Friday, November 16, 2007

အုတ်တချပ် သဲတပွင့်လား၊ မစင်ပုံထဲက ပြောင်းဖူးစေ့ခြောက်များလား …

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

နိုင်ငံတကာ သတင်းဌာနများမှ ဖော်ပြနေသည့် မြန်မာစစ်အာဏာရှင်၏ နေ့စဉ်လုပ်ရပ်များ၊ အာဆီယံအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံပွဲမှ မြန်မာကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်များနှင့် အာဆီယံ အဖွဲ့ကြီးမှ မြန်မာစစ်အာဏာရှင် တောင်းဆိုသော နားလည်မှုအား ရရှိပြီးဖြစ်ကြောင်း၊ ပိတ်ဆို့မှု လုပ်မည် မဟုတ်ကြောင်း များအား ဖတ်လိုက်ရသည်။

ကုလသမဂ္ဂမှ ဆရာသမား တဆူကလည်း မြန်မာပြည်တွင် စစ်အစိုးရ အစီအစဉ်ဖြင့် အကန့်အသတ်များကြားမှ ထောင်များ၊ ဘုန်းကြီးကျောင်းများသို့ သွားနေဆဲ။ အားလုံး သိထားဖို့က န.အ.ဖ သည် drama queens များဖြစ်သည်။ စင်ပေါ်ပြကွက်များဖြင့် ကမ္ဘာနှင့် ပြည်သူကို မျက်စိလှည့်ရန် ကြိုးစား လုပ်ဆောင်နေသည်။ ကမ္ဘာကို မျက်စိလှည့်သည်မှာ သိပ်ပြဿနာ မဟုတ်။ လူထုကြီးကို မျက်စိ လှည့်သည်မှာလည်း သိပ်ကိစ္စမရှိ။ အဘယ်ကြောင့်မူ ..လူထုကြီး တရပ်လုံးက သိပြီးသား န.အ.ဖ အကြောင်း။ တကယ့် ပြဿနာက စစ်တပ်အောက်ခြေထု။ ဗိုလ်မှူးကြီးများ အဆင့်မှစ မနေ့ကမှ သင်တန်းပြီးသော လူမမယ် ခေါင်းတုံးဆံတောက် နို့နံ့မစင်သော စစ်သားလေးများအထိက သူတို့ အတွက် ပြဿနာ ဖြစ်လာလိမ့်မည်။

အဖမ်းအဆီးများ မရပ်။ မတရား ပြစ်ဒဏ်ပေး စီရင်မှုများက မပြတ်သကဲ့သို့ န.အ.ဖ ဘက်မှ လူထုအား နှိမ်နင်း ဖြိုခွဲရေး လုပ်ငန်းများအတွက် ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေကာ တဘက်မှလည်း နိုင်ငံရေး စကားပြောမည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုများ လုပ်မည်ဟု အသံကောင်း ဟစ်နေငြား ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ကြောင်း စာတန်းများအား ကိုယ်ကျိုးမစွန့်နိုင်သော အပစ်အခတ်ရပ်ဆဲ အဖွဲ့များအား ဖိအားပေး လက်မှတ် ထိုးခိုင်းကာ ဖော်ပြနေ၏။

န.အ.ဖ သည် မည်သည့် အခြေခံဥပဒေကိုမှ လက်ခံကျင့်သုံး လိုက်နာသော အစိုးရတစ်ရပ် မဟုတ်။ Constitutional law, civil law, criminal law, military law, common law ဘာဥပဒေကိုမှ လိုက်နာသော အဖွဲ့အစည်းတရပ် မဟုတ်… ဥပဒေမပြောနှင့် လူမှုကျင့်ဝတ်ပင် ဒေ၀ါလီ ခံထားရသည့်သူများ ဖြစ်သည်။

ညာလုံး ဖျန်းလုံး လှိမ့်လုံးများဖြင့် လူထုအား ဓားမိုး လိမ်ညာ ယုတ်ကန်းတတ်သည့် လုပ်နည်းမှလွဲ၍ မည်သည့် ဥပဒေကိုမှ မလိုက်နာသော သူများက ဒီမိုကရေစီစနစ်တခုကို ဦးဆောင် ချီတက်မည် ဆိုသည်ကို ခပ်တည်တည် အသံကောင်း ဟစ်ခြင်းမှာ ‘အပြောက ရွှေမန်း၊ ကတော့ ချိုမိုင်မိုင်’ ဆိုသည့် စကားအား အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ဓားပြရုပ်ဖြင့် အခြောက်လုပ်ရပ်ကို သေနတ်ကြီးခါးထိုး တင်ပါးကြီး လိမ်ကောက် လိမ်ကောက် လမ်းလျှောက်ကာ ကင်မရာကြီးများရှေ့တွင် အာတတ်ကြသည့် သူတို့ ဓမ္မတာအတိုင်း လုပ်ရိုးလုပ်စဉ်တခုကို လုပ်နေခြင်းသာ ဖြစ်သည်ထက် ပိုမိုမျှော်လင့်ချက် ထားစရာ အကြောင်းမရှိ။

တကယ်တမ်းတွင် န.အ.ဖ သည် အားလုံး သိကြသည့်အတိုင်း ပြည်သူက အသာတကြည် လိုက်လိုက်လျောလျော ကြည်ဖြူစွာ တင်မြှောက်ထားသော အစိုးရတရပ် မဟုတ် ။ တကယ်တမ်း ပြည်သူ တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များကိုသာ ထောင်ချဖမ်းဆီး လုပ်ကြံ တောထုတ်ပြီး ပြည်သူနှင့် တိုင်းပြည်အကျိုးကို စစ်မှန်စွာ လိုလားသော လူပုဂ္ဂိုလ်များဖြင့် အဖွဲ့အစည်းများအားလည်း အလားတူ ယုတ်မာပက်စက်လျက် ပြည်သူကို စစ်ဖိနပ်အောက်တွင် ပြားပြားဝပ် လည်မျိုနင်းထားသော လက်နက်ကိုင်ထားသည့် အတွေးအခေါ် ပျက်နေသော အင်အားစုကြီးကို ဘိုကျခိုင်းစေ အသုံးချနေသော သက်ကြားအို မြက်နုကြိုက် တစုသာ ဖြစ်သည်။

န.အ.ဖ အထက်ပိုင်း မြက်နုကြိုက် အုပ်စု၏ တပ်မတော်တွင်း သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင်လည်း ကိုယ်ကျိုးစွန့်မှု တပ်မှူးကောင်း ပီသမှုဆိုသည်မှာ ချစ်တီးမယားငယ် ပေါက်ဖော်ပျော်တော်ဆက် ဂျပန်အလိုတော်ရိ နောက်မိန်းမ ဇာဘော်လီမှ တွယ်ချိတ်လောက်တောင် ခိုင်မာ ထင်ရှားမှု မရှိခဲ့ကြ။ ခေတ်အဆက်ဆက်မှသည် ဘိုနေ၀င်းခေတ် မ.ဆ.လ ပါတီနှင့် အလွမ်းသင့်လျှင် ပါတီကောင်စီဝင် တပ်မတော်အရာရှိ ဖြစ်လျှင်၊ တပ်မှူးအဆင့်ဆင့် ခိုင်းသမျှ ဆီပုလင်း ခါးချိတ်ကာ မငြီးငြူစတမ်း ငယ်ကျွန်တကောင်ကဲ့သို့ အရှက်မဲ့ မာနမဲ့ သိက္ခာမဲ့ လုပ်တတ်လျှင် သီရိပျံချီမှစ၍ လဒဖြုတ်ချထိ ရတတ်သည့် ဘွဲ့နာမများ နာမည်ရှေ့တွင် တပ်ကာ စပ်ဖြဲဖြဲ တလှည့် မောက်မောက်မာမာ တခါဖြင့် အောက်ခြေထုအား ဆက်ဆံတတ်သော သူများ …။

တပ်မှူးအားလုံးကို ခေါ်ကာ ကက်ဘိနက်တွင်(ပြီးလျှင် တယောက်အိပ် သေတ္တာလေးများထဲတွင် ဖြစ်မည်) မအေနှမ သေနေသော အဖွားကိုပါ ဖော်ပြီး ပါးစပ်ဖြင့် အရသာခံ ကာမဒါန ပြုတတ်သည့် လူယုတ်များ.. ကိုယ်ကျင့်သိက္ခာ တပဲသားမှ မရှိ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်လိုက်တာကလည်း သူ့အပြင် တော်သလင်းလ တလလုံး လှောင်အိမ်ထဲ အထည့်ခံရသည့် ခွေးမ လမ်းသလားချင်သည့် တအီအီ လျှာတွဲလောင်း ဖြစ်မှုကပင် မမီသည့်သူက အိပ်ယာထတော့ မနက်ဆယ်နာရီ … မယားပါ သားများ သမီးများ၏ တရားဝင် တရားမ၀င် မ၀င့်တ၀င် တိုးလိုးတစ်လစ် အပ်ချမတ်ချ ခိုးလိုးခုလု ဗြုတ်စဗြင်းတောင်း လင်ကြီးလင်ငယ် လင်လတ်လင်ထွေးတို့ အားလုံး ချမ်းသာရေးလောက်သာ မြင်လိုသည့် သူများက စစ်မှန်ငြိမ်းချမ်း သွေးစည်းသော ဒီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်တိုးပွား ချမ်းသာဂုဏ်မြင့်ရေးအတွက် တမျိုးသားလုံးအား ဦးဆောင်မည် ဆိုသည်မှာကတော့ သုံးလုံးထီ နံပတ်တွက်တာကမှ အချီကြီး လွဲနိုင်ပါသည်။ တွက်စရာမလိုပဲ သိပြီးသားဖြစ်သော အဖြေ။ ဒီတော့ ကျနော်တို့ ဟုတ်လေနိုးနဲ့ တွေဝေနေကြမလား ….။

ပြည်သူ့အကျိုး လိုလားသော မည်သူမဆို မည်သည့် အဖွဲ့အစည်းမဆို စည်းရုံးသွေးစည်းရေး အမြင်ရှိရှိ တိုက်ပွဲပုံသဏ္ဍာန် ပေါင်းစုံဖြင့် န.အ.ဖ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူတွင်းမှ တိုးတက်သော အတွေးအခေါ် ရှိသည့်ဘက်အား အပြည့်အ၀ ကူညီပံ့ပိုးကာ ရေသာခို သံယောင်လိုက် န.အ.ဖအကြိုက် စာတမ်းထုတ် ဆရာကြီး လုပ်နေသော သူများအားလည်း ပြတ်သားစွာ ကြံ့ဖွတ်အလံအောက်မှ ခွပ်ဒေါင်း မဟုတ်သည့် ခွေးသေကောင်ပုတ် လုသော လဒငတ်များဟု နားလည် စည်းဖြတ်ဖို့လိုပါသည်။

ပြည်တွင်းနိုင်ငံရေး လေထုတွင် န.အ.ဖ အမြင်မှန် ရလာသည်။ ၄င်းတို့ တကယ်ပင် ပြည်သူအတွက် လုပ်တော့မည် ဆိုသော အမြင်များ ဖြစ်နေသည့် အတွက်လည်း တခုသိရှိထားဖို့ လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့မျက်နှာ ထောက်ထားကာ န.အ.ဖရယ် သချိင်္ုင်းကုန်းလည်း ခြေစုံပစ်နေပါပြီ သံဝေဂ ရတန်ကောင်းရဲ့ဟု ဆိုသည့် အနေအထားဖြင့် ပြောဆိုခဲ့သည်မှာ ထင်ရှားပါသည်။ န.အ.ဖ သည် သချိင်္ုင်းခြေစုံပစ်နေသည်ဟု သူတို့ကိုယ်သူတို့ သံသယ ဖြစ်လာလျှင် သင်္ချုံင်းကုန်းကိုပင် ချရောင်းကာ ဖျောက်ဖျက်ပစ်ပြီး သက်ဆိုး မရှည်ရှည်အောင် နေတတ်ကြသည့် သူများဖြစ်သည်ကိုတော့ သတိချပ်သင့်၏။

န.အ.ဖ ၏ ၀ယ်ယူခံထားရသော အစကတည်းက လိုင်းကြောင်၊ လမ်းမရှိ ဦးတည်ရာမဲ့၊ ပေါက်ပန်းလေးဆယ်၊ အလှုအိမ် ဖိနပ်ခိုး၊ ကျောင်းကောင်စီ ဘုရားပန်းဖိုးဖြောင်၊ ကြက်ခြေနီ ပါရာစီတမော့ရောင်း၊ မ.ဆ.လခေတ် လမ်းစဉ်လူငယ် လူထွက်များ၏ ကျောင်းသားခေါင်းဆောင် ယောင်ယောင်၊ လူငယ်ခေါင်းဆောင် ယောင်ယောင်၊ ယောင်ခြောက်ဆယ် ဖိုးတွမ်တီးများအား ၀ိုင်းဝန်းရှောင်ကျဉ်ကြရင်း ပြည်သူ့အားကို ကျစ်လျစ်စွာ စုစည်းကာ ဖြစ်ပေါ်လာမည့် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး တရပ်အတွက် ညီညွတ်စွာ ပြင်ဆင်ကြရတော့မည်မှာ စက္ကန့်နှင့်အမျှ…။

ပြည်ပ အင်အားစုများ အတွင်းမှ စီးပွားရေး စနစ်သည်သာ ပဓာန စီးပွားရေး အောင်မြင်လျှင် အရာရာ အဆင်ပြေ သွားလိမ့်မည်ဆိုသော ရွှေဥာဏ်တော် လက်တသစ်ဖြင့် ဘိုလိုတတ်မှ တိုင်းပြည်ချစ်သည် ယူဆသော သူများအားလည်း တမတ်တန် ဆုံးမစာနှစ်ခုကို သတိတရ ရွတ်ပြလိုပါသည်။ ‘မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့’၊ ‘အားနာလို့ မပြောတာ အ တယ်မထင်နဲ့’ ဟု။

ဒီတော့ ပြောလိုသည်မှာ ကိုယ့်ဖက်က န.အ.ဖ ၏ လုပ်ကွက်များအား ခရေစေ့တွင်းကျ သိထားသည်နှင့် အညီ Roadmap ကို သံယောင်လိုက် နေကြမည့်အစား ဟုတ်နိုးနိုး ဆင့်ဟိုဒင်း အောင်နက်မျှော် သွားရေ တမြားမြား လုပ်နေမည့်အစား ခုန်ဟပ်ကြပါဟုလည်း မပြောလိုပါ…။ ကိုယ်လုပ်ရမည့် အလုပ်အား ပြတ်သားစွာ တတ်စွမ်းသမျှ ၀ိုင်းဝန်း လုပ်ဆောင်ရင်း အုပ်ကလေး တစ်ချပ် သဲကလေး တပွင့် ဖြစ်ခွင့်ကို လိပ်ပြာသန့်စွာ မြတ်နိုး ချီတက်ကြသင့်ပါသည်ဟု….။

ပြည်သူ့အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့အာဏာ ပြည်သူသာပိုင်သည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

4 comments:

TharKiNwe said...

ဟိတ်ကောင်တွေ --မင်းတို့ဦးနှောက်လေးတွေက ချီးဥင်္ီးနှောက်တွေ ဒီမိုကရေစီ ရဖို့ နအဖ ကို တိုက်ယူမှ ရမယ် ဆိုရင် မင်းတို့ သားသမီးမြေ မြစ် တီတွတ် ကြွတ် ဗြွတ် ထိ မရဘူး ကွာ--
မှတ်ထား ကွ --
မဟာဗျူဟာ မရှိသော နည်းဗျူဟာများ ဟာ ဘယ်တော့ မှ မအောင်မြင်ဘူး။နည်းဗျူဟာ တွေ ဘယ်လောက်ကောင်းကောင်း မဟာဗျူဟာ မရှိရင် ဘယ်တော့မှ မအောင်မြင်ဘူး --ဒါကြောင့် မင်းတို့ ဆရာ ဆရာကြီး မိုးသီးဇွန် ကိုပြောလိုက် ဗကပ ဆီမှာ အပင်းပန်းခံ ၁၀ နှစ်သွားသင်----ပြီရင်ဘာတွေသင်လိုက်လည်းဆိုတာ ငါ ဘလောက်မှာ လာသတင်းပို့ --
နျူတန် ရဲ့ တတိယ နိယာမ ကို အသေအချာ ကြေညက်အောင်လေ့လာ ပြီးရင် --ငါဒီလောက်ပဲ ပြောမယ် ချာတိတ် တို့ရာ

tharthar said...

ဘယ်သူ့ကိုရည်ညွန်းတယ်၊ ဘယ်ကိစ္စကို ဆိုလိုတယ်၊ ဆိုတာကိုတည့် တည့် နဲ့ ရှင်းရှင်း ပြောပြပေးပါလား။ ဖတ်နေတာကြာပြီ။ သိပ်နားမလည် ဖြစ် နေ တယ်။ အဖိုးတန်မှန်းလည်းသိနေတယ်။

Anonymous said...

ငါတို့ရဲ့မျက်ရည်တွေကိုပျက်ရယ်ပြုတတ်သူ--ငါတို့ရဲ့သွေးတွေကို-မိန်မိန်ကြီးလျက်တဲ့သာဂိနွာ--နင့်မိသားစုလတြူသောအကျိုးပေးပါစေ---

ပ င သား said...

ပြည်သူတွေကိုခွေး(အောင်နက်) ဟိုကောင်တွေကိုဆင် လို့ ခိုင်းနှိင်းထားတာ မကောင်းဘူးထင်တယ် ငါ့ညီ စကားလုံးတွေ ရမ်းမသုံးပါနဲ့ ငါ့ညီပြောချင်တာတွေကိုနားလည်ပေးနိင်ပါတယ်ကွာ