Saturday, January 19, 2008

သွေးကြွေး သံသရာ

သွေးကြွေး သံသရာ
ဒေါက်တာလွဏ်းဆွေ

မနေ့ညကပဲ
သူရဲကောင်း ဗိုလ်ကြီးဝင်းဗိုလ်
လည်မျိုကို နင်းသတ်ခံရလို့ ကျဆုံးရသတဲ့ …
ရဲဘော်ကြီး ငြိမ်းသစ်ရဲ့ ‘တစ္ဆေကြီး’ ကဗျာ
စာစီစာရိုက်ရင်း
ငါ မျက်ရည်ဝဲခဲ့ရ…။

ငါတို့ဘ၀တွေကလည်း
ငိုကြွေးစရာတွေ များလွန်းလို့
မျက်ရည်ဝဲမဆုံး၊
ကြေကွဲစရာတွေ များလွန်းလို့
ဆို့နင့်မဆုံး၊
နာကြည်းစရာတွေ များလွန်းလို့
ခံပြင်းမဆုံး …။

(၄၆)နှစ် ဒီဝဋ်ကြွေး
(၄၆)နှစ် ဒီသံသရာ
ဘယ်တော့များမှ အဆုံးသတ်မှာလဲ …။

ကိုင်း … ရဲဘော်တို့
ခံပြင်းမနေနဲ့
ဆို့နင့်မနေနဲ့
မျက်ရည်ဝဲမနေကြနဲ့တော့ …
ဒီသံသရာ ဒီဝဋ်ကြွေးက လွတ်မြောက်ဖို့
ငါတို့မျိုးဆက်မှာပဲ
တင်နေတဲ့ သွေးကြွေးတွေကို
အပြတ်ဆပ်ကြစို့ …။ ။

ဒေါက်တာလွဏ်းဆွေ

1 comment:

Yaw Han Aung said...

ဒီတစ္ဆေကြီး ကဗျာဖတ်ရတော့ ခင်ဗျားလိုပဲ ခံစားရပါတယ်။ ကျနော်နင့်ကနဲ ဖြစ်သွားတယ်။