Tuesday, December 18, 2007

လှုပ်လှုပ်ရှားရှား ပြည်တွင်းသတင်း အတိုအထွာများ

မဟာဂန္ဓာရုံ ဆရာတော်များ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် ရုပ်ရှင်အဖွဲ့ကို မောင်းထုတ်
ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်

၁၈-၁၂-၂၀၀၇ နေ့ နံနက်ပိုင်းက မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကို မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် စင်ရော်မောင်မောင်နဲ့ ရိုက်ကူးရေးအဖွဲ့ ရောက်ရှိလာရာ ကျောင်းတိုက်ရှိ ဆရာတော်ကြီးများက ရိုက်ကူးခွင့်ပြုရန် ငြင်းဆန်ပြီး ဆွမ်းကပ်လှူတာကိုလည်း လက်မခံခဲ့ကြောင်း သတင်းရရှိသည်။ ဆရာတော်ကြီးများက ရိုက်ကူးခွင့်ပြုရန် ငြင်းဆန်ခြင်းမှာ ကြံ့ဖွတ်ရန်ပုံငွေနှင့် ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည့်အတွက်ကြောင့်ဟု သိရသည်။ ဆရာတော် သံဃာတော်များက ဆန်ပင်လျှင် အလှူလက်မခံခဲ့သည့်အတွက် စင်ရော်မောင်မောင်က သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြား တိုင်တန်းရာ ဆရာတော်များ ပိုမို စိတ်ဆိုးဒေါသ ဖြစ်ပြီး ရုပ်ရှင်အဖွဲ့ကို ကျောင်းတိုက်အတွင်းမှ နေလည် ၂ နာရီခွဲခန့်တွင် မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။ ကုဋီများတွင်လည်း မနက်ဖြန်၌ လူသတ်ကောင် နအဖ၀န်ကြီး ဦးအောင်သောင်း လာရောက်ကပ်လှူမည့် ဆွမ်းအလှူကို လက်မခံကြရန် စာများ ရေးကပ်ထားကြောင်း သိရသည်။

No comments: