ဒေါက်တာလွဏ်းဆွေ ခင်ဗျား …
ပြည်တွင်းက proxy အဆင့်ဆင့်နဲ့ ဖတ်နေရတာ ဖြစ်တဲ့အတွက် comments ပေးရန် အခက်အခဲ ရှိပါသဖြင့် email နှင့် ပို့ခြင်း ဖြစ်ပါသည်။
လေးစားလျက် …
ဒေါက်တာ စိုးနောင်
Comments on Ko Kyaw Win's Opinion
နိုင်ငံရေး သတိရှိရှိဖြင့် ရေးသားထားကြောင်း သိသာထင်ရှားပါသည်။ တန်ဖိုးရှိသည်မှာလည်း မှန်ပါသည်။ မည်သည့်ဘက်မှ ရပ်တည်သည်၊ မည်သည့် origin မျိုးဖြစ်သည်ကို ခွဲခြမ်းစိတ်ဖြာပြခြင်း၊ အသေးစိတ် ဝေဖန်ခြင်းပြုရုံဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို တန်ဖိုးထားသည့် ဒီမိုကရက် တစ်ယောက် မဖြစ်နိုင်ပါသဖြင့် အထူးသတိထားမိသော အောက်ပါ စကားလုံး/ သဘောတရားများကိုသာ
ဝေဖန်ဆွေးနွေးလိုပါသည်။
ကိုကျော်ဝင်း၏ ဒုတိယ လက်ဝဲသွေဖီရေး
UG/OG တွဲလုပ်တဲ့ အမှားမျိုးဟာ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တာပါ။ ဥပမာ- သခင်ဗဟိန်း (BCP - UG)နဲ့ ဒို့ဗမာအစည်းအရုံး (OG) တွဲလုပ်ခဲ့တာမျိုး။ မှန်တာပြောရရင် အဆိုပါ UG လုပ်ငန်းကို ကျွန်တော်လည်း မကြိုက်ပါ။ သို့သော် အမှားဟု ဘာကြောင့် ပြောနိုင်ပါသနည်း။ ၄င်းတို့ အယူအဆအရ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဒီမိုကရေစီလမ်းစဉ်ကို သွေဖည်မှသာလျှင် (သွေဖည်သည့် ဖြစ်ရပ် ရှိခဲ့ပါသည်။ မိမိတို့ အတွင်းပြဿနာ ဖြစ်ခဲ့သော်လည်း နိုင်ငံရေးအမှားဟု ယူဆစရာ မတွေ့ပါ)။ ထောက်လှမ်းရေးမှ ဖြိုခွဲခြင်းသည် ရမယ်ရှာခြင်းသာဖြစ်ပြီး ယူဂျီဖြစ်ခဲ့သည့် အမှားကြောင့် မဟုတ်ပါ။
ကိုကျော်ဝင်း၏ စတုတ္ထ လက်ဝဲသွေဖီရေး
ရွေးကောက်ပွဲရလာဒ်ဟာ popular vote ရဲ့ အကျိုးဆက်သာ ဖြစ်တယ်။ popular revolution ရဲ့ အကျိုးဆက် မဟုတ်။ ဒါကြောင့် ကိုယ့်ဘက်က လိုချင်တာ အကုန်မရနိုင်ဘူး။ ... ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တ NLD အနေနဲ့ ရွေးစရာ သုံးလမ်း ရှိခဲ့ပါတယ်။ ဒါပေမယ့် NLD ဟာ အန္တရာယ် အကြီးဆုံးလမ်းကြောင်း (ပထမ ရွေးချယ်မှု)ကို ရွေးခဲ့ပါတယ်။ ဂန္ဒီလမ်းကြောင်းပါ။ ဒီတော့ စစ်တပ်က ၁/၉၀ နဲ့ တုန့်ပြန်ပါတယ်။ vote ဖြစ်သဖြင့် ကိုယ့်ဘက်က လိုချင်တာ အကုန်မရနိုင်ဘူးဟု မည်သည့်အတွက် ပြောနိုင်သည်ကို သိလိုပါသည်။ NLD ရွေးချယ်စရာ သုံးလမ်းလည်း မဟုတ်ခဲ့ပါ။ ကျွန်တော် မှတ်မိသလောက် NLD က ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် လွှတ်တော်ခေါ်ရန် ရွေးခဲ့ပါသည်။ လွှတ်တော်နှင့် ပြည်သူ့အစိုးရရှိပြီးမှ အခြေခံဥပဒေ ရေးဆွဲရန် ရည်မှန်းခဲ့ပါသည်။
လွှတ်တော်၏ အစိုးရတွင် စစ်တပ်မပါရဟုလည်း မပြောခဲ့ပါ။ ထိုအတွက် ဆွေးနွေးရန် ဦးစွာ ဖိတ်ခေါ်ခဲ့ပါသည်။ ယနေ့ တချို့လူတွေ ပြောသလို dialogue သည် ခုမှ ခေတ်စားလာသော စကား/ NLD ခုမှပြောသောစကား မဟုတ်ပါ။ ဂန္ဒီလမ်းကြောင်းကို စစ်တပ်က တုန့်ပြန်ခဲ့ခြင်းလည်း မဟုတ်ပါ။ ဂန္ဒီညီလာခံမတိုင်မီ တစ်ရက်အလိုတွင် ၁/၉၀ကို ကပ်၍ ကြိုထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၁/၉၀ ကို ဂန္ဒီလမ်းကြောင်းဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုကျော်ဝင်း၏ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လွတ်ပြီး ကျင်းပနေခဲ့တဲ့ အိမ်ရှေ့တရားပွဲတွေ (Dialogue အတွက် လက်တွေ့မကြိုးစားဘဲ အပေါစား အများကြိုက်နိုင်ငံရေး Debate တွေလုပ်နေတာ (ဒါလည်း လက်ဝဲသွေဖီရေးပါ)၊ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက် power politics အတွက် မကြိုးစားဘဲ တရားဟောခြင်းအား အပေါစား အများကြိုက်ဟုပြောလျှင် အံ့သြဖွယ် ဖြစ်ပါသည်။ မှန်တော့လည်း မှန်ပေသကိုး။ အာဏာရ အစိုးရကျတော့ အများမကြိုက်ပါ။ သို့သော် အပေါစားသာ ဖြစ်ပါသည်။ Dialogue အတွက် ထိုစဉ်က မည်သို့ လက်တွေ့ကြိုးစားသင့်သည်ဟူသော ကိုကျော်ဝင်း၏ အမြင်ကို သိလိုပါသည်။
ဒေါက်တာမောင်မောင် လက်ထက်က သူ့ဘက်ကိုယ့်ဘက် Balance of power ကို ၅၀း၅၀ သတ်မှတ်ရင် လက်ရှိအခြေအနေမှာ ၉၀း၁၀ ပဲ ရှိတော့မယ်။ ကိုယ့်ဘက်မှာ ၁၀ လောက် ကျန်နေတာကိုက
ဒါကတော့ သူပြောသလိုပါပဲ။ ဒေါက်တာမောင်မောင် လက်ထဲကနေ စစ်တပ်အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာ ၁၈ ကတည်းက မိမိတို့အခြေအနေမှာ ၉၅း၅ ပင်မရှိခဲ့ပါ။ အခြေအနေ ဖန်တီးနိုင်ခွင့်ကို ၉၀ မဲပေးစဉ် တစ်ကြိမ်သာ တော်တော်လေး ရခဲ့ပါသည်။ တော်တော်လေးဟု ဆိုသည်မှာ ထိုစဉ်က မတရားမှုပေါင်းများစွာ ရှိခဲ့ပါသည်။ ဥပမာ- ကချင်ပြည်မှာဆိုလျှင် ထောင်ကျနိုင်ငံရေးသမား တစ်ဦးရှိသော အိမ်ထောင်စုတိုင်းသည် မဲစာရင်းတွင် မပါဝင်ပါ။ အလားတူ သို့မဟုတ် ထိုထက်ဆိုးသော ဖြစ်ရပ်မျိုးများစွာ လုပ်ထားခဲ့ပါသည်။ သို့သော် စစ်ရုံးရှိရာ ဒဂုံမြို့နယ်နှင့် စစ်တပ်အပြည့် သက်သက်ရှိသော မှော်ဘီတွင်ပါ NLD နိုင်ခဲ့သဖြင့် တရားမျှတမှုသည် campaign တွင် ရှိသည်ဟု မှတ်ချက်ချခဲ့ကြခြင်း ဖြစ်ပါသည်။ ခေါင်းဆောင်မှု မကောင်းလို့ ၉၀း၁၀ ဖြစ်ခဲ့ခြင်း မဟုတ်ပါ။ အပွင့်လင်းဆုံး ပြောရလျှင် သေနတ်ပြောင်းဝအောက်၌ ၁၀ ရာခိုင်နှုန်းထိ ဖန်တီးခွင့်ရလာအောင် များစွာ ပေးဆပ်ခဲ့ကြရပါသည်။
သူ့ဘက်
Rule of the game တစ်ခုလုံးကို စိတ်တိုင်းကျရေးနိုင်တဲ့ အနေအထားရှိနေပြီ၊ သူ့စိတ်ကြိုက် ဗျူဟာခင်းနိုင်ပြီ။
မည်သည့် ဆိုလိုရင်းဖြင့် ရေးထားသည်ကို နားမလည်လောက်အောင် ဖြစ်ရပါသည်။ အုပ်ချုပ်ရေး ၀န်ထမ်းများကို ညွှန်ကြား အကောင်အထည် ဖော်နိုင်သည့် အခြေအနေရှိသည့် အစိုးရအနေဖြင့် လုပ်ချင်တာကို လုပ်နိုင်ပါသည်။ သို့သော် မည်သို့တုန့်ပြန်ခံရမည်ကိုတော့ သမိုင်းကသာ စကားပြောပါလိမ့်မည်။ ကိုကျော်ဝင်း ဆိုသလို စိတ်ကြိုက်သာ ခင်းနိုင်မည်ဆိုလျှင် Road Map ပင် ထွက်လာစရာ အကြောင်းမရှိပါ။ Road Map ထွက်လာသည်မှာ ၂၀၀၄ ဖြစ်ပြီး ၉၀ ကိုကျော်ခဲ့သည်မှာ ၁၄ နှစ်ရှိပါပြီ။ စက်တင်ဘာလို ဖော်ပြနိုင်သည့် အင်အားလည်း မရှိပါ။ စိတ်ကြိုက်အခြေအနေမှာ ရှိမနေသဖြင့် ထိုလမ်းစဉ် ပေါ်လာရပြီး ယခုလည်း Referendum နှင့် election အသံတွေ ထွက်လာရခြင်း ဖြစ်ပါသည်။ သူတို့၏ မူလလမ်းစဉ်မှာ ညီလာခံ တစ်ခုတည်းဖြင့် အတည်ပြုရန်သာ ဖြစ်ပါသည်။ ညီလာခံတစ်ရပ်ဖြင့် ရေးဆွဲပါက Referendum မလိုပါ။
၄၇ နှင့် ၇၄ ကို ယှဉ်ကြည့်ပါ။
အနာဂတ် အလားအလာ (၂၀၁၀ အလွန်)
ဖြစ်နိုင်ခြေအရှိဆုံး အလားအလာမှာ ၂၀၀၈ မေလ ဆန္ဒခံယူပွဲတွင် constitution အတည်ပြုနိုင်ဖို့ များပါသည်။ ထိုမှ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲလည်း ကျင်းပလာနိုင်ပါလိမ့်မည်။ အဆိုပါ ဖြစ်နိုင်ခြေမျိုးကတော့ ၉၀ မတ်လလောက်ကလည်း ကိုကျော်ဝင်းရော န၀တပါ ခန့်မှန်းခဲ့ဖူးပုံရပါသည်။ ကိုကျော်ဝင်းအနေဖြင့် အတည်မပြုနိုင်လျှင် ကျွန်တော်တို့အတွက် အဆိုးဆုံး အခြေအနေ ဖြစ်မည်ဟုလည်း ခြိမ်းခြောက်ထားပါသည်။
ကျွန်တော်တို့ အင်အားပြလျှင် ခြေမှုန်းခံရမည်ဖြစ်ရာ အဆိုးဆုံး ဆိုသည်ကိုတော့ မငြင်းလိုပါ။ သို့သော် စောစောကပြောသည့် Rule of the game စိတ်ကြိုက်လုပ်ထားသည့် စစ်တပ်အတွက်ရော အကောင်းဆုံး ဘယ်နည်းနှင့်မျှ မဟုတ်ပါ။ ဒီတစ်ကြိမ် ထိပ်တိုက်ဖြစ်ခဲ့လျှင် တပ်တွင်းအပြောင်းအလဲ မဖြစ်ပါက ပြည်တွင်းစစ်သာ ရှိပါတော့သည်။ ပြည်တွင်းစစ်ဒဏ်ကို အခံခဲ့ရဆုံးမှာလည်း (ကိုကျော်ဝင်းတို့
ကျွန်တော်တို့ မြို့နေလူထုနှင့် ယှဉ်လျှင်) စစ်သားများသာ ဖြစ်သဖြင့် ထို့ပြင် စစ်သားများသည်လည်း စစ်ဗိုလ်များက မွေးထားခြင်း မဟုတ်ဘဲ လူထု၏ သားများသာ ဖြစ်သဖြင့် အပြောင်းအလဲသာ လမ်းကြောင်း ကျန်ရစ်ပါသည်။
နိဂုံးပြောရလျှင် ယခုလမ်းစဉ်အတိုင်း လိုက်ပြီး ပြုပြင်ယူသင့်သည့် အဆိုကို ကျွန်တော်လည်း သဘောကျပါသည်။ သို့သော် စက်တင်ဘာဖြစ်ရပ်သည် အယူအဆတိုက်ပွဲ မဟုတ်ပါ။ မည်သည့် နိုင်ငံရေးလမ်းစဉ် (လက်ဝဲ လက်ယာ တရုပ် အီရတ်) ကမျှ သံဃာတွေမှားပြီး စစ်တပ်မှန်သည်ဟု မပြောနိုင်ခဲ့ပါ။ အယူအဆ ကွဲလွဲမှုကို၊ ဥပမာ ဒီမိုကရေစီနှင့် ဆိုရှယ်လစ်နှင့်၊ သို့မဟုတ် ပြည်ပစွက်ဖက်မှု မလိုလားသည့် အဖွဲ့နှင့် ဒီမိုကရက်တို့နှင့် ညှိနှိုင်းနိုင်သော်လည်း စက်တင်ဘာ၏ အစွန်းနှစ်ဖက်တို့ ပြေငြိမ်းပြီး အုပ်ချုပ်ခြင်းဆိုသည်မှာ မဖြစ်နိုင်ပါ။ Road Map အစိုးရလွှတ်တော်နှင့် ၀န်ကြီးများ ဘုန်းကြီးတွေ့လျှင် ကန်တော့သည့်အဖွဲ့နှင့် ပစ်သည့်ရိုက်သည့်အဖွဲ့ မည်သို့ဆွေးနွေး စီမံအုပ်ချုပ်ကြမည်ကို တွေးကြည့်ရန်ပင် မဖြစ်နိုင်ပါ။ အလွယ်ဆုံးပြောရလျှင် ၁ နှင့် ၃ ပေါင်းလျှင် ၂ ရသည် ဆိုသောအဖွဲ့နှင့် ၄ ရသည်ဆိုသော အဖွဲ့များကြား ညီညွတ်အောင် ကြိုးစားလျှင် ပျှမ်းမျှ သို့မဟုတ် ကြားနေသမားက (၂+၄)/၂ = ၃ ဟုအဖြေပေးခြင်းသည် လွန်စွာမှ ရယ်ဖွယ်ဖြစ်ပါသည်။
Sunday, March 16, 2008
Comments on Ko Kyaw Win's Opinion
Subscribe to:
Post Comments (Atom)
9 comments:
EXCELLENT!!!
Thank a lot Dr. Soe Naung.
Ko Kyaw Win's "WIN WIN" theory is better off for junta and worse off for us.
Our own "WIN LOSE" theory is the best for us and the worst for junta.
I think it's time democratic forces sat at a table and decide if people should NOT VOTE or VOTE NO. Time is running out and we haven't yet got an answer.
ကျွန်တော့်အမြင်ပြောရရင် "No Vote" သည်
သတ္တိမရှိသော လုပ်ရပ်ဟု အကြမ်းအားဖြင့်
နားလည်ထားပါသည်။ ကိုကျော်ဝင်းတင်ပြထား
ချက်တွေက အန္ဓရာယ်များတယ်ဆိုရင်
"No Vote" အတွေးအခေါ်က အဲဒီထက်
အန္ဓရယ်ပိုများပါတယ် ကိုယ့်ကိုကိုယ်
စည်းဝိုင်းအပြင်ဘက်ကိုပို့နေတဲ့ Idea ပါ
ခင်ဗျားတို့ ဒီဆန္ဒခံယူပွဲကိုမကြိုက်ဘူး
ဆိုရင် တကယ်လည်းသတ္တိရှိတယ်ဆိုရင်
"Vote No" ပဲပေါ့ မဲရုံတွေကို သွားပြီး "No"
လို့ပဲ ဆန္ဒပေးရမှာပဲပေါ့ (သူတို့တွေလိမ်တယ်
မလိမ်ဘူးဆိုတာထက်) ခင်ဗျားတို့ကန့်ကွက်မဲ
ပေးဘို့က ပိုအရေးကြီးပါတယ် ခင်ဗျားတို့
မဲမပေးဘူးဆိုရင်သာ ခင်ဗျားတို့ရဲ့ရပ်တည်ချက်
ကိုပြသဘို့အခွင့်အရေးထပ်ပြီးဆုံးရှုံးသွားမှာပါ
နောက်တစ်ချက် အခုလိုအခြေအနေမျိုးနဲ့
ဘယ်တော့မှ ပြည်တွင်းစစ် မဖြစ်ဘူးလို့ကျွန်တော်
သေချာပြောရဲပါတယ် ပြည်တွင်း/ပြည်ပ ဒီမိုကရေစီ
အဖွဲ့တွေ၊ လက်နက်ကိုင် ဆန့်ကျင်ရေးသမားတွေ၊
အဝေးရောက်အစိုးရအဖွဲ့တွေ သူတို့တွေစုပေါင်းပြီး
တိကျပြတ်သားတဲ့မူဝါဒ ဘာတွေများချမှတ် နိုင်ခဲ့
လို့လည်း တစ်ဖွဲ့တစ်မျိုးထင်ရာတွေလုပ်နေကြတာပဲ
အဲဒီအဖွဲ့တွေထဲမှာတောင်နိုင်ငံရေးဗန်းပြပြီး
ကိုယ်ကျိုးလုပ်နေတဲ့သူတွေဘယ်လောက်များနေလည်း
မသိဘူး အဓိကပြောချင်တာက မစည်းလုံးဘူး
ခိုင်မာပြတ်သားတဲ့လမ်းစဉ် လက်တွေ့နဲ့နီးစပ်တဲ့
လမ်းစဉ် ဘယ်သူမှမချမှတ်နိုင်သေးဘူး
နောက်ပြီးဘယ်မှာလည်းလက်နက်?
စိတ်ကူးမယဉ်ပဲနဲ့ လက်တွေ့ဖြစ်နိုင်တာကို
စဉ်းစားကြည့် ဘယ်မှာလဲ အခြေခံစစ်သင်တန်းတွေ?
ဒီလူအုပ်နဲ့ အခုလက်ရှိ နဝတ စစ်တပ်ကို
ဘယ်လိုတိုက်မှာလဲ ကျွန်တော်ဖြင့်စဉ်းစားလို့
တောင်မရဘူး ဘယ်သူတွေကခေါင်းဆောင်မှာလဲ?
ဗကပ တွေတိုက်နေတာဘယ်လောက်ကြာပြီလဲ
တခြားလူမျိုးရေးအဖွဲ့တွေ တိုက်နေတာဘယ်လောက်
ကြာပြီလဲ အောင်မြင်လို့လား? Al Quida တွေကော
အောင်မြင်ရဲ့လား? နဲနဲစဉ်းစားစေချင်ပါတယ်
ဘာလို့မအောင်မြင်တာလဲဆိုတာကို
ကျွန်တော်ကတော့ အစွန်းတွေရောက်နေလို့လို့မြင်ပါတယ်
အစွန်းတွေသိပ်ရောက်နေရင် မအောင်မြင်နိုင်ပါ
ပြည်တွင်းစစ်ဘယ်အချိန်ဖြစ်မလဲ ?
အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရပြီး
ဖြစ်ခဲ့တဲ့ပြည်တွင်းစစ်ကို သတိရကြည့်ပါ
အာဏာခွဲဝေမှုတွေမသင့်မြတ်တာကြောင့်ဖြစ်ရတာပါ
အခုအချိန်ဒီမိုကရေစီရကြည့် (သေချာတယ်
အခုဖြစ်နေပုံနဲ့) ပြည်တွင်းစစ်တန်းကနဲပဲ
ဒါကနောက်တစ်ချက်ကျွန်တော်တို့ကြိုတင်
စဉ်းစားကာကွယ်ထားရမဲ့အချက်
အစိုးရကိုဆန့်ကျင်နေတဲ့သူတွေ တော်တော်
များများက လူမျိုးရေးရှေ့တန်းတင်တဲ့ လက်နက်
ကိုင်အဖွဲ့အစည်းတွေကိုမှီခိုပြီးနေနေရတာတွေလေ
တကယ်လို့များအခုအချိန်သာဒီမိုကရေစီရလာကြည့်
ဘာတွေဖြစ်လာမလဲ ဗေဒင်တောင်မေးစရာမလိုဘူး
ရှင်းလင်းပြတ်သားတဲ့မူဝါဒတွေ လမ်းစဉ်တွေ
သေသေချာချ ချကြပါ အခြေခံခိုင်မာအောင်အရင်လုပ်
ကြပါ (တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ဘို့လိုတယ်
ဆိုတာဘယ်တော့မှမမေ့ပါနဲ့ ခုရေတွင်းတူး ခုရေကြည်
သောက် မလုပ်ချင်ပါနဲ့ ဘယ်တော့မှမရပါဘူး)
ထိုင်းကိုပဲကြည့်မလား၊ အင်ဒိုနီးရှားကိုပဲကြည့်မလား၊
မလေးရှားကိုပဲကြည့်မလား အခုအခြေအနေကိုရောက်ဘို့
(နိုင်ငံရေးအခြေအနေကိုပြောတာပါ စီးပွားရေးမဟုတ်ပါ)
တစ်ဆင့်ချင်းလုပ်ခဲ့ကြတာကြည့်ပဲ အဲဒါကြောင့်မို့
တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဖြစ်နိုင်တာကနေ အရင်စပါ
ပြီးမှ တစ်ဆင့်ချင်းတက်ယူကြပါ
ခင်မင်လျက်
ညီညီလင်း
Hi Ko Nyi Nyi Lin,
You said that there will be civil war when we get democracy.
Civil war is happening in our country right now.
Our country has civil war because our coungry doesn't have democracy.
Thai, Indonesia and Malaysia don't have civil war because they have democracy.
Most of the democracy countries over the world don't have civil war.
The best solution to end civil war happening in our coungry is to implement democracy.
Can you please shut up your mouth?
Thanks and Regards,
Htin Aung Kyaw
ဟဲလို ကိုထင်အောင်ကျော်
ကျွန်တော်ဆိုလိုချင်တာက တစ်ဆင့်ခြင်းလုပ်
ဘို့ပြောနေတာပါ ယိုးဒယားမှာဆိုတာ ကျနော်
တို့အလယ်တန်းကျောင်းသားဘ၀ကခဏခဏ
စစ်တပ်ကအာဏာသိမ်းနေတဲ့နိုင်ငံပါ
တစ်ခါတစ်လေအာဏာသိမ်းတာများ
တစ်ခါနဲ့တစ်ခါ တစ်လတောင်မကွာဘူးထင်
မိပါရဲ့ အဲဒီလိုအခြေအနေကနေ ဒီကနေ့
အခြေအနေကိုရောက်လာအောင် တဖြည်း
ဖြည်းချင်းလာခဲ့ရတာပါ ချက်ခြင်းကြီး တန်း
ပြီး ဒီကနေ့ အခြေအနေကိုရောက်လာတာ
မဟုတ်ပါဘူး အဲဒီခေတ်ကိုသိမှီမယ်လို့ထင်
ပါတယ် တကယ်လို့မသိဘူးဆိုရင်ပြန်လေ့
လာကြည့်ပါဦး ဆရာကြီးလေသံနဲ့ပြောနေတာ
မဟုတ်ပါ တကယ်သိစေချင်တဲ့စေတနာပါ
ဆိုဗီယက်ယူနီယံကြီး ကွန်မြူနစ်စနစ်ပြိုကွဲပြီး
ဒီမိုကရေစီစနစ်ကိုထူထောင်တဲ့အချိန်ကျမှ
ဘာလို့အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတာလဲ?
ယူဂိုဆလားဗီးယား နိုင်ငံ ကွန်မြူနစ်စနစ်ကနေ
ဒီမိုကရေစီစနစ် ကိုကူးပြောင်းတဲ့အချိန်မှာ
ဘာကြောင့်ပြည်တွင်းစစ်တွေဖြစ်ခဲ့ရတာလဲ?
ချက်ကိုစလိုဗေးကီးယားနိုင်ငံ ဒီမိုကရေစီစနစ်အကူး
မှာ ဘာကြောင့် နှစ်နိုင်ငံကွဲသွားရတာလဲ?
(ကွန်မြူနစ်စနစ်ကိုထောက်ခံနေခြင်းမဟုတ်ပါ
ကွန်မြူနစ်စနစ်ကို လုံးဝ(လုံးဝ) မကြိုက်ပါ
လူမျိုးရေးရှေ့တန်းတင် လက်နက်ကိုင်အဖွဲ့အစည်း
များနှင့်ပါတ်သက်၍ ကြိုတင်စဉ်းစားဆင်ခြင်သင့်
သည်ကို ထောက်ပြနေခြင်းဖြစ်ပါသည်)
စီးပွားရေးအရ အင်အားအကောင်းဆုံးဒီမိုကရေစီ
နိုင်ငံ အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်ဘူးပါတယ်
လူဖြူလူမဲခွဲခြားတဲ့စနစ်ဆိုးကြီးရှိခဲ့ဘူးပါတယ်
လူဦးရေအများဆုံးဒီမိုကရေစီနိုင်ငံ အိန္ဒိယနိုင်ငံ
ကနေ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်ခွဲထက်ဘူးပါတယ်
ပြီးတော့ကျနော်ပြောတာတွေက အားလုံးဝိုင်း
ဝန်းပြီးစဉ်းစားဘို့လိုတာတွေကိုတင်ပြနေတာပါ
ကိုယ်နဲ့အတွေးမတူတာနဲ့ တစ်ဘက်သူကို
တစ်ဘက်သတ်ပြောတာဟာကောင်းတဲ့အမူ
အကျင့်မဟုတ်ပါ
(မသိလို့မေးပါရစေ
ကိုထင်အောင်ကျော်ဟာ နဝတ စစ်တပ်ကို
ထောက်ခံတဲ့သူလား ဒါမှမဟုတ် ဆန့်ကျင်
ကန့်ကွက်နေတဲ့သူလား)
စစ်တပ်ကဗိုလ်ချုပ်တွေကတော့
(ငါမှငါ အမှန်
မင်းတို့ဘာမှလာမပြောနဲ့
မင်းတို့ဘယ်လောက်သိလို့လဲ
မင်းတို့သိတာတွေက အမှားတွေ
ငါတို့သိတာတွေကမှ အမှန်
ဘာမှဆွေးနွေးစရာအကြောင်းမရှိဘူး
မင်းတို့ကတိုင်းပြည်ကိုဘယ်လောက်ချစ်လို့လဲ
မင်းတို့ရဲ့အယူအဆတွေက တိုင်းပြည်ကို
ချောက်ကမ်းပါးထဲ ဆွဲခေါ်နေတာ)
သူတို့က ဒီလို Idea မျိုးတွေနဲ့
အုပ်ချုပ်နေတာ ကိုထင်အောင်ကျော်လည်း
စစ်တပ်အုပ်ချုပ်မှုကိုမကြိုက်ရင်
စစ်တပ်ကိုမထောက်ခံရင်
စစ်တပ်အမူအကျင့်မျိုးမလုပ်ပါနဲ့
ကိုယ်ကိုတိုင်ကစပြီးပြောင်းလဲဘို့လိုပါတယ်
ဆွေးနွေးပါ စဉ်းစားပါ အမှန်ကိုမြင်အောင်ကြည့်ပါ
ဆွေးနွေးပြီး ငြင်းခုံတာကောင်းပေမဲ့
အကြောင်းမဲ့ (အကြောင်းပြချက်မပြောဘဲ)
ဇွတ်ငြင်းနေတာတော့ မကောင်းပါ
#ကျနော့်ကို တိုက်ခိုက်လာရင်ပြန်လည်ချေပ
မည် မဟုတ်ပါ အကြောင်းမဲ့ ငြင်းခုံခြင်း
ထေ့ခြင်းငေါ့ခြင်းများကို စိတ်မဝင်စားပါ#
ခင်မင်စွာဖြင့်
ညီညီလင်း
Hi Ko Nyi Nyi Lin,
In the world history ,many countries had civil wars according to their own conditions.
A lot of countries have developed and have peace much after implementing democracy.
There might be a few countries in which civil war happened after implementing democracy.
Every country has its own history, culture and characteristics.
That's why a country can develop and has peace quickly or civil war might happen in which after implementing democracy .
It depend on her conditions.
Anyhow , nowadays most of the democratic countries from American, England to Japan , S.Korea
have developed and have peace.
Ok let's see our country.
Civil ware has been lasting in our country over 40 years under military junta.
That's why you should not say "There will be civil war in our country if we get democracy now".
If civil war was not happening in our country right now, you would have the chance to say like that.
At the moment ,Civil war is happening in our country under military junta.
That's why your word is absolutely rubbish.
Ok let's consider what will happen if we get democracy now.
Civil war will end immediately by holding meaningful dialog with ethnic groups.
In our history , we had successful dialog with ethnic groups.
Bo Goke Aung Sun and ethnic leaders agreed to stay together peacefully in "Pin Lone convention(12-Feb-1947)".
Daw Aung Sun Su Kyi and ethnic leaders will do it again.
Our country will become rich like other democratic countries such as S.Korea.
Ok let's consider what would happen if our country governed by military junta or puppet government controlled
by military over next 20 years.
Civil war would last because junta can't end civil war during over 40 years.
Our country would be the poorest country in the world because she is getting poorer under military junta.
If military junta lasted over 50 years,
Our country,race,culture and literature would disappear from the world like "Pyu".
Hi Ko Nyi Nyi Lin,
You want to go to democracy step by step and to start possible step right?
I think your first step is to endorse referendum in May to last military junta or to appear puppet government controlled by military.
If so our country would be as I mentioned above.
I think you and kyaw win are the staff of kyaw san (so called minister - pig face guy) right?.
You both are carrying out the kyaw san's program "attacking media to media" by pretending as democracy activist right?
My dear friend , please be honest and try to earn clean income and have the clean food everyday.
Don't you have self-confidence and abilities that you can earn clean income and food?
Please ask yourself above question every morning in front of mirror.
Please don't say rubbish again and again for the sake of yourself.
Btw, My first step for democracy is to cancel the referendum by boycotting, protesting and voting NO.
I believe it is possible.
Best Regards,
Htin Aung Kyaw
Hi ကိုထင်အောင်ကျော်,
အဲဒီလိုလုပ်ပါ အယူအဆမတူတာတွေက
ညှိလို့ရပါတယ် အနဲဆုံးတော့ ကျနော်တို့
Vote 'No' မှာတူတယ်ဗျာ ဒီကနေတစ်ဆင့်မှ
ဆက်ဆွေးနွေးလို့ရမှာပေါ့
ဒါပေမဲ့ပြည်တွင်းစစ်ဆိုတဲ့အပေါ်မှာတော့
သိပ်ပြီးတော့ သဘောမတူချင်ပါ ဘယ်လို
အခြေအနေမျိုးကိုမှ ပြည်တွင်းစစ်လို့ခေါ်တာလဲ?
အခုအခြေအနေကို ပြည်တွင်းစစ်လို့ကျနော်မယူ
ဆပါ လူမျိုးရေးရှေ့တန်းတင် လက်နက်ကိုင်
အဖွဲ့အစည်းများ နှင့် နဝတကြား ပြည်တွင်းစစ်
ဟုသတ်မှတ်လောက်သည့် တိုက်ပွဲများမရှိပါ
အဲဒီတော့ပြည်တွင်းစစ်လို့ပြောလို့ရတယ်ဆိုရင်
တောင် တိုင်းပြည်ပြိုကွဲလောက်အောင်ထိ
အန္ဓရာယ်ကြီးသော ပြည်တွင်းစစ်မဟုတ်သေးပါ
နောက်မှပဲ ဆက်ဆွေးနွေးတာပေါ့ဗျာ
ဒီနေ့တော့ မအား တော့ဘူး
ကျနော် နဲနဲအလုပ်များနေတယ်
နေ့လည်ပိုင်း ခွင့်ယူပြီး Interview
တစ်ခုသွားမယ် ပြင်ဆင်စရာရှိတာ ပြင်ဆင်
လိုက်ဦးမယ် (ကျနော် Singapore မှာ အလုပ်
လုပ်နေပါတယ် IT Field ထဲမှာပါ
ကျော်ဆန်းခေတ်မရောက်ခင်ကတည်းက
အစိုးရအလုပ် လုပ်ချင်ရင် ရပါတယ်
လွယ်လွယ်ကလေး ကျနော်တို့ခေတ်က
ဆက်သွယ်ရေးအလုပ်ဝင်လုပ်တဲ့သူတိုင်း
နိုင်ငံခြားသွားရတယ် အနဲဆုံး ဂျပန် နဲ့
ဂျာမဏီပဲ ကိုယ့်လိပ်ပြာ ကိုယ်လုံချင်လို့
အငတ်အပြတ်ခံပြီး အစိုးရအလုပ်ကို
ဝင်မလုပ်ခဲ့တာပါ ) #ဘယ်လိုအချက်တွေကြောင့်
ကျနော့်ကို နဝတ လူလို့စွတ်စွဲရတာလဲ#
လူတစ်ဘက်သားကိုအရမ်းမစွတ်စွဲပါနဲ့ ကြိုပြီးတော့
အထင်အမြင်မသေးထားပါနဲ့ အဲဒီလိုလုပ်ရပ်တွေက
တခါတရံ ကိုယ့်လူကို သူ့ဘက်သားဖြစ်အောင်
တွန်းပို့ပြစ်တတ်ပါတယ် စည်းရုံးရေးအပိုင်းအရ
ကြည့်ရင်လဲ အန္ဓရယ်များတဲ့လုပ်ရပ်ဖြစ်ပါတယ်
ခင်မင်စွာဖြင့်
ညီညီလင်း
Hi Ko Nyi Nyi Lin,
According to UNHCR Site (www.unhcr.org) ,about 140000 refugees from our country are living in closed Thai refugee camps at the moment.
There are many refugees from our country in other countries like USA, Norway, Japan , Malaysia, India, Bangladesh so on.
Many thousands of people have already abandoned their homes under military junta.
It is because of civil war.
It is because of military junta.
Your definition of "civil war" is the time that your family and relatives abandon their homes and they are staying in closed Thai refugee camps?".
Although our country might not be divided by current civil war, she would disappear from the world if military junta or the puppet government of military governed her over next 50 years.
Do you know military junta is issuing citizen cards easily to the chinese coming from china?
I don't know you are chinese or not.
I don't hate chinese but I don't want chinese's influence on our country.
Do you know islam spread rapidly in Keren State such as "Phar Ann"?
Under military junta many people are very poor in Karen State and muslim use the money provided by rich islamic countries to persuade those poor Keren children to become islam.
I don't know you are isalm or not.
I don't want our country to become isalmic country.
I think you are the staff of kyaw san ( pig face man) or the member of aye lwin and
dr soe lin group because you said "There will be civil war if we get democracy now".
In my opinion you are trying to persuade some democracy activist to endorse junta's constitution by pretending as democracy activist.
Please be honest my dear friend.
Best Regards,
Htin Aung Kyaw
Hi Ko Nyi Nyi Lin,
According to UNHCR Site (www.unhcr.org) ,about 140000 refugees from our country are living in closed Thai refugee camps at the moment.
There are many refugees from our country in other countries like USA, Norway, Japan , Malaysia, India, Bangladesh so on.
Many thousands of people have already abandoned their homes under military junta.
It is because of civil war.
It is because of military junta.
Your definition of "civil war" is the time that your family and relatives abandon their homes and they are staying in closed Thai refugee camps?".
Although our country might not be divided by current civil war, she would disappear from the world if military junta or the puppet government of military governed her over next 50 years.
Do you know military junta is issuing citizen cards easily to the chinese coming from china?
I don't know you are chinese or not.
I don't hate chinese but I don't want chinese's influence on our country.
Do you know islam spread rapidly in Keren State such as "Phar Ann"?
Under military junta many people are very poor in Karen State and muslim use the money provided by rich islamic countries to persuade those poor Keren children to become islam.
I don't know you are isalm or not.
I don't want our country to become isalmic country.
I think you are the staff of kyaw san ( pig face man) or the member of aye lwin and
dr soe lin group because you said "There will be civil war if we get democracy now".
In my opinion you are trying to persuade some democracy activist to endorse junta's constitution by pretending as democracy activist.
Please be honest my dear friend.
Best Regards,
Htin Aung Kyaw
Post a Comment