Saturday, March 1, 2008

အေးလွင် အုပ်စုကို သတိထားကြ။ ဆန်ကျင့်ကြ

မိုးသီးဇွန်

အေးလွင်ဟာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်ပါတယ်။ အခုသူဟာ နအဖနဲ့ပေါင်းပြီး လမ်းမှားကို ရောက်သွားပါတယ်။ သူကိုသတိထားကြပါ။ ဆန့်ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ သူဟာ ၈၈ မျိုးဆက်ကျောင်းသား မဟုတ်တော့ဘူး။ သူဟာ နအဖလက်ကိုင်တုတ် လုံးလုံးဖြစ်နေပါပြီ။ လက်ရှိ သူအဓိကလုပ်နေတာကတော့ …

၁- အမေရိကန်အစိုးရ စီးပွားရေး ပိတ်ဆို့တာကို ဆန်ကျင့်နေပါတယ်။
၂- ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။
၃- နအဖရဲ့ လမ်းပြမြေပုံကို ထောက်ခံပေးနေပါတယ်။
၎- အခြေခံဥပဒေကို ထောက်ခံနေပါတယ်။
၅- နအဖထံမှာ ငွေ၊ တိုက်ခန်း၊ ကား၊ လက်ကိုင်ဖုန်း စသည့် အကျိုးအမြတ်များကို ရရှိနေကြပါတယ်။
၆ - အီးမေးလ်များမှတဆင့် နအဖ သတင်းစာများကို အဆက်မပြတ် ပို့နေခြင်း။

သူတို့လှုပ်ရှားမှု သတင်းများကိုလည်း ပို့လေ့ရှိကြပါတယ်။ သူတို့ အုပ်စုမှာ အဓိကလှုပ်ရှားသူတွေက ဘယ်သူတွေလဲဆိုတော့ …

၁- အေးလွင်
၂- ၀င်းမောင်
၃- ကျော်သူရ၀င်း
၎- စိုးပိုင်
၅- ရဲမျိုးခိုင်
၆- ကျော်လ
၇- သူရအောင်
၈- ကံကြီးမောင်
၉- မျိုးဇော်ဦး
၁၀- ကျော်ကျော်ခိုင်
၁၁- ထိန်မင်း
၁၂- သန်းဦး
၁၃- ရဲထွန်းတို့ ဖြစ်ပါတယ်။

နအဖမှ အေးလွင်ကို သိန်းငါးထောင် ပေးထားတယ်လို့ သတင်းထွက်နေပါတယ်။ ပုလဲကွန်ဒိုမီနီယံမှာ
တိုက်ခန်းပေးထားပြီး ရုံးဖွင့်လှုပ်ရှားနေကြပါတယ်။ ကားနဲ့ မိုးလ်ဘိုင်းဖုံးများ လစဉ်ထောက်ပံ့ငွေများ ရနေ
ကြပါတယ်။ ဂျပန်ကို လာရောက်ပြီး ဂျပန်အစိုးရပိုင်ကို စည်းရုံးဖို့ အစီအစဉ်များလည်း ပြုလုပ်နေကြောင်း သတင်းရပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုကို တုန်ပြန်ဖို့ လိုအပ်ပါတယ်။

၁- သူတို့အီးမေးလ်ကို လက်မခံဘဲ ပိတ်ဆို့ထားနိုင်ပါတယ်။ သူတို့ဆီမှ အီးမေးလ်များကို လက်မခံပဲ
ပိတ်ဆို့မှုများ ပြုလုပ်နိင်ပါတယ်။
၂- သူတို့အီးမေးလ် တခုလာတိုင်း ကျနော်တို့ဘက်မှ ကုလသမဂ္ဂအစီရင်ခံစာများ၊ လူအခွင့်အရေး ချိုးဖောက်ခံရမှု သတင်းများကို တန်ပြန်ပေးပို့နိင်ပါတယ်။
၃- သူတို့အုပ်စုကခေါ်တဲ့ အစည်းဝေးတွေကို မတက်ရောက်မိဖို့ သတိပေးကြပါ။
၎- သူတို့အုပ်စုနဲ့ နိင်ငံရေး မဆွေးနွေးပါနဲ့ 
အေးလွင်အုပ်စုဟာ နအဖ လက်ကိုင်တုတ်တွေ ဖြစ်ပါကြောင်း လေးစာစွာဖြင့် အသိပေးအပ်ပါတယ်။
(မိုးသီးဇွန်)

အဖွဲ့ခေါင်းဆောင် အေးလွင်(၀ဲ)နှင့် သန်းဌေး(ယာ)တို့ကို နအဖ အလိုကျ အမေရိကန် ဆန့်ကျင်ရေး
လှုပ်ရှားမှုများ လုပ်ဆောင်နေစဉ် တွေ့ရပုံ

DID မှ ဖြည့်စွက် သတိပေးချက်

အေးလွင်အုပ်စုသည် မြန်မာနိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း ၈၈ မျိုးဆက်ကျောင်းသားအမည်ခံ၍ ၈၈ မျိုးဆက်ကျောင်းသား အသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်ဝင်ရောက် သွေးခွဲလျက်ရှိသည်ကို အထူးဂရုပြုရန် လိုပေသည်။ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများတွင် အခြေပြု၍ မြန်မာစစ်အုပ်စု၏ ဒေါက်တိုင်များအဖြစ် လျှို့ဝှက်၍၄င်း၊ ဗြောင်တိုက်ခြင်းအားဖြင့်၎င်း ရပ်တည်နေကြပါသည်။ အထူးသဖြင့် သံတော်ဆင့်မြင့်ဆွေနှင့် အပေါင်းအပါတို့သည် နအဖ ဒေါက်တိုင်အဖြစ် ဗြောင်ရပ်တည်နေကြပြီဖြစ်ပြီး၊ တော်လှန်ရေး၊ နိုင်ငံရေးစိတ်ဓာတ် အခြေမခိုင်သော လူပုဂ္ဂိုလ်များအား စည်းရုံးခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ၀င်ထွက်သွားလာခြင်း၊ ပြည်ပအခြေစိုက် နအဖ စွမ်းအားရှင် ဒေါက်တိုင်အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရန် စည်းရုံးနေခြင်းများအား အစဉ်တစိုက် ပြုလုပ်နေကြပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူများ၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့ကြသော ရဟန်းသံဃာများ၏ ဂုဏ်သိက္ခာကျဆင်းစေရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ် နေကြပေသည်။ သို့ဖြစ်ပါ၍ ပြည်ပ နအဖစွမ်းအားရှင်အုပ်စုအား သတိမပြတ် စောင့်ကြည့်ရန်လိုအပ်ပြီး၊ လိုအပ်သော အရေးယူမှုများ ဆောင်ရွက်ရန်နှင့် ထိုသူများအား ပြတ်သားစွာ ဖေါ်ထုတ်ဆန့်ကျင်ကြရန် ပန်ကြားအပ်ပါသည်။
Posted by Democratic Information Department

1 comment:

Lu Kyauk Gyi said...

ဒေါက်တာလွဏ်းဆွေခင်ဗျား

ဗိုလ်ချုပ်ဆေထင်တို့ ဦးခွန်ထွန်းဦးတို့ ဆွေးနွေးပွဲသို့ ကိုအေးလွင်အုပ်စုတက်ရောက်ခဲ့ပြီး ကာမှအဖမ်းခံခဲ့ရသည်ဆိုတာ ဟုတ်ပါသလား။ သိလျင်ဖြေကြားပေးပါ