Sunday, January 6, 2008
အရိပ်မဲ့ အရောင် (စိုးနေလင်း)
အနာဂတ် ပုံပြမျဉ်းကို မှန်းဆမရ
ဒီကနေ့ မနေ့က
ဘာဆိုဘာမှ ကျောချစရာမရှိ
ဇာတိ ဇရာ၊ ဗျာတိ မရဏာ
သေချာခြင်းကို မသေချာချင်သေးသော ခဏ။
နွံတွင်းနက်နက် တခုထဲမှာ
ဝေေ၀၀ါးဝါး
ဒါဟာ ဘာဝနာပွား တရားယူစရာလား
ကြာကြာဝါးစရာ မလိုသော ခါးသည်းခြင်း
သီချင်းဖြစ်သွားတဲ့အခါ ရသ
အဝေးကြည့်မှာ လှပနေပြန်၏။
ကံကံ၏ အကြောင်းတရားဆိုလည်း
ခဲလေသမျှ ဖြစ်ခဲ့ရသော ကောင်းကင်ထဲ
စံလွဲတန်ဘိုးများက မင်းမူ
“လူ”၏ အဓိပ္ပာယ် သတ်မှတ်စံနှုံးကိန်း
ပိန်းပိန်းပိတ် ကွယ်ပျောက်ခဲ့ရပြီ။
ငါဟာ
စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ထဲ ကျွံနစ်
မြစ်ကို အလျားလိုက် ကူးနေမိလေသလား
ပျားပန်းခတ် နေရာယူနေသူတွေ ကြားမှာ
(ဇာတ်သိမ်းခန်းကို)
နောက်ဆုံးတန်းက ကြည့်ခွင့်ရရင်ပဲ
သဲထဲရေသွန်ဘ၀ကို ကျေနပ်
ခပ်မဆိတ် နေပစ်လိုက်ချင်ပြီ …။ ။
စိုးနေလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment