Sunday, January 20, 2008

အိပ်မက်တွေ ရှင်သန်နေပါစေ

အိပ်မက်တွေ ရှင်သန်နေပါစေ
လူထုစိန်ဝင်း ဘာသာပြန်သည်

သင့်ကိုယ်သင် ယုံပါ၊
ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊
သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး
သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ့ ၀န်းရံထားလိုက်ပါ၊
ခရီးလမ်းတလျှောက်မှာ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက
အိပ်မက်တွေကို ရှင်သန်နေပါစေ …။

အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် ပြောင်းလဲခြင်းနဲ့သာ တိုးတက်မှုကို ကြုံတွေ့ရနိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ့သာ၊
သင်ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ
သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊
အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ့သာ
ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ …။

အောင်မြင်ရေးအတွက် သော့တချောင်းသာ ရှိတယ်၊
အောင်ပွဲမခံရသရွေ့ လက်မလျှော့ပါနဲ့၊
သင်စွမ်းဆောင်နိုင်ပါတယ်၊
ကြီးမြတ်ခြင်းမျိုးစေ့
သင့်ကိုယ်တွင်းမှာ ရှိတယ်၊
ဒါကို ပြုစုပျိုးထောင်ပါ၊
လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ …။ ။

KEEP YOUR DREAMS ALIVE!
Lisa Marrie Yos

Believe in yourself
and your vision of the future.

Surround yourself with those who believe in you
and will help you achieve your goals.
Keep your dreams alive despite the challenges along the way.

Change can be frightening
but only by changing can you experience growth.
Only by challenging yourself to do what seems impossible
can you ever know how much you can achieve.
Only by taking risks can you achieve Greatness.

There is only one key to success:
Never quit until you win.
You can do it.
The seed of greatness lies within you.
Nurture it, and there will be nothing you can't do.

Lisa Marrie Yos

No comments: