Saturday, December 1, 2007

သတင်းဌာနအချို့၏ ကျင့်ဝတ် မစောင့်စည်းမှုကို လူရွှင်တော် ကိုဇာဂနာ အကြီး အကျယ် စိတ်ပျက်

ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်
စက်တင်ဘာ အရေးတော်ပုံတွင် သံဃာနှင့် ပြည်သူများဖက်မှ မားမားမတ်မတ် ရပ်တည် ဦးဆောင်ခဲ့သူ လူရွှင်တော် ကိုဇာဂနာက ယခုတလော သတင်းဌာနများ၏ အသံထုတ်လွှင့်မှုများ၌ သူ့၏ အင်တာဗျူး ဖြေကြားသံများ အလာကျဲသွားခြင်းနှင့် ပတ်သက်၍ ယခုလို ရင်ဖွင့်ပြောကြားခဲ့သည်။ သူအနေနှင့် အထူး စိတ်ပျက်ရသည်မှာ အလွတ်သဘော ပြောဆိုသည်များ (off the record)အား သတင်းသမား ကျင့်ဝတ်ကို မစောင့်ထိန်းဘဲ စည်းဖောက်ပြီး တင်လိုက်ခြင်းကို ဖြစ်ကြောင်း၊ ထိုသို့ တင်လိုက်သည့်အတွက် အဖမ်းအဆီး ခံလိုက်ရသူများ ရှိကြောင်း၊ ဘာကြောင့် ထိုသို့ လုပ်ရက်သည်လည်း ဆိုသည်ကို နားမလည်နိုင်ကြောင်း၊ တခါသားမှာ ဆိုလျှင် ဘုန်းကြီးကျောင်းနာမည် ထည့်မလွှင့်ဖို့ အတန်တန် တောင်းပန်နေပါလျက်နှင့် သတင်းလွှင့်သည့်အခါ နာမည်ထည့်ပြီး လွှင့်ချလိုက်ကြောင်း၊ အဲဒီရဲ့ အကျိုးဆက်အဖြစ် ဆွမ်းကပ်ရဲသူ မရှိတော့ဘဲ အဆိုပါ ဘုန်းကြီးကျောင်းမှ သံဃာများ ဆွမ်းငတ်ကုန်ကြကြောင်း ရင်ဖွင့် ပြောကြားခဲ့သည်။

လှူမယ့်သူတွေ မ၀င်ရအောင် လိမ်းထိပ်ကနေ ရဲတွေ ပိတ်စောင့်နေတဲ့အတွက် ဆွမ်းကပ်သူမရှိ ဖြစ်နေတဲ့ ရန်ကင်း ကန်ဘဲ့ရှိ ရခိုင်ဘုန်းတော်ကြီးကျောင်း

No comments: