Friday, May 9, 2008

မုန်တိုင်းဘေးကို အမျိုးသားရေးစိတ်နဲ့ ကူညီကြပါ။

မေလ (၃)ရက်နေ့က တိုက်ခတ်သွားခဲ့သည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီးကြောင့် ရန်ကုန်တိုင်း အပါအ၀င် လပွတ္တာ၊ ဘိုကလေး၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ပုသိမ်နှင့် မြစ်ဝကျွန်းပေါ်မြို့များ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်း (၂)သိန်းနီးပါး သေဆုံးကာ လူတသန်းကျော်မှာ အစာရေစာ မရှိမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အမိုးအကာမဲ့မှု၊ ကယ်သူ ကူသူ ကင်းမဲ့လျက် မုန်တိုင်းလွန် ကူးစက်ရောဂါများစတင် ဖြစ်ပွားလျက်ရှိနေပြီး နအဖ စစ်အာဏာပိုင်များ၏ ဥပေက္ခာပြုမှု၊ လစ်လျူရှုမှုများ ကြုံတွေ့ရင်ဆိုင် နေကြရပါသည်။ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ ပြည်သူများမှ အကူအညီများ ပေးလှူလိုကြောင်း နအဖစစ် အာဏာပိုင်များအား အကြောင်းကြား မေတ္တာရပ်ခံသော်လည်း မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူလူထုကြီး၏ ထိခိုက်ကြေကွဲဖွယ် ဒုက္ခဆင်းရဲခြင်း ဝေဒနာအား ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ ငြင်းပယ်နေသည်မှာ ရွံရှာနာကျည်း စက်ဆုတ်ဖွယ်ကိစ္စ ဖြစ်ပါသည်။ လူစိတ်အနည်းအကျဉ်းမှ မရှိခြင်းလည်း ဖြစ်သည်။

သို့ဖြစ်၍ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်ပနိုင်ငံများရောက် မြန်မာပြည်သား ညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ အမျိုးသားရေးကိစ္စ၊ မိသားစုဝင်များကိစ္စ၊ လူသားချင်း စာနာမှုကိစ္စများအဖြစ် ခံယူပြီး မေတ္တာ စေတနာ ကရုဏာတရားများဖြင့် ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြပါရန် တိုက်တွန်း မေတ္တာရပ်ခံပါသည်။ ပြည်တွင်းပြည်ပရှိ လူမှုအဖွဲ့အစည်းများမှလည်း ထောက်ပံ့ကူညီမှုများ တောင်းခံ လက်ခံနေကြပါသည်။ အောက်ပါ အဖွဲ့အစည်းများ အပါအ၀င် နီးစပ်ရာ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများထံသို့ ငွေကြေး၊ စားသုံးကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အ၀တ်အထည်များ ဆက်သွယ်ပေးပို့ လှူဒါန်းကြစေလိုပါသည်။

ABSDF (ကျောင်းသားတပ်မတော်) - ၀၈၆၂၁၄၀၁၆၁
YCOWA (ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့) - ၀၈၉၅၆၅၉၈၉၉
BLSO (အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့) - ၀၅၅၅၄၂၃၇၆
JACAB (မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ) - ၀၈၄၃၈၀၆၅၉၈
BMA (မြန်မာ့သတင်းသမဂ္ဂ) - ၀၈၄၅၄၇၄၂၉၅
T4T (သီးလေးသီး ဆေးရောင်စုံ မောင်နှမများ) - ၀၈၃၉၈၄၅၉၃၅
AHARASAZAUNG (အာဟာရစာစောင် ၀ိုင်းတော်သားများ) - ၀၀၁ ၈၁ ၉၀ ၅၅၂၆ ၅၅၀၇

1 comment:

Bay Dah said...

Dear Dr Lun Swe, all the burmese who are working overseas are donating to their nearest organization for example Burmese in singapore donate more than S$62000 so far within 5 days of collection. The main problem is the idiot junta. The people around the world want to help the burmese cyclone victims but the Junta blocked all the help they only want the supplies (probably they will divert all the supplies to military) and they don't want International Aid workers to come and assist Burma Cyclone victims.(probably the junta afraif these aid workerl ut they divert the sups to the army.)