Monday, March 10, 2008

no vote နှင့် vote no သဘောထားနှစ်ခုနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေး သည့် ကိုသံတုတ်၏ ပေးစာ

ဆရာခင်ဗျား …

ကျွန်တော်ဟာ ဆရာ့ဘလော့ဂ်ကို အမြဲဖတ်တဲ့ သာမာန်ပြည်သူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘ၀င်မကျ၊ ဝေခွဲမရဖြစ်နေတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးပါရစေခင်ဗျား။ အဲဒီကိစ္စကတော့ အခုတလော ဆူညံကျယ်လောင်နေတဲ့ no vote နဲ့ vote no ကိစ္စပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဘယ်ဟာကို လုပ်ရမလဲဆိုတာ ဝေခွဲမရနိုင်အောင် ဖြစ်နေတယ် လို့ ထင်ပါတယ်ခင်ဗျား။ ကျွန်တော့်တစ်ဦးတည်း အယူအဆအရကတော့ vote no (ကန့်ကွက်မဲပေးဖို့)ပဲ ဖြစ်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီဆန္ဒခံယူပွဲကို မဲသွားမပေးဘဲနေမယ် (no vote) ဆိုရင် စစ်တပ်က သူ့လူတွေနဲ့ ထောက်ခံမဲ အများစု ယူပြီး မဲလာပေးသမျှ လူတွေရဲ့ ဆန္ဒမဲအများစု (Majority vote) နဲ့ အတည်ပြုသွားနိုင်တယ်လို့ ယူဆမိလို့ ဖြစ်ပါတယ်။ ဒါ ပေမယ့် NCUB ကလည်း no vote ကိုပဲ ပြောနေပါတယ်။ ဆရာ့ဘလော့ဂ်မှာလည်း no vote ကိုပဲ ပြောထားပါတယ်။ ဒါ ကြောင့် no vote လုပ်လိုက်ရင် စောစောက ကျွန်တော်အထက်မှာ ပြောခဲ့သလို ဖြစ်မလာနိုင်ဘူးလား။ အဲဒီလို ဖြစ်လာရင် ပိုဆိုးမသွားပေဘူးလား ဆိုတာကို ရှင်းလင်းပြစေလိုပါတယ်။ ကျွန်တော် အမှန်တကယ် နားမလည်လို့ မေးခြင်းဖြစ်ပါတယ်။ အခုဟာက no vote လို့သာ တွင်တွင်အော်နေကြပေမယ့် အဲဒီလို လုပ်ခြင်းအားဖြင့် ရလာမယ့်၊ ဖြစ်လာမယ့် အကျိုးဆက် တွေ၊ အကျိုးတရားတွေ၊ စစ်တပ်က လုပ်လာနိုင်မယ့် ကိစ္စတွေကို ဘယ်သူကမှ ရှင်းလင်းပြတာ မတွေ့ရသေးတဲ့အတွက် ရှင်းလင်းပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်အမြင်အရ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို အောက်မှာ ဖေါ်ပြထားပါ တယ်။ ပြန်လည်ဆွေးနွေးပေးစေလိုပါတယ်။ ကျွန်တော်မှားယွင်းနေတာ၊ အမြင်ချော်နေတာ ရှိရင်လည်း အမှန်ကို ထောက် ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်မှားနေရင် အမှန်ကို ပြင်ဖို့၊ လိုက်နာဖို့ အဆင်သင့်ရှိပါတယ်ခင်ဗျား။

မဲသွားမပေးဘဲ (no vote) နေရင် ....
(၁) ကိုယ့်ကန့်ကွက်မဲ တစ်မဲ ဆုံးရှုံးသွားပြီး သူတို့အတွက် ကန့်ကွက်မဲတစ်မဲ လျော့သွားနိုင်ပါတယ်။
(၂) "လာပေးသမျှရဲ့ ဆန္ဒနဲ့ အတည်ပြုလိုက်ပါတယ်၊ မဲမပေးဘဲနေတဲ့သူတွေက ပင်ကိုယ်စိတ်ရင်းကိုက ပြည်သူ့ဆန္ဒအ တိုင်း ပြည်သူ့ကို ကိုယ်စားပြုတဲ့ အလွှာအသီးသီးက ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ ရေးဆွဲခဲ့တဲ့ ဥပဒေအပေါ် ယုံ ကြည်ကိုးစား လက်ခံပြီးသားဖြစ်လို့ လာရောက်မဲပေးခြင်း မပြုတာမို့ ထောက်ခံပြီးသားလို့ သတ်မှတ်ပါတယ်၊ သို့မဟုတ် ကန့်ကွက်ခြင်းမရှိဟု သတ်မှတ်ပါတယ်" ဆိုရင် ဘာလုပ်ကြမှာလဲ။ အဲဒီလို စစ်တပ်က မလုပ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင် ပါ။ စစ်တပ်ဟာ သိက္ခာရှိရှိ ဘယ်တုန်းကမှ မတုန့်ပြန်ခဲ့ဘူးပါ။ အမြဲတမ်း အရှက်မရှိဘဲ မျက်နှာပြောင်တိုက်ပြီး အတင်းကာ ရော ငါ့စကားနွားရပြောလို့ လုပ်ချင်ရာကိုရအောင် ဇွတ်လုပ်တတ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
(၃) ကန့်ကွက်တဲ့အနေနဲ့ မဲမပေးဘူးဆိုတာ ပြည်သူများဖက်က တရားဝင်ပြောလို့မရပါ။ မအားမလပ်လို့ မဲလာ မပေးနိုင် တာပါလို့လည်း စစ်တပ်က ဆင်ခြေတက်နိုင်ပါသေးတယ်။
(၄) မဲမပေးဘဲနေခြင်းသည် ကန့်ကွက်ခြင်း မဟုတ်ပါ။ ထောက်ခံခြင်းလည်း မဟုတ်ဘဲ "ကြားနေ"ခြင်းအဖြစ် သတ်မှတ် နိုင်ပါတယ်။
(၅) နိုင်ငံတကာကို အများစုက မဲမပေးဘဲနေခြင်းဖြင့် ကန့်ကွက်ကြပါတယ်လို့ပြောလို့ တရားမ၀င်ပါ။ တရားဝင်တယ် ထား ဦးတော့ နိုင်ငံတကာက နဂိုကတည်းက ဘာမှလုပ်နိုင်တာ မဟုတ်တော့ ဒါကို မျှော်ကိုးနေလို့ မရပါ။

ကန့်ကွက်မဲ သွားပေး (vote no) လိုက်ခြင်းအားဖြင့် ...
(၁) ကိုယ့်ကန့်ကွက်မဲ တစ်မဲ တိုးလာပါမယ်။
(၂) အခုဟာက ဘယ်လို အတည်ပြုမယ်ဆိုတာလည်း တရားဝင်ကြေငြာခြင်း မရှိသေးတဲ့အတွက် ကန့်ကွက်မဲ များများ ပေးထားနိုင်မှ စိတ်ချရမယ့် အနေအထားမျိုး ရှိမယ်လို့ ယူဆပါတယ်။ မဲလာပေးတဲ့သူ အရေအတွက်နဲ့ ကြည့်ကြည့်၊ ရာခိုင် နှုန်းနဲ့ ကြည့်ကြည့် ကန့်ကွက်မဲ ပိုများနေရင် ဘယ်လိုမှ လုပ်လို့မရဘူးလို့ ကျွန်တော်ယူဆပါတယ်။
(၃) ကန့်ကွက်မဲကသာလျှင် ကန့်ကွက်ကြောင်းပြနိုင်တဲ့ အကောင်းဆုံး သက်သေဖြစ်ပါတယ်။
(၄) မဲမပေးဘဲနေခြင်းဖြင့် ကန့်ကွက်မှုကို ဖေါ်ပြခြင်းဟာ ဒီမိုကရေစီရှိပြီးသား နိုင်ငံများမှာသာလျှင် ထိရောက်မှု ရှိနိုင်ပါ တယ်။
(၅) အများစုက ကန့်ကွက်လျက်နဲ့မှ ပြောင် မဲလိမ်ပြီး ဇွတ်အတည်ပြုရင်တော့ အခြေအနေတစ်မျိုး ပြောင်းသွားနိုင်ပါတယ်။ ကိုယ်မဲပေးခဲ့တာ ကိုယ်အသိဆုံးမို့ ထပ်ပြီး ပြောင်အလိမ်ခံရရင် လူထုဒေါသ ပေါက်ကွဲပြီး နောက်ထပ် အုံကြွမှုတစ်ခု ဖြစ် ကောင်းဖြစ်လာနိုင်ပါတယ်။ အခုအခြေအနေဟာ ပြည်တွင်းအားကိုသာ အားကိုးအားထားပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ "အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားကြပါ" ဆိုတာ ဒီလိုအခြေအနေမျိုးကို ပြောတာလို့ ယူဆမိပါတယ်။

နောက်ဆုံးအနေနဲ့ ၈၈ အရေးတော်ပုံ ကာလအတွင်းက ထုတ်ဝေခဲ့တဲ့ "သတင်းဂျာနယ်" မှာပါတဲ့ ဆရာအထောက်တော် လှအောင်ရဲ့ အလွန်ပြောင်မြောက်တဲ့ စကားလေးကို ကိုးကားပြီး ဆိုပါရစေ။
" .. အာဏာအကူအညီ၊ အာဏာအကာအကွယ်ဖြင့် ဆန္ဒခံယူပွဲကို ဇွတ်လုပ်ငြားအံ့ ... အလောင်း မဟာမြင့်မိုရ်တောင် အ ထပ်ထပ်နှင့် သွေးမဟာသမုဒ္ဒရာ အစင်းစင်းတို့ကို အရင်းအနှီးပြုကာ အကာအကွယ်မဲ့သော မဲပုံးအတွင်းသို့ ပြောင်ဆန္ဒမဲပေး ၀ံ့သောသတ္တိ ပြည်သူတို့ထံတွင် အပြည့်ရှိသည် ... " (မူရင်းကတော့ ဆရာက အထွေထွေ ရွေးကောက်ပွဲလို့ သုံးထားတာ ပါ။ စကားလုံးကတော့ အတိအကျ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်) လို့ပဲ ပြောချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တစ်ဦးတည်းအမြင်ကတော့ ကန့်ကွက်မဲပေးခြင်း (vote no) သာလျှင် ပိုပြီး သင့်တော်တယ်လို့ ရိုး သားစွာ ထင်မြင်ယူဆမိပါတယ်။

မဲသွားမပေးကြဖို့ (no vote) လို့ ပြောကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီအချက်တွေကို ထည့်စဉ်းစားပြီး ဖြစ်မယ်လို့ ယုံကြည် တဲ့အတွက် ကျွန်တော် စဉ်းစားမိတဲ့အချက်တွေ ဖြစ်မလာနိုင်ဘူး။ ဒါမှမဟုတ် အဲဒီလိုဖြစ်လာရင် ဘာလုပ်ကြမလဲ ဆိုတာ ကြိုတင်ပြင်ဆင်ပြီးသား ရှိတယ်ဆိုရင်လည်း လမ်းညွှန်ရှင်းလင်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။ ဒီမိုကရေစီအရေးတော် ပုံမှာ ခေါင်းဆောင်ပိုင်းက ပါဝင်နေသူများအနေနဲ့ ပြည်သူကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းလမ်းညွှန်မှုပေးရန် လို အပ်တယ်လို့ ကျွန်တော် မှတ်ယူမိပါတယ်။ ဒီလို လျှော်ကန်သင့်မြတ်ပြီး အကျိုးအကြောင်း ဆီလျော်တဲ့ လမ်းညွှန်မှုမျိုး၊ ခေါင်းဆောင်မှုမျိုးကိုလည်း လိုက်နာရန် အဆင်သင့်ရှိပါတယ်။

ဆရာ့အနေနဲ့ ကျွန်တော့် အီးမေးလ်ကို ပြန်စာပို့ပြီး သော်လည်းကောင်း၊ ဆရာ့ဘလော့ဂ်မှာ သော်လည်းကောင်း၊ ပြန် လည်ဆွေးနွေး ပေးစေလိုပါတယ်။ ဆရာ့အနေနဲ့ လိုအပ်တယ်လို့ထင်ရင် ဒီစာကို ဆရာ့ဘလော့ဂ်မှာ ဖေါ်ပြနိုင်ပါတယ်ခင် ဗျား။

ခင်မင်လေးစားလျက် …
သံတုတ်

ကိုသံတုတ်ခင်ဗျား …

စာရေးပြီး တကူးတက ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ ဘလော့မှာ တင်ထားတဲ့ နှိုးဆော် ချက်က “မဲသွားမပေးဘူး … ဟေ့” ဆိုတဲ့ စာသားအပြင် နောက်ဆက်တွဲ တိုက်တွန်းချက် “သပိတ်မှောက် ဆန္ဒပြကြ၊ ဆန္ဒ ခံယူပွဲကို တိုက်ဖျက်ကြ” ဆိုတဲ့ စာသားတွေပါ ရေးထားပါတယ်။ အဓိကကတော့ နအဖရဲ့ ဆန္ဒခံယူပွဲဟာ အဖြစ်ခံလို့ကို မရတဲ့ အနေအထားမှာရှိနေလို့ သပိတ်မှောက် ခိုင်းရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ၉၀ရွေးကောက် ပွဲ အနိုင်ရထားတဲ့ လက်မှတ်ကြီး ရှိနေလို့ပါပဲ။ အဲဒီ အနိုင်ရလက်မှတ်ကြီးသာ ကျနော်တို့ဆီမှာ လက်ဝယ်ပိုင်ပိုင် ရှိမနေခဲ့ ဘူးဆိုရင် ကျနော်လည်း ကိုသံတုတ်လိုပဲ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲ ပေးခိုင်းမိမှာပါ။ အဲဒီတော့ မဲသွားမပေးရေး၊ ကန့်ကွက်မဲ သွားပေးရေး (no vote, vote no) ကိစ္စကို မစဉ်းစားခင် ဒီဆန္ဒခံယူပွဲကြီးကို အဖြစ်ခံသင့်သလား၊ အဖြစ်မခံ သင့်ဘူးလားဆိုတာကို အရင်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ အဲဒီအကြောင်းကို အခုမတ်လထုတ် ခေတ်ပြိုင်ဂျာနယ်မှာ “နအဖရဲ့ ဆန္ဒခံယူပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြပါစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် ဆောင်းပါးတပုဒ် အကျယ်တ၀င့် ရေးထား ပါတယ်။ ကျနော့်ဘလော့မှာလည်း ပြန်တင်ထားပါတယ်။ ကိုသံတုတ် အဲဒီဆောင်းပါးကို အရင်ဖတ်ကြည့်ပေးပါဦး။ ပြီးရင် ဝေဖန်ဆွေးနွေး ချက်လေး ထပ်ပြီး ရေးပို့ပေးပါဦး။ ဆက်ဆွေးနွေးရအောင်လို့ပါ။

ခင်မင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

7 comments:

Xplode said...

I agree with Dr.Lun Swe,Pls check...
http://xplode-pluto.blogspot.com

Forrest Gump said...

90 ရွေးကောက်ပွဲရလဒ်ကိုမြဲမြဲဆုပ်ကိုင်ရမယ်..
ကျတော်လဲဒါကိုအပြည့်အဝထောက်ခံတယ်..
Vote ပေးလိုက်စစ်အစိုးရရဲ့ရွေးကောက်ပွဲ
အသစ်ကိုထောက်ခံပြီး
သားဖြစ်ပြီး 90 ရွေးကောက်ပွဲကိုလက်လွတ
်လိုက်ပါပြီဆိုတဲ့ သဘောသက်ရောက်သွားမလား
စိုးတယ်..ဒါပေမယ့်တကယ်တမ်း
ဥပဒေကြောင်းအရ 90ရွေးကောက်ပွဲရလဒ်
ကိုလွယ်လွယ်နဲ့ဖျက်ပစ်လို့မရပါဘူး..
နောက်တခုကကျတော့တို့တတွေ
Vote No/ No Vote
ကိုငြင်းပြီးရန်ဖြစ်နေကြတာထက်.....

ပထမဆုံးအနေနဲ့..
1. လူထုအုံကြွမှူ့ နဲ့ဖျက်မယ်..
2. မရရင် No Vote နဲ့ Boycott လုပ်ဖို့စဉ်းစားမယ်၊
အခြေအနေကြည့်မယ်။
3. ဒါမှမရရင် Vote No နဲ့ဆန့်ကျင်ကန့်ကွက်မယ်...

အဲ့ ဒီလိုမျိုး plan အဆင့်ဆင့်စီစဉ်ထားတာ
ပိုသင့်တော်မယ်ထင်ပါတယ်။
တနည်းအဆင်မပြေနောက်တနည်းနဲ့ပေါ့..
အားလုံးသူ့ဟာသူကောင်းကြပါတယ်...
ဒီအပေါ်မှာနိုင်ငံရေးသုခမိန်ကြီးတွေ
အချင်းချင်းဟိုဟာကောင်းတယ်
်ဒီဟာကောင်းတယ်ဆိုပြီးရန်ဖြစ်နေ
ဖို့တော့မသင့်တော်ပါဘူး...

P.S အဲ..ဒေါက်တာလွဏ်းဆွေ တို့
ကိုသံတုတ်တို့ကိုဆိုလိုတာမဟုတ်ပါဘူး

ဆန္ဒမွန် said...

(၁) လူထုဆန္ဒခံယူပွဲ ဖြစ်မလာအောင် နည်းမျိုးစုံနဲ့ တိုက်ဖျက်။
(၂) ဖြစ်လာခဲ့ ရင် ကန့်ကွက်မဲပေး။
(၃) ပေးလို့မှ မဲလိမ်ပြီး ဇွတ်လုပ်ရင် ရတဲ့နည်းနဲ့ တိုက်ဖို့ ပဲ ရှိတယ်။
လို့ကျွန်တော်မြင်ပါသည်။
လေးစားစွာဖြင့်

mgkarlu said...

First of all, I would like to ask two questions.
1)How many percentages of voters including army,navy,air-force, USDA and "Swan Arr Shin" will vote "YES" if junta doesn't force them to vote "YES" ?
2)Can junta confirm their constitution easily in front of the whole world by using army,navy,air-force, USDA and "Swan Arr Shin" if the rest of the country boycott the referendum?

By the way,
I dreamed about referendum last night.
In my dream,
90% of the whole country voted in referendum.
Actually, 95% of voters voted "NO" in big cities like Yangon, Mandalay, Bago, MoneYwar, Pakhokeku and
90% of voters voted "NO" in the rest of the country.
But junta declared the result of the referendum as following.
40% voted "YES" and 60% voted "NO" in Yangon, Mandalay, Bago, MoneYwar, Pakhokeku
because voters in those cities can protest against the result if the number of vote "YES" is larger than "NO".
Junta tightened security up in those cities.
The result of the referendum for the rest of country is 57% voted "YES" and 43% voted 'NO".
The result of the referendum for the whole country is 55% voted "YES' and 45% voted 'NO".
The democracy activists in big cities confused the junta's result and they didn't know what to do at that moment.They debated whether they should protest the result.
At that time junta confirmed their constitution according to the result of referendum.
My dream ended.
I don't want my dream come true.

mgkarlu said...

First of all, I would like to ask two questions.

1) How many percentages of voters including army,navy,air-force, USDA and "Swan Arr Shin" will vote "YES" if junta doesn't force them to vote "YES"?
2)Can junta confirm their constitution easily by using army,navy,air-force, USDA and "Swan Arr Shin"
in front of the UN and the whole world if the rest of the country boycott the referendum?

I dreamed about referendum last night.

In my dream,
90% of the whole country voted in referendum.
Actually, 95% of voters voted "NO" in big cities like Yangon, Mandalay, Bago, MoneYwar, Pakhokeku and
90% of voters voted "NO" in the rest of the country.
But junta declared the result of the referendum as following.
40% voted "YES" and 60% voted "NO" in Yangon, Mandalay, Bago, MoneYwar, Pakhokeku
because voters in those cities can protest against the result if the number of vote "YES" is larger than "NO".
Junta tightened security up in those cities.
The result of the referendum for the rest of country is 57% voted "YES" and 43% voted 'NO".
The result of the referendum for the whole country is 55% voted "YES' and 45% voted 'NO".
The democracy activists in big cities confused the junta's result and they didn't know what to do at that moment.They debated whether they should protest the result.
At that time junta confirmed their constitution according to the result of referendum.

My dream ended.
I don't want my dream come true.

mgkarlu said...

sorry one more question

How many percentages of army,navy,air-force, USDA and "Swan Arr Shin" members will vote "YES" if junta doesn't force them to vote "YES" ?

nyeinchan said...

Thanks to read ur deam deail, Mo. but NaAhPha has not good mind as in ur dream.
They won't announced the number of reject vote "NO".
They have a plan to do just so called referendum. not realism.! They announced only 'Yes'. They will made Voting only in Rual area just for show. in Urban area, they will collected with the form of voting list. and give the title by YES. and The number of USDA members will account by YES. Even though one of USDA members want to reject, he or she don't have that chance.
they will surely do over 90% of YES by using many ways, forces, or lie or etc.. .