Thursday, December 13, 2007

အမေလူထုဒေါ်အမာ မွေးနေ့၊ အောင်ဝေးကဗျာ ဖြန့်ဝေမှုနဲ့ နောက်ဆက်တွဲ အ ခြေအနေ

သတင်း-ညိုကြီး

၂၉-၁၁-၂၀၀၇ နေ့က အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးမှာ ကျင်းပသွားတဲ့ အမေလူထုဒေါ်အမာရဲ့ (၉၂)နှစ်မြောက် မွေးနေ့ပွဲမှာ တက်ကြွတဲ့ ကဗျာဆရာအချို့က အဝေးရောက်ကဗျာဆရာ အောင်ဝေးရဲ့ `အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ´ကဗျာကို မွေးနေ့ပွဲလာ ကဗျာဆရာ၊ စာရေးဆရာများနဲ့ အမေလူထုဒေါ်အမာဆီ အ ရောက် ဖြန့်ဝေပေးခဲ့တာကို သိကြပြီးဖြစ်ပါတယ်။

အဲသလို ကဗျာဖြန့်ဝေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး ဖမ်းဆီးစစ်ဆေးခြင်းခံရတဲ့ ကဗျာဆရာကတော့ ‘နွယ် စိမ်းဝေ’ အမည်ရ ပြင်ဦးလွင်သား ကဗျာဆရာ ဖြစ်ပါတယ်။ ကဗျာဆရာ နွယ်စိမ်းဝေကို (၃)ရက်လောက် စစ်ဆေး မေးမြန်းအပြီးမှာ အဲဒီကဗျာဆရာ နွယ်စိမ်းဝေကို စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်ပါတယ်။ နွယ်စိမ်းဝေ ကလည်း လွတ်လာပြီးတဲ့ နောက်ပိုင်း နိုင်ငံခြားသတင်းဌာနတခုနဲ့ အင်တာဗျူး ဖြေဆို ထုတ်လွှင့်သွားတာကို လည်း စာဖတ်သူများ ကြားပြီးကြပြီး ဖြစ်ပါတယ်။

အဲဒီမှာ ဇာတ်လမ်းက ပြီးပြီလို့ ထင်စရာရှိပေမယ့် တကယ်က မပြီးသေးပါဘူး။ နွယ်စိမ်းဝေ ကနေတဆင့် မီးခိုး ကြွက်လျှောက် လိုက်လိုက်တာ အခုတော့ ကဗျာစာရွက် ဖြန့်ဝေမှုနဲ့ ဆက်စပ်မှုရှိတဲ့ အခြား (ပုန်းအောင်းဆဲ) က ဗျာဆရာများပါ ထပ်မံဖမ်းဆီးခံရမယ့် ကိန်းဆိုက်နေပါတယ်။ သူတို့ စစ်အစိုးရ ထောက်လှမ်းရေးဘက်က ဒီကိစ္စ ကို အကြီးကြီးလို့ ထင်နေသလားတော့ မသိပါဘူး။ ဥပမာပေါ့ဗျာ - ဒီ အောင်ဝေးကဗျာ ဖြန့်တာ ဘယ်သူ့ ညွှန် ကြားချက်နဲ့လဲ၊ နောက်ကွယ်က ဘယ်အဖွဲ့အစည်းတွေက ကြိုးကိုင်နေသလဲ စသဖြင့်ပေါ့။

ကဗျာဆရာ နွယ်စိမ်းဝေကို အယောင်ပြ လွှတ်ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးက အခြားက ဗျာဆရာများ (ထိုအောင်ဝေးကဗျာ ဖြန့်ဝေမှုနဲ့ ပတ်သက်တဲ့ အခြားကဗျာဆရာများ)ကို ဆက်လက်ဖမ်းဆီးဖို့ လိုက်လံ ရှာဖွေနေပြန်တဲ့အတွက် အခုတော့ အလိုက်ခံ ကဗျာဆရာတွေခမျာ လွတ်မယ်ထင်ရတဲ့ နေရာတွေဆီ ပြေးပြီး ပုန်းရှောင်နေရကြောင်း သိရှိရပါတယ်။ ထိုသို့ ပုန်းရှောင်နေရတဲ့အတွက် ထိုကဗျာဆရာများရဲ့ ၀င်ငွေကို မှီခိုနေရတဲ့ သူတို့မိသားစုဝင်တွေဟာ စားဝတ်နေရေး အကြပ်အတည်း အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်း နောက်ဆက်တွဲ ကြားသိရပါတယ်။

No comments: