Tuesday, December 11, 2007

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ …

နေထူး

ရန်ကုန်မြို့ထဲကအထွက် မင်္ဂလာဒုံလေဆိပ်ဘက်ကို အသွား ပြည်လမ်းမပေါ်က မုခ်ဦးကြီးကို မော်ကြည့်ပြီး ဖတ်ကြည့်မိတဲ့ နိုင်ငံခြားသားတယောက်က ဘာရေးထားတာလဲလို့ ရန်ကုန် သားမိတ်ဆွေကို မေးပါတယ်။

"ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့" လို့ ရေးထားတာဖြစ်ကြောင်း ရန်ကုန်သားက ရှင်းပြပါ တယ်။

အဲဒီအချိန်မှာပဲ မင်္ဂလာဒုံလေဆိပ်က တက်လာတဲ့ နိုင်ငံခြားလေကြောင်းလိုင်းတခုက လေယာဉ်တစင်း ဆိုင်းဘုတ်အထက်က ကောင်းကင်မှာ ဖြတ်ပျံသွားပါတယ်။

နိုင်ငံခြားသားက မှတ်ချက်ချတယ်။

"အော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆိုတာ ဒီမုခ်ဦးရဲ့ဟိုဘက်ကို ထွက်သွားတော့မှပဲ ရောက် တာကိုး" တဲ့။

နေထူး
(ဆရာ ဦးအုံးခိုင်(ဘီဘီအက်စ်)သို့ အမှတ်တရ)

2 comments:

adika said...

Ko Nay Htoo,
I don't know who you are, but I share the same admiration for Saya. It was a huge loss not just for his students but also for the country as a whole should the people know his beliefs, principles, and intelligence.

keep up friends said...

As long as we are going to abroad to work or to study we can not say Burma is a developing country.

The is the fact we have to accept it and we have responsibility to change it. Change New Government.