Sunday, March 9, 2008

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် ပတ်သက်၍ ကြားသိသမျှ ...

www.didfortwayne.blogspot.com မှ ကူးယူးဖော်ပြသည်
မြန်မာပြည်တွင်းမှ သတင်းပေးပို့ချက်အရ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးတယောက် သန်းရွှေ၊ တေဇတို့၏ အနွယ်ဝင်များဖြစ်သော Max (ဇော်ဇော်- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ)နှင့် လွယ်ဟိန်း ကုမ္ပဏီ (ဦးစိုင်း- ဒေါ်ဂျူလီ) တို့၏ စီးပွားရေး အကျိုးအမြတ်အတွက် ရည်ရွယ်၍ လည်းကောင်း၊ နအဖ စစ်အာဏာရှင်တို့၏ ၀ါဒဖြန့်ချိရေးအတွက် လည်းကောင်း ၊ ချင်းပြည်နယ်နှင့် မြိတ်ကျွန်းစု ခရီးစဉ်များအား သွားရောက်ပြီး မှတ်တမ်းဗွီဒီယိုများ ရိုက်ကူးနေကြောင်း ကြားသိရပါသည်။

လွင်မိုး ရိုက်ကူးနေသော ဗွီဒီယိုမှတ်တမ်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့၏ ဘ၀အဖြစ်မှန်များကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ ၎င်းတို့၏ စီးပွားရေးအတွက် တိုင်းရင်းသားများအား ချနင်း အသုံးချခြင်းသာ ဖြစ်သည်ဟုမျိုးချစ်မြန်မာ့ရုပ်ရှင် အသိုင်းအ၀ိုင်းမှ မှတ်ချက်ချကြောင်းလည်း စုံစမ်းသိရှိရပါသည်။ ထို့အပြင် မင်းသားလွင်မိုးသည် သူရိုက်ကူးခဲ့သည့် နအဖနှင့် နအဖအနွယ်ဝင်များအား အကျိုးပြုစေမည့် တိုင်းရင်းသားများအား ချနင်းအသုံးချထားသည့် သူ၏ ခရီးသွားဗွီဒီယိုမှတ်တမ်းအား မြန်မာ့ရုပ်မြင်သံကြားနှင့် MRTV4တို့မှ ထုတ်လွှင်ခဲ့ပြီး၊ နအဖ၀ါဒဖြန့်ချိရေးအား ပံ့ပိုးစေမည့် သူ၏ ချင်းပြည်နယ် ခရီးသွားမှတ်တမ်း ဗွီဒီယိုအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်ဖြန့်ဝေရန် စီစဉ်နေသည်ဟု ကြားသိရပါသည်။

လွင်မိုး၏ အမေရိကန်ခရီးစဉ်အတွက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သော မြန်မာပြည်တွင် တချိန်တခါက အောင်မြင်ကြော်ကြားခဲ့သည့် မြန်မာအနုပညာရှင်တဦး၏ ခင်ပွန်းသည်နှင့် သဘောတူညီမှု ရယူထားပြီး ဗီဇာကိစ္စအတွက် စီစဉ်နေကြောင်းလည်း သိရပါသည်။

ရဟန်းသံဃာနှင့် ပြည်သူအား သတ်ဖြတ်ညှင်းပန်း နှိပ်စက်နေသော စစ်အာဏာရှင်နှင့် သူတို့၏ အနွယ်ဝင်များ သက်ဆိုးရှည်စေရန် အားပေးထောက်ပံ့ အကျိုးပြုသူမှန်သမျှအား ကျွန်ုပ်တို့မှ ပြတ်ပြတ်သားသား ဆန့်ကျင်သွားရမည်ဖြစ်ပြီး၊ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒများအား လေးစားလိုက်နာကြရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး၏ မြန်မာနိုင်ငံသားတို့၏ ပကတိဆန္ဒများနှင့် ကိုက်ညီမှုမရှိသော အမေရိကန် ခရီးစဉ်အတွက် ကျွန်ုပ်တို့ အမေရိကန်အစိုးရသို့ တင်ပြကန့်ကွက်ကြရမည် ဖြစ်ပါသည်။
လွင်မိုးအနေဖြင့် ပြည်သူချစ်သော ပြည်သူ့အကျိုးပြု အနုပညာရှင်တဦးအဖြစ် အချိန်မီ ပြန်လည် ပြုပြင်ရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

No comments: