မြောက်ဥက္ကလာပ တရားရုံးတွင် သံဃာများ၊ သီလရှင်များကို တရားစွဲဆို
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်
သတင်း (၁) - မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရဲအုပ်အောင်ကျော်စိုးက တရားလို လုပ်၍ အောက်ဖော်ပြပါ သံဃာတော်များ၊ သီလရှင်များကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
၁။ ဦးအာနန္ဒာ (ခ) ဦးဇေယျ (၄၀ ၀ါ) (၆၁နှစ်) (ဘ- ဦးလှဖေ) သစ္စာသရဖူ ကျောင်းတိုက်၊ အာသာဝတီ ကျောင်းတိုက်ဝင်း။
၂။ ဦးဝိမာလ (ခ) ဦးလှစိန် (၂၄ ၀ါ) (၆၆နှစ်) (ဘ- ဦးအောင်သန်း)
၃။ ဦးကုသလ (ခ) ဦးကျော်မြင့်) (၇ ၀ါ) (၆၃နှစ်) (ဘ- ဦးလွန်းမောင်)
၎။ ဦးပညာနန္ဒ (ခ) မျိုးနိုင် (၁၁ ၀ါ) (၃၄နှစ်) (ဘ- ဦးကြို)
၅။ ရှင်နန္ဒစရ (ခ) ဦးထွန်းမှီ (၁ ၀ါ) (၆၉နှစ်) (ဘ- ဦးသာ)
၆။ ရှင်ဝိသုဒ္ဒိ (ခ) ဦးဝင်းတင့် (၆ ၀ါ) (၅၃နှစ်) (ဘ- ဦးအောင်ကြည်)
ရ။ ရှင်ပညာသာမိ (ခ) ဦးမြင့်မောင် ( ၁ ၀ါ) (၅၃နှစ်) (ဘ- ဦးလွန်းစိန်)
၈။ ဒေါ်ပညာသိင်္ဂီ (ခ) ဒေါ်ညွန့်ညွန့် (၂၀ ၀ါ) (၅၄နှစ်) (ဘ- ဦးအေးမောင်)
၉။ ဒေါ်စိတ္တာတိ(ခ) ဒေါ်စန်းစန်းဌေး (၃၂နှစ်) (ဘ- ဦးသန်းလွင်)
၁၀။ ဒေါ်ဧကရီ (ခ) ဒေါ်စန်းစန်း (၇၀နှစ်) (ဘ- ဦးသိန်း)
၁၁။ ဒေါ်စက္ကာ (ခ) ဒေါ်ဝင်းလှ (၆၇ နှစ်) (ဘ- ဦးဘသော်)
၁၂။ ဒေါ်ပုဏ္ဏမီ (ခ) ဒေါ်မြညွန့် (၈၀နှစ်) (ဘ- ဦးစံထွား)
၁၃။ ဒေါ်သိင်္ဂီ (ခ) ဒေါ်သန်းရီ (၆၃နှစ်) (ဘ- ဦးဖိုးသစ်)
၁၄။ ဒေါ်သီလနန္ဒီ (ခ) ဒေါ်အေးအေး (၄၈နှစ်) (ဘ- ဦးဘိုးရင်)
တရားစွဲဆိုသည့် အကြောင်းအရင်းများ
၁။ ကျောင်းတိုက်ကို တည်းခိုခန်းကဲ့သို့အခ ကြေးငွေယူ၍ လက်ခံခြင်း
၂။ ရဟန်းရက်ချုပ် အတု ကိုင်ဆောင်ခြင်း
၃။ ကိုရင်ကြီးကို ရဟန်းအယောင်ဆောင်ခိုင်းခြင်း
၎။ လောင်းကစား ၀ရမ်း
၅။ ဆင်ဆာမဲ့ဗီဒီယို ကြည့်ခြင်း
သတင်း (၂) - ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စအပေါ် အဖြစ်မှန်ကို သိရှိသွားသူများက အယ်ဒီတာချုပ် မြတ်ခိုင်ထံသို့ ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ အများသုံး တယ်လီဖုန်းများမှတဆင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ကြုံတွေ့နေရသည်ဟု မြတ်ခိုင်၏ ဇနီးဖြစ်သူ မနီက ကဗျာဆရာစောဝေ၏ ဇနီး ဒေါ်နန်းစန်းစန်းအေးထံသို့ ငိုကြီးချက်မ ရင်ဖွင့်ပြောဆိုကြောင်း သတင်းရရှိသည်။ ယခုအခါ စာပေအနုပညာရှင် အသိုင်းအ၀ိုင်းမှ ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကောက်ကျစ် စဉ်းလဲသူ မြတ်ခိုင်အပေါ် အရှိန်မြှင့် တုန့်ပြန်ဖို့ စီစဉ်နေကြကြောင်းလည်း သတင်းရရှိသည်။
1 comment:
Myat Khine deserves the worst reaction from public. No one will have sympathy for him and his family when the time comes for them to pay the price.
Post a Comment