Tuesday, January 22, 2008

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း (၁)နှစ်ပြည့် အလွမ်းပြေကဗျာ (၂)

မျက်နှာပြောင်တဲ့ ရှင်သေမင်း
တင်မိုး

ကံကြမ္မာကို မင်းတို့ကနိုင်တော့
ပြိုင်သမျှ ရှုံးရတဲ့ တို့ဘဝ
ဒုက္ခတွေ ပင်လယ်ဝေပြီပေါ့။

မကောင်းသမျှ ဦးသျှောင်
မင်းတို့ရဲ့ ခေါင်းဆောင်တွေ
ဒေါင်ဒေါင်မြည် ကျန်းမာ
ဘီလူးပြိတ္တာ အသက်ရှည်ပါဘိခြင်း။

လူကောင်း လူလိမ္မာ
ပညာရှိ ပညာရှင်
စိတ်နေယဉ်သူတို့ကို
သေမင်းငင် ခေါ်ဆောင်
မျက်နှာပြောင်လှတဲ့ ကံကြမ္မာပါလား။

မကျေမနပ် တောက်ခေါက်
မျက်ရည်ပေါက် ကြီးငယ်ကျရတဲ့
သောကတွေကသာ မီးတောက်ဖြစ်ခဲ့ရင်
ခေတ်ကြီးတခုလုံး
မီးဟုန်းဟုန်း ကျွမ်းချေရဲ့ …။ ။

တင်မိုး

No comments: