Tuesday, November 20, 2007

ပုဇွန်တောင်ချောင်းက ဘုန်းကြီးအလောင်းဟာ အတုလား၊ အစစ်လား

ဒေါင်းတမန်

ပါဏာတိပါတာကံ ဆိုတာ ဘယ်သူ့အသက်ကို သတ်သတ် ငရဲကျမှာပါပဲ။ နအဖကတော့ သူတို့ သတ်မိတာ ဘုန်းကြီးမပါပဲ လူတွေချည်းပဲဖြစ်ရင် အပြစ်ပေါ့ရချည်ရဲ့လို့များ နောင်တ ရနေသလား မဆိုနိုင်ဘူး။ ပုဇွန်တောင်ချောင်းက ဘုန်းကြီးအလောင်းဟာ သံဃာအတု ဆိုပြီးတော့ ဘူးငြင်းခဲ့တာ အားလုံးအသိပါ။

အခု နအဖ အလိုတော်ရိတွေရဲ့ ဘလော့ခ်တွေထဲက တခုဖြစ်တဲ့ ဇော်မျိုးဆိုသူရဲ့ ဘလော့ခ်ထဲမှာ အဲဒီဘုန်းကြီး အလောင်းဟာ DVB က လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲ လာပြန်ပါတယ်။

သူ့ဆောင်းပါးမှာ ကြိုးကြောင်းဆင်ခြင် သုံးသပ်ထားတဲ့ ပုံစံမျိုးနဲ့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားတာပါ။ သေသေချာချာ ဖတ်ကြည့်ရင် သူပြောတာတွေဟာလည်း မခိုင်လုံဘူးဆိုတာ တွေ့ရမှာပါ။

သူရှည်ရှည်ဝေးဝေး ရှင်းပြနေတာကို အချိန်ကုန်ခံပြီး တုန့်ပြန်မနေချင်ပါဘူး။

ကျနော့်အနေနဲ့ အဲဒီ ဘုန်းကြီးအလောင်းဟာ အစစ်ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ယုံကြည်တယ်။

ဘာကြောင့်လဲ။

ရိုးရိုးလေး စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။

အဲဒီ အလောင်းကို သိမ်းပိုက်ခွင့် ရသွားတာ နအဖပဲ ဖြစ်ပါတယ်။ ပြည်သူတွေ မဟုတ်ပါဘူး၊ အဲဒီ အလောင်းထက် ခိုင်လုံတဲ့ သက်သေခံ ပစ္စည်းမရှိတော့ဘူး။ နအဖ အနေနဲ့ အဲဒီအလောင်းကို ရလိုက်တာဟာ သေဆုံးသူရဲ့ ဇစ်မြစ်ကို ရှာဖွေပြီး သက်သေ ခိုင်ခိုင်လုံလုံနဲ့ ပြန်ရှင်းပြနိုင်မယ့် အခွင့်အရေး ရလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ဆရာတော်တွေကို လျှောက်ထားတဲ့ပွဲမှာ ပုဇွန်တောင်ချောင်းက ဘုန်းကြီးအလောင်းဟာ အတုဖြစ်ပါတယ်ဆိုပြီး လောက်ပဲ သာမန် ပြောဆိုနိုင်ခဲ့ပါတယ်။ (ဒါတောင် သာသနာရေးဝန်ကြီး ကိုယ်တိုင် လျှောက်တင်ဖို့တောင် မလုံမလဲ ဖြစ်နေလားမသိ။ ရန်ကုန်တိုင်း ထွေအုပ်ဦးစီးမှူး အဆင့်လောက်ကို လျှောက်ခိုင်းခဲ့တာပါ။)

အခုထက်ထိ ဘယ်သူဘယ်ဝါရဲ့ အလောင်းပါ။ ဘယ်အထောက်ထားကြောင့် သံဃာအတုလို့ ပြောရပါတယ်လို့ ခိုင်ခိုင်မာမာ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

နအဖဟာ သံဃာတွေကို သတ်တယ်လို့ အခိုင်အမာ ပြောဆိုဖို့ ပြည်သူတွေက ဗွီဒီယိုမှတ်တမ်း ရခဲ့သလို၊ နအဖ အနေနဲ့လည်း ပြန်ဖြေရှင်းနိုင်ဖို့ ပစ္စည်းသက်သေအဖြစ် အလောင်းကို ရခဲ့တာပဲ။

ဒါကြောင့် ပုဇွန်တောင်ချောင်းက ဘုန်းကြီးအလောင်းဟာ အတုဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေ မတင်ပြနိုင်သရွေ့ (သက်သေအတုများ လက်မခံ) နအဖကို သံဃာသတ် အစိုးရအဖြစ် လက်ခံထားရမည်သာ ဖြစ်ပါတယ်။

ဒေါင်းတမန်

3 comments:

Unknown said...

pls write back to those who make the truth become faint, more n more, item by item, against them by fighting with media to media

a2m2007blogspot.com said...

Can I get that Zaw Myo's Blog Link, please?? Thanks.

TharKiNwe said...

မှန်လို့ရေးတာ --
ကျိုးကြောင်း ဆီလျှော်ပါတယ်။ ပုဇွန်တောင်ချောင်းအတွင်းမှာ ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ဘာကြောင့် လည်း ဆိုတော့ ပုဇွန်တောင် ချောင်းသည် မြစ်ရေ စီးဆင်းနေသော မြန်သော ချောင်းတစ်ချောင်း ဖြစ်ပြီး သောင်တင် စရာ နေရာမရှိ ပါ။နောက်ပြီး အဆိုပါ သစ်ပင်ငယ်များ မရှိပါ နောက်ပြီး ပုဇွန်တောင် ချောင်းဘေးတွင် တည်ရှိသော ညောင်တုန်းကျောင်း ၊စင်္ကာပူကျောင်းများမှ သံဃာများ သေဆုံးခြင်း မရှိပါ၊ ပုဇွန်တောင် ချောင်းအတွင်း မျှောချင် မျှော ကြက်ဘဲ ဈေးမှ ကြက်ဘဲ အသေကောင်များသာရှိနိုင်ပါသည်။
ရေစီးဆင်းမှု မြန်သော ပုဇွန်တောင် ချောင်းအတွင်း
အဆိုပါ ရေသေ တန့်နေသော နေရာ များ မရှိကြောင်း
http://Light of Myanmar.blogspot.com တွင် ဖေါ်ပြထားသောဆောင်ပါး အား ထပ်ဆင့် ထောက်ခံပါကြောင်း ရေးသား လိုက်ပါသည်။