Thursday, December 13, 2007

ညီညွတ်ရေးဋီကာ

ညီညွတ်ရေးဋီကာ
ကပ္ပိယမောင်မှတ်

သူခိုးများ စည်ကာကြံတဲ့ အမျိုးသားညီလာခံ
မရိုးသား ပြည်ရွာလှန်မှောက်ဖို့
အကြံကောက် ဇောက်မနက်ခြင်းရယ်နဲ့
စောက်ရှက်ကင်း လိမ်ညာ
ထမီသာ ၀တ်လိုက်ကြပါတော့လို့
ပြောဖို့ပင် မသင့်လျော်ပုံဖြင့်
ချင့်ယုံစရာ အကြောင်းရယ်မရှိလှတယ်
ရှက်ဖွယ်လိလိ ...။

တော်စမ်းဟဲ့ လူစဉ်မမီ
ကျော်ဆန်းနဲ့ ငဒူခင်ရီ
လူအသွင် အတည်ဟိတ်ဟန်ထုတ်တယ်
ပြိတ္တာရုပ် ပျားတုတ်ထားပုံနဲ့
အမှားမဟုတ် တရားစုံဆင်လို့
ကုလား တရုတ် ရုရှားဖင်လျက်ကာ
နာဇီအသံ အာစီယံ ခွင်တွက်လို့
ရှင်လျက်နဲ့ သေ …။

ဆန်းစွလှေကြုံ ရေစုန်မျောလို့
လမ်းပြမြေပုံ လေဟုန်ကြောမှာ
ခြေကုန်မောကာ ခရီးမရောက်တယ်
-ီးလောက်မှ စိတ်မမာကြလျှင်ဖြင့်
အဘိဇ္ဈာ အမှောင်တိုက်မှာကွယ်
လောင်မြိုက်ကာ လမ်းမမြင်ပျောက်ရင်
နောက်အဆင် ကောက်ငင် မပြောင်းလေနဲ့
နောက်ကျပြီဟဲ့ ...။

အမြီးမြှောက် အီးပေါက် အသံပေးလို့
အကြံလေး လက်တသစ်နဲ့
ဝက်ဖြစ်မှ မစင်မကြောက်ပါဘု
လောက်အရှင် ကောက်ငင်ကာ ဟပ်လိုက်ရရင်ဖြင့်
လူဖြစ်စဉ် ခွေးထက်ရှုံးမယ်
ပြေးထွက်ဖုန်းကွယ် ပိတ်ပင်မရတဲ့အတိုင်း
ကိုင်း ... ကျောင်းဒကာရေ
ခေါင်းမာစွာ လမ်းအမှန်ခရီးကို ဆက်ဖို့တကယ်
ဝက်တို့နှယ် မစင်တောကို ရှင်းလို့
လက်တို့ကာ တိတ်တိတ်ညီညွတ်စွာနဲ့
တပ်ပေါင်းစုဖွဲ့ ... ။ ။

ကပ္ပိယမောင်မှတ်

No comments: