ့ သူတို့ရဲ့သဘောထားကို ဖတ်လိုက်ရတယ်။ စစ်အုပ်စုထက်တောင် နောက်ကျပြီး မြန်မာမုန်တိုင်းရေးကို အရေးတယူလုပ်တဲ့ အဖွဲ့အစည်း ရှိပါသေးလားလို့ သံဝေဂ ရမိပါတယ်။ ခင်ဗျားတို့ နိုင်ငံရေးသမားလို့ ခံယူထားသူတွေမှာ အားအားရှိ ကြေညာချက်ထုတ်ပြီး တရားမ၀င်တဲ့ စစ်အုပ်စုကို ခဏခဏ လက်ဖြန့်တောင်းနေတာ မရှက်ကြဘူးလားလို့ ပြောချင်ပါတယ်။

နာဂစ်မုန်တိုင်းဖြစ်တာ ကြာပြီ။ ဘယ်အဖွဲ့အစည်းက လူထုနစ်နာချက်ကို ထုတ်ဖော်နေကြလဲ၊ ဘယ်နိုင်ငံ ရေးသမားတွေကများ ကိုယ့်ပြည်သူအရေးကို စိတ်ဝင်စားမှု ရှိကြသလဲ၊ စာနာမှုတွေ ထားကြသလဲ လူထု ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာ အကူအညီတွေ ရနိုင်ဖို့ ဘာတွေများ တွန်းတွန်းတိုက်တိုက် အားပေး ဆောင်ရွက်တာတွေ လုပ်ကြသလဲ၊ ခင်ဗျားတို့ ပါသလား၊ ဗုတ်နိုးကျတော့ ငွေရလို့ အငမ်းမရ အော်ကြ ဟစ်လိုက်ကြတာ ၀ါဒဖြန့်ချိရေးတွေ လုပ်လိုက်ကြတာ။ အဲဒီကြေညာချက်ကလည်း ခင်ဗျားတို့ရဲ့ ဗုတ်နိုး လက်ကျန်ရှင်းတမ်း ဖြစ်လိမ့်မယ်နဲ့ တူတယ်။ အခုချိန်မှာ ဗုတ်နိုးတွေ မရှိတော့ဘူး။ တရားမ၀င်တဲ့ လူထုက မရွေးချယ်တဲ့ စစ်အုပ်စုအတွက် ကြီးမားတဲ့ အကျပ်အတည်း ရောက်နေပြီ။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ လုပ်လို့တော့ မဟုတ်ဘူးနော်။

ရှင်းပါတယ်။ မုန်တိုင်းကြီးက အပြစ်မဲ့တဲ့ သူတွေကိုလည်း သေစေတေယ်၊ အပြစ်ရှိတဲ့ သူတွေကိုလည်း ကံအကျိုးတူ ပေးမှာပဲ၊ ခင်ဗျားတို့ကိုလည်း အကျိုးတူ ပေးတော့မယ်။ လုပ်စားခွင့်တွေ အထူးသဖြင့် နိုင်ငံရေးကို စီးပွားရေးလုပ်ငန်းလို လုပ်စားခွင့်တွေပျောက်ပြီး စားပြီးသား ငွေတွေကြောင့် ပြန်ပြီး လုပ်ပေးနေရတာတွေ ရပ်ရတော့မယ်။ နိုင်ငံတကာက အကူအညီတွေ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်တော့မယ်။ အနှစ် (၂၀) လောက် စားလာကြတဲ့ ခင်ဗျားတို့တွေ စိုးရိမ်နေကြပြီ မဟုတ်လား။ နာဂစ်မှာ စစ်အုပ်စုလိုပဲ ဘာမှ မဖြစ်သလို နေနိုင်ကြတာ ခင်ဗျားတို့ နိုင်ငံရေး လုပ်စားတွေပဲ ရှိတယ်။

ပြည်သူတရပ်လုံး လူတွေလို အသက်ရှင်ရပ်တည်ခွင့် မရှိတဲ့အချိန်မှာ သူတို့ကို ကယ်ဆယ်မယ့် နိုင်ငံတကာကို မျှော်လင့်နေချိန် ခင်ဗျားတို့လို မဖြစ်စလောက် လက်တဆုပ်စာလောက်သာရှိတဲ့ ပါတီက အမေရိကန်တော့ အ၀င် မခံနိုင်ဘူး၊ ပြင်သစ်တို့ ၀င်လို့မရဘူး၊ တိုင်းပြည်ရဲ့ အချုပ်အခြာကို ထိခိုက်မယ်၊ ၀င်ပြီးရင် ပြန်ထွက်မှာ မဟုတ်ဘူး ခင်ဗျားတို့ ပါတီသဘောက ကုလသမဂ္ဂ၀င်တာတောင် မကြိုက်ဘူးလို့ ဆိုနေတော့ ခင်ဗျားတို့ဟာ နအဖက လွှတ်လိုက်တဲ့ လူတွေလားလို့ မေးရလိမ့်မယ်။ တရားဝင် စာထုတ်ပြောဖို့ကျတော့ ဘာကြောင့် သတ္တိတွေ မရှိကြတာလဲ။ ခင်ဗျားတို့ သဘောထားက ငွေရဖို့အတွက် မျက်နှာကို လိုသလို ပြောင်းလုပ်ရတယ်။ စကားကို လိုသလို ပြောရတယ်ဆိုတော့ အရောင်တွေလည်း အမျိုးမျိုး ပြောင်းနေတာ မဆန်းလှပါဘူး။

တရုတ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ရင် လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာသုံး ပယ်ချလို့ မြန်မာနိုင်ငံ နစ်နာခဲ့တာ၊ မြန်မာတပြည်လုံးမှာ တရုတ်က လွှမ်းမိုးပြီး စီးပွားရေးအရ နယ်ချဲ့နေတာတွေ မြန်မာကို လက်နက်ရောင်းနေတာတွေ အားလုံးကို သိသိကြီးနဲ့ တရုတ်အိုလံပစ်ကို ဆန့်ကျင်တာကို မကြိုက်ဘဲ တရုတ်ကို မဆန့်ကျင်ဖို့ ခင်ဗျားတို့ပါတီက ပုဂ္ဂိုလ်ကြီးတချို့ ပြောနေတာတွေကလည်း စဉ်းစားစရာတွေပါပဲ။ ခင်ဗျားတို့ အဖေ တရုတ်ကို အထိမခံဘူးဆိုတော့ အနီတွေလား မေးချင်တယ်။ အမေရိကန် စတိတ်ဒီပါ့မန့်က ချပေးတဲ့ အန်အီးဒီက ငွေတွေ၊ အိုင်အာအိုင်က ငွေတွေကို အနှစ်(၂၀)လုံး သုံးပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ အော်နေသူတွေက နီချင်တော့လည်း နီသွားပြန်ရောပါလား။

ပါတီဗဟိုကော်မတီဝင် အများစုကြီးက အမေရိကန်၊ အင်္ဂလန်၊ နော်ဝေနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်း၊ ဒုက္ခသည်တွေ လျှောက်နေပြီး နိုင်ငံရေးလုပ်စားနေပြီး ကျုပ်တို့ပြည်သူတွေကို နိုင်ငံတကာက ကယ်ဆယ်ရေး တပ်တွေက အကူအညီပေးမယ် ဆိုတာကိုတော့ လက်မခံနိုင်ဘူးလို့ ခင်ဗျားတို့ ပါးစပ်က ပြောရဲတယ်ဆိုတာ သိပ်လည်း တရားကျစရာ ကောင်းလှပါတယ်။ အခုတော့ နိုင်ငံတကာက ဖိအားတွေ များလာပြီ။ မြန်မာ့အရေးက ထိပ်တန်း ရောက်လာပြီ။ ကိုယ့်ပြည်သူအပေါ်မှာ ယုတ်ကန်းပက်စက်တဲ့ အကြင်နာတရားမရှိတဲ့ စစ်အုပ်စုကြောင့် မြန်မာပြည်အရေးဟာ ကမ္ဘာ့စာမျက်နှာပေါ် ရောက်လာပြီ။ ခင်ဗျားတို့လုပ်လို့ မဟုတ်ဘူးဆိုတာ သိပါတယ်နော်။

ပြည်တွင်းမှာ အကူအညီတွေ ရလာမှာကို မလိုလားကြဘဲ နှုတ်ဆိတ်နေတဲ့ ခင်ဗျားတို့တွေ နိုင်ငံတကာက အကူအညီတွေ ပေးတော့မယ်ဆိုမှ ပြည်တွင်းပြည်ပ အင်အားစုတွေပါ ၀င်ခွင့်ပြုရန် တောင်းဆိုတယ်ဆိုတော့ ခင်ဗျားတို့တွေ စားလို့ မ၀ကြသေးဘူးလားလို့ မေးချင်တယ်။ မုန်တိုင်းဖြစ်လို့ ပြည်သူတွေ ပူဆွေးသောက ဖြစ်ရ၊ အားကိုမဲ့ ဖြစ်နေရချိန် ရက်(၂၀)ကျော်သွားပြီ။ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ပြည်သူတွေ အသက်ရှင် ရပ်တည်ရေး ကြိုးစားနေရချိန်မှာ ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ ခင်ဗျားတို့တွေ ဘယ်ချောင်တွေမှာ ရောက်နေကြလဲ။ အစည်းအဝေး ဆီမီနာတွေမှာ အဆီရစ်နေတဲ့ မျက်ခွက်တွေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အကြောင်းတွေ ဗုတ်နိုးအကြာင်းတွေကို ဒိုနာကြိုက်အောင် ပြောပြနေရမယ်နဲ့ တူတယ်။

ခင်ဗျားတို့ပါတီက လူတွေရဲ့ သမိုင်းကြောင်းက စုံစမ်းမှပဲ အဖြစ်မှန် ပေါ်တော့တယ်။ ခင်ဗျားတို့ပါတီက မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့တယ်လို့ သိလိုက်ရတယ်။ သို့သော် ပါတီက နှစ်ခြမ်းကွဲထားတယ်။ ၁၉၈၉က စစ်အုပ်စုနဲ့ အပေးအယူလုပ်ပြီး ကော်မရှင်က ခွင့်ပြုခဲ့တာ ခင်ဗျားတို့မှန်း အစက မသိခဲ့ဘူး။ အခုမှပဲ ဇာတ်ရည်လည်တော့တယ်။ ပါတီထဲ အနီတွေ ၀င်လာပါပြီဆိုပြီး လန့်လန့်ဖြန့်ဖြန့်ဖြစ်တာ ခင်ဗျားတို့ အုပ်စုတွေမှန်း မသိခဲ့ပါဘူး။ အခုတော့ ခင်ဗျားတို့က သိပ်နီနေပြီး တရုတ်ထိရင် မခံဘူးလို့တောင် ဖြစ်နေတော့ မျက်စိတွေ လည်သွားတယ်။ တတ်လည်း တတ်နိုင်ပါပေတယ်။ အရောင်ပြောင်း အရေခွံလဲ ကျွမ်းကျင်ပုံရတယ်။ အမေရိကန်က ငွေယူ၊ ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့်တွေ ရယူပြီး တရုတ်လိုလားသူများ ဖြစ်နေကြတာ ခင်ဗျားတို့ နအဖနဲ့ မဖြစ်မနေ ပတ်သက်နေလိမ့်မယ်။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူတွေ ကိစ္စကို ခင်ဗျားတို့ နေတတ်သလို နေခဲ့ပြီးမှ အခုကျမှ ကြေညာချက်ထုတ် အမြတ်ထုတ်ဖို့လုပ်တဲ့ ခင်ဗျားတို့အားလုံး သတိသာ ထားနေကြပေတော့။ စစ်အုပ်စုလိုပဲ ခင်ဗျားတို့ နိုင်ငံရေးလုပ်စားသူတွေ နေ၀င်ချိန် ရောက်ရတော့မယ်။

မီးခဲ

9 comments:

Unknown said...

hi ko mee khae',

Can u name that stupid party.Cuz most of us want to know about that , but i don't know which one you prefer.

Thanks

kay kay said...

must be "NLD"...

Unknown said...

hey .. not NLD...
talking about DEMOCRATIC PARTY FOR A NEW SOCIETY
လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါ တီ

http://www.dpnsburmese.org/index.html

http://www.dpnsburmese.org/brief-history.html

check this out

ဘုန်းကျော် said...

Hi D--- H--d, Mi Khae a.k.a Lee bhae
You don't have any reference for your
story. You just accused the whole party without any concrete sources or evidences. First, SHUT THE -UCK UP, and/or 50$ is only amount to be spent in order to shut up your -ss.
Phone Kyaw (DPNS)

Shwe Ba said...

တယ်သတ္တိရှိတာပဲ ရဲဘော်ဘုန်းကျော်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပါတီဝင်တယောက်အနေနဲ့ ပါတီကို ခုလို ကာကွယ်လိုတဲ့စိတ်ကို မဏာမ လေးစားကြောင်း ပြော လိုပါတယ်။ လူတယောက်ကိုသတ်ဖို့ဆိုတာအတွက်တခုမေးလိုတာကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဆရာသမားများ သေနတ်ကောင်းကောင်းပစ်ဖူးပါသလား။ တခုတော့မှတ်မိတာပြောလိုက်ပါမယ်။ မာနယ်ပလောရန်သူတက်တိုက်နေချိန်မှာ NLD က ဦးသန်းထွတ်ဆိုတဲ့လူက ခု ခင်ဗျားတို့ပါတီရဲ့ ဥက္ကဌဖြစ်နေတဲ့ ရဲဘော်အောင်မိုးဇော်ကို “ငါတို့လဲ ထွက်တိုက်မှဖြစ်မယ်” ဆိုတဲ့အချိန်မှာ “ဟာ အကိုကြီး ကျနော်တို့ ကသေလို့မဖြစ်ဘူး လေ ” ဘယ်သူပြန်ဖြေခဲ့သလဲဆိုတာ မသေသေးတဲ့ကိုသန်းထွတ်ကိုမေးပါ ။ ကျောင်းသားတပ်မတော်က ကောင်တွေ ကရင်ရဲဘော်တွေနဲ့ မဟာမိတ်တွေ ခွေးသေ၀က်သေ မာနယ်ပလောကို ကာကွယ်နေချိန်မှာ ခေါင်းဆောင်နှစ်ယောက်ပြောသွားတဲ့ စကားလေးပါ ။ အဲဒီစကားတွေဘယ်လိုပေါက်လာလဲဆိုရင် ကျောင်းသားတပ်မတော်က အဲဒါကို နားနဲ့ ဆတ်ဆတ်ကြားလိုက်တဲ့ ဒဏ်ရာရလို့ တောင်အောက်ပြန်ပို့ခံလိုက်ရတဲ့ရဲဘော် လဲ မသေသေးပါဘူး စုံစမ်းလို့ဖြစ်ပါသေးတယ်။ လူ့ဘောင်သစ်ပါတီရဲ့ သမိုင်းတွေကိုပြောသွားတာလဲအမှန်တွေပဲဖြစ်သလို နယ်စပ်အခု မဲဆောက်မှာ ငွေလင်းတို့အောင်မိုးဇော်တို့ကအစ အလွတ် သဘောနဲ့ အာနေတဲ့ကိစ္စတွေကို မီးခဲဆိုတဲ့ပုဂ္ဂိုလ်က ကြားလို့ မခံနိုင်လို့ထရေးတာလို့ပဲ ယူဆပါတယ်။ နေရာတကာ ဒေါ်လာငါးဆယ်နဲ့လူသတ်လို့ရတယ်မထင်ပါနဲ့ တပြားမှ မလိုပဲလဲ လူသတ်လို့ရပါတယ်။ အဲ.. သတ်ဖူးဖို့နဲ့သတ်ရဲလောက်အောင် gut ရှိဖို့ တော့လိုတာပေါ့ဗျာ ။ ဒါလောက်ပဲ ပြောချင်ပါတယ် ရဲဘော်ဘုန်းကျော်။ ထပ်ပြီးပြောဖို့ လိုလာရင် စာတပုဒ်အနေနဲ့ရေးပြီးအကုန်အိပ်သွန်ဖာမှောက်ပြောပြပါမယ် ။ ခင်ဗျားတို့ အနေနဲ့စာရေးသူကို ဘာမှ ခြိမ်းခြောက်ဖို့မလိုဘူးလို့ အသိပေးလိုပါတယ် ။ ဒါမှမဟုတ် သိပ်ပြီး လက်ယဉ်နေရင် သွေးဆာနေရင်လဲ နအဖကို သွားရှင်းလိုက်ပါ ။ သိသလောက်တော့ ဒီဖက် အလံခိုးလာသော လူ့ ဘောင်သစ်က ပုဂ္ဂိုလ်တွေမှာအရက်ဝိုင်းရန်ဖြစ် ။ ဗကပ တွေနားရောက်ရင် ဗကပ ကို လေးစားပြ ကရင်နားရောက်ရင် ကရင်အကြိုက်နေတတ်တဲ့ကောင်တွေပဲဖြစ်တယ် လို့  ဗြောင်ပြောလိုက်ပါတယ်။ သိပ်ပြီး သတ်ချင်ဖြတ်ချင်သပဆို ကနဦးပြောခဲ့သလို နအဖကို သွားသတ်ပါ။ သို့ မဟုတ်လျှင် သင်အရင် အသတ်ခံရပါလိမ့်မည်။

ပုံ
ရွှေ ဘ အစဉ်လေးစားချင်လျှက်

ဘုန်းကျော် said...

Hi Mee Khae or Shwe Ba,

Please write with your real names if you love true. I never use fate names. Sorry, I don't have Zawgyi font.

Phone Kyaw

အ ဘ ။ said...

မီးခဲ ကတော. နအဖ ဖေါ်လန်ဖါး တယောက် ဘဲဖြစ်မယ်
ဘာကြောင်. လဲဆိုတော. ပြည်သူ.ဘက်က မနာ ဘဲ....
နအဖ ဘက်က နာနေတာ ရှင်းနေတာပါ။။။
နာဂစ်ကြောင်. နအဖ က အသားစား ဘီလူးဆိုတာ တကမ္ဘာ လုံးက သိရှိသွားကြပါတယ်။။။
အဲဒီ ဘီလူးတွေ ဘယ်လို ရှင်းကြမလဲ ဆိုတာ စဉ်းစားကြပါ။။။

Anonymous said...

ကိုထက်အောင် မသိပဲ ဝင်မပြောပါနဲ့.... သူတို့ချင်း ရှင်းပါစေ.....
နအဖထက်ဆိုးတာ ရန်သူလိုလို မိတ်ဆွေလိုလို တွေပါပဲ.....
ရန်သူ မိတ်ဆွေ ပြသ်ပြတ်သားသား ကို တိုက်ရတာ လွယ်ပါတယ်
အသားထဲက လောက်ထွက်နေတဲ့ သူတွေက ပိုပြီး ဆိုးပါတယ်.....
ပြာတတ်ပြီး နိုင်ငံခြားမှာ စည်းစိမ်ယစ်နေတဲ့ သူတွေက ကိုယ်ချင်းစာ တရား မထားတတ်တော့ဘူး ထင်ပါရဲ့.......ဘာပဲလုပ်လုပ် ကိုယ်ရေးထားတဲ့ သမိုင်းမှန်ကို တော့ ဖုန်းကွယ်လို့မရပါဘူးးးး တနေ့နေ့မှာ ပေါ်မှာပါပဲ......ဒီလိုလူမျိုးတွေ အနာဂတ်မှာ ခေါင်းဆောင်မဖြစ်ဖို့ သိပ်အရေးကြီးပါတယ်.....နအဖထက် ဆိုးမဲ့လူတွေပါပဲ.......တက်ယနိုင်ငံရေးသမားဆိုတာ နိုင်ငံကောင်းစားရေးအတွက် လုပ်တဲ့သူကို ခေါ်တာပါ....လုပ်စားနေတဲ့ သူတွေကို တကိုယ်ကောင်းသမားလို့ခေါ်ါပတယ်.......

Mg Calu said...

If blaming others could help me become a better person I would blame one by one at every single second.