Thursday, December 27, 2007

မိအေး အကြောင်း

မိအေး အကြောင်း
အိုအောင်

ပါးစပ်ထဲ ၀ါးစရာရှိရင်
တိမ်တွေ ပြာနေလိမ့်မယ်။

အခုလို နားဆင်နေရတာ
(ခွေးတံဆိပ်)
ဓာတ်ပြားခေတ်ကို သွားသတိရမိစေတယ်။

မှတ်စုစာအုပ်ကို ဖွင့်ကြည့်တော့
သင်္ဘောဟာ
သောင်တင်ဆဲ။

ရယ်စရာ
မောစရာတွေ
ဟောဒီ ညောင့်ကျင်းမှာ
ဘယ်လိုနည်းနဲ့ ကျောခင်းရကောင်းမှာလဲ။

စာရွက်ပေါ်က မေးခွန်းပေါ့
"ဒီနွေဟာ
ခြင်းကြားနဲ့ ရေသယ်လာတဲ့ နွေပဲလား" …။ ။

အိုအောင်

No comments: