Monday, November 5, 2007

မေတ္တာရပ်ခံချက် …

သံတမန်ရေးနည်း၊ အကြမ်းမဖက်ရေး နည်းနာများနှင့် မလုံလောက်တော့ဟု
ယုံကြည်သူများသို့ မေတ္တာရပ်ခံချက် …


မြန်မာ့ ဒီမိုကရေစီရေး တိုက်ပွဲ အောင်မြင်ရေး အတွက် သံတမန်ရေးနည်း၊ အကြမ်းမဖက်ရေး နည်းနာများနှင့် မလုံလောက်တော့ဟု ယုံကြည်ကြသူများ အနေနှင့် မည်သို့သော တိုက်ပွဲနည်းနာမျိုးကို ဆက်လုပ်သင့်သည် ဟူသည့် မိမိတို့ တဦးချင်း စဉ်းစားထားချက် အသေးစိတ်ကို lunswe@gmail.com သို့ ပေးပို့ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြား အပ်ပါသည်။ အဆိုပါ ပေးပို့ချက်များကို ဘလော့ဂ် စာမျက်နှာတွင် ဖော်ပြမည် မဟုတ်ဘဲ ပေးပို့သူ အချင်းချင်း ဆီသို့သာ ပြန်လည် ဖြန့်ဝေခြင်းဖြင့် အားလုံး သဘောတူ လက်ခံသည့် အကောင်းဆုံး၊ လက်တွေ့ အကျဆုံး တိုက်ပွဲနည်းနာကို ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထွက်ပေါ်လာသည့် အားလုံး စိတ်တိုင်းကျ သဘောတူ လက်ခံသည့် တိုက်ပွဲ နည်းနာများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်တွင်းမှ ရဲဘော်များ၊ ပြည်တွင်းသို့ ပြန်ဝင်၍ လှုပ်ရှားဆောင်ရွက်မည့် ပြည်ပရောက် ရဲဘော်များထံသို့ ဆက်သွယ် ဖြန့်ဝေသွားမည် ဖြစ်ပါသည်။ (မရှင်းလင်းသည်များ ရှိပါက အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။)

မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ရေး စိတ်ဓာတ်ဖြင့် …
ဒေါက်တာလွဏ်းဆွေ

No comments: