Monday, May 5, 2008

မိုးသီးဇွန်၏ အရေးပေါ်တပ်လှန့်ချက်

လေးစားအပ်တဲ့ တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား …

နာဂစ်မုန်တိုင်းကြောင့် ကျနော်တို့ မိဘပြည်သူတွေဟာ အတိဒုက္ခရောက်နေကြပါပြီ။ စိတ်ဓာတ်မကျနဲ့ ဆက်တိုက်ရမယ်။ လူထုတိုက်ပွဲ ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်ရမယ်။ မဟုတ်ရင် နောက်ထပ် ၁၀နှစ်တောင်မှ ပြန်လည် နာလန်ထူနိုင်ဖို့ ခဲယဉ်းတော့မယ်လို့ ကျနော်ယူဆပါတယ်။
• ရေ၊ မီးနဲ့  စားရေရိက္ခာတွေ ပြတ်တောက်နေပါတယ်။
• ရေကြီးမှုကြောင့် ရောဝတီတိုင်းနဲ့  တခြားပြည်နယ်တွေမှာ သောက်ရေတွေ ပြတ်တောက်သွားပါတယ်။
• ကူးစက်ရောဂါ ပိုးမွှားတွေ ပျံ့နှံ့လာနိင်ပါတယ်။ ကယ်ဆယ်ရေး အကူညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

ကုလသမဂ္ဂက ပေးအပ်မယ့် အကူညီတွေကို သန်းရွှေက ငြင်းပယ်ပါတယ်။ ဒါဟာ အလွန်ယုတ်မာ ကောက်ကျစ်တဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဆူနာမီမုန်တိုင်းကြောင့် အင်ဒိုနီးရှားမှာ ဘေးဒုက္ခတွေ ရင်ဆိုင်ရတော့ အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်က အကူအညီတွေ တောင်းခံခဲ့တယ်။ အမေရိကန် ရေတပ်က အင်ဒိုနီးရှားကမ်းကို ကပ်ပြီး အကူညီတွေ ပေးခဲ့တယ်။ တရုတ်ပြည်ကလည်း အင်ဒိုနီးရှားကို ကူညီပေးခဲ့တာပဲ။ တချိန်က ရန်သူဖြစ်ခဲ့ဘူးပေမယ့် တရုတ် အကူအညီကို အင်ဒိုနီးရှားက လက်ခံခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း သဘာဝဘေးအန္တရယ်ကို ရင်ဆိုင်ရတော့ နိင်ငံတကာ အကူညီတွေ ရယူပေးခဲ့တယ်။ အမေရိကန်က အကူညီတွေကိုပါ လက်ခံခဲ့ပါတယ်။

ဘာဖြစ်လို့ သူတို့က အကူညီတွေကို လက်ခံခဲ့ကြတာလဲ။
ဘာဖြစ်လို့ သူတို့က အကူညီတွေကို တောင်းခဲ့ကြတာလဲ။
သန်းရွှေက ဘာဖြစ်လို့ ကုလသမဂ္ဂက ကူညီမယ်ဆိုတာကို မလိုဘူးကွလို့ ငြင်းဆန်လိုက်ရတာလဲ။

အဖြေကတော့ ရှင်းပါတယ်။ တခွန်းတည်း ပြောရရင်တော့ …
လူစိတ် ... သန်းရွှေဟာ လူစိတ် လုံးဝမရှိဘူး ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
နိင်ငံတော် ခေါင်းဆောင်လုပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိတာကို ပြနေတာ ဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့ လုပ်စရာရှိတာကို ဆက်လုပ်ရပါမယ်။

ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ရမှာကတော့ …
• ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံကြီးတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ (ရိက္ခာ၊ ဆေးဝါး၊ ကလေးသူငယ်များအတွက် နို့မှုန့်၊ အ၀တ်အထည်များ၊ ယာယီနေထိုင်ဖို့အတွက် အဆောက်ဦးများ၊ သောက်ရေသန့်ဘူးများ)ကို အကူအညီ တောင်းခံကြဖို့ တိုက်တွန်းလိုပါတယ်။
• ၀မ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ မပြန့်ပွားရေးအတွက် အရေးပေါ် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ဆောင်ရွက်ပေးဖို့ တောင်းခံရပါမယ်။
• အခြေခံဥပဒေကို ကန့် ကွက်တဲ့ လှုပ်ရှားမှု ကိုမူလအစီအစဉ်တိုင်းဆက်လက်ဆောင်ရွက် ရပါမယ်။

ငါတို့ရဲ့ ပစ်မှတ်

မြန်မာပြည်မှာ အခုလို လူမှုဒုက္ခအထွေထွေ ဖြစ်ပေါ်စေရတာကတော့ သန်းရွှေ၊ အောင်သောင်း ၊ မောင်သောင်းနဲ့ ကျော်ဆန်းတို့ရဲ့ ခေါင်းမာဂိုဏ်းသားတွေ ကောက်ကျစ်ယုတ်မာမှုတွေကြောင့် ဖြစ်တယ်။ ဒီပြဿနာတွေပေါ်မှာ တာဝန်ရှိတဲ့ သန်းရွှေ၊ အောင်သောင်း၊ မောင်သောင်းနဲ့ ကျော်ဆန်းတို့ နှုတ်ထွက်ဖို့အတွက် တိုက်ပွဲဆင်ရမယ်။ သူတို့ဟာ ပြည်သူလူထုရဲ့ နံပါတ်တစ် ရန်သူတွေ ဖြစ်တယ်။ သန်းရွှေမိသားစု၊ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေဟာ ငါတို့ရဲ့ ရန်သူတွေ ဖြစ်တယ်။ သူတို့ကို ဦးတည်တိုက်ခိုက်ရမယ်။ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အားဖြည့် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

စည်းရုံးရမယ့်သူများ

တိုင်းမှုးများ၊ ရဲများ၊ ၀န်ထမ်းများ

ကြွေးကြော်သံများ

• လူမှုရေးအကူညီများ ချက်ခြင်းရရှိရေး
• အခြေခံဥပဒေကို လုံးဝ ကန့်ကွက်မဲပေးရေး
• သန်းရွှေ၊ အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်းကို ဖယ်ရှားပစ်ရေး
• တပ်မတော်အတွင်း ခေါင်းဆောင်သစ်များ ပေါ်ထွန်းလာစေရေး
• တိုင်းမှုးများနဲ့ ပြည်သူလူထု ပေါင်းစည်းမိရေး
• ရေ၊ မီး အပြည်အစုံ ရရှိရေး
• စားရေရိက္ခာ ဖူလုံရေး
• လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိရေး
• ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး

သန်းရွှေအုပ်စုကို ဖယ်ရှားပစ်ကြပါစို့ …
မိုးသီးဇွန်

1 comment:

John said...

this guy than shwe is selfish-stupid-thug.
just wonder how he became head of state.