သာမန်ကွန်ပြူတာ ပြုပြင်သူတစ်ဦး
ဖြစ်နိုင်ရင် အာဏာရူး စစ်ဗိုလ်ချုပ်တွေရဲ့ ဦးနှောက်ကို Hafnium-based Intel 45nm Processor နဲ့ လဲပစ်ချင် တယ်။
ဖြစ်နိုင်ရင် ရမ်းကားရှင်၊ ကြံ့ဖွတ်တွေကို Recycle Bin ထဲတောင် မထည့်ဘဲ Shift Delete နဲ့ ဖျက်ပစ်ချင် တယ်။
ဖြစ်နိုင်ရင် မြန်မာနိုင်ငံတခုလုံးကို Partition ပိုင်း Format ချပြီးတော့ Reinstall တောင် ပြန်လုပ်ပစ်ချင်တယ်။
ဖြစ်နိုင်ရင် အလျင်မြန်ဆုံးနဲ့ အတိုးတက်ဆုံး နိုင်ငံတော်ကြီး ဖြစ်အောင် Upgrade လုပ်ပစ်ချင်တယ်။
ဖြစ်နိုင်ရင်…
ဖြစ်နိုင်ရင်…
ဖြစ်နိုင်ရင်…
ဖြစ်နိုင်ရင်……။
ဖြစ်ချင်တာတွေသာ ဆက်ပြောနေရင် ဆုံးမှာ မဟုတ်တော့ဘူး။ စစ်ဗိုလ်ချုပ်တွေကို သိစေချင်ပါတယ်။ စည်းကမ်းပြည့် ၀ပြီးတော့ ခေတ်မီဖွံ့ဖြိုး တိုးတက်ချင်ရင် ပညာမျက်စိနဲ့ ကြည့်ပြီးတော့ နိုင်ငံရေးကို ပြောင်းလဲပေးပါလို့။ ဒီနေရာမှာ ပညာဆိုတာ အတန်းတွေ ဘွဲ့ရတာတွေကို မဆိုလိုပါဘူး။ အမှားနဲ့ အမှန် ခွဲခြားရေး ပညာကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ အတန်းတွေ ဘွဲ့တွေနဲ့ပြောရင် ခင်ဗျားတို့ကို အရှက်ခွဲတယ်လို့ ပြောနေပါဦးမယ်။
ကျနော်တို့ တိုင်းပြည်က လူကြီးတွေဟာ ယုတ္တိဗေဒကို ဥပက္ခာပြုထား ကြသူတွေပါ။ နိုင်ငံတော်ကို နောင်တချိန် အုပ် ချုပ်မယ့်သူတွေ (တနည်းအားဖြင့်) နိုင်ငံခေါင်းဆောင် တာဝန်ကို ထမ်းဆောင်မယ့် လူတွေဟာ စစ်တပ်ထဲဝင်မှ ခေါင်း ဆောင်ဖြစ်မယ်ဆိုတဲ့ အယူအဆအမှားကို လူငယ်တွေ ဦးနှောက်ထဲ ရိုက်ထည့်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်တပ် (၀ါ) တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ (သို့) ပြည်သူကို စောင့်ရှောက်ဖို့အတွက် တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဟာ အရေးပါတယ်ဆိုတာ ကျနော်မငြင်းပါဘူး။
ကျနော်က ကွန်ပြူတာသမားမို့လို့ ကွန်ပြူတာ တလုံးပေါ် ရှုမြင်သုံးသပ်မှုနဲ့ ဥပမာပေးပါရစေ။ ကွန်ပြူတာတလုံးဟာ သာမန်အားဖြင့် တလုံးထဲသုံးရင် သူ့လုံခြုံရေးအတွက် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် အခြား ကွန်ယက်တွေ၊ ကွန်ပြူတာတွေ အစရှိသဖြင့်ပေါ့လေ အဲဒါတွေနဲ့ ချိတ်ဆက်မယ်ဆိုရင် virus, spam ware, Trojan စတဲ့ နှောင့်ယှက်မယ့်၊ ဖျက်ဆီးမယ့် ရန်တွေကို ခံရနိုင်ပါတယ်။ ဒီလိုမခံရအောင် ကာကွယ်မှုအတွက် Antivirus software (or) Virus Cover Software တွေကို သွင်းထားပြီး ခုခံကာကွယ်ရမှာပါ။
ဒီနေရာမှာ တပ်မတော်ဆိုတာ Antivirus Software နဲ့ အတူတူပါပဲ။ သူ့တာဝန်က ကာကွယ်ရေးအတွက် လုံးဝ တာဝန် ရှိပါတယ်။ Operation System တခုလုံးကို ထိန်းကျောင်း မြှင့်တင် လည်ပတ်ပေးနိုင်တဲ့ အစွမ်းသူ့မှာ လုံးဝမရှိပါဘူး။ O/S စွမ်းရည်မြင့်တာနဲ့ အမျှ A/S က လိုက်မြင့်လာမှာပါ။ နိုင်ငံတော်ရဲ့ နည်းပညာနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှသာ တပ်မတော်ဟာလည်း တိုးတက်လာမှာပါ။ ဒါတွေကို ပြောရင် ဒေါသတွေပါမှာစိုးလို့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။
ကျောက်တန်းသား ဗိုလ်ခင်ညွန့်ကတော့ ကျောက်တော်ကြီးဘုရား တည်မိလို့ နေအိမ်မှာ ကျောက်ချနေရပါပြီ။ ကျောက်ဆည်နယ်သား ဗိုလ်သန်းရွှေ၊ ကျောက်ပန်းတောင်း နယ်သား ဗိုလ်မောင်အေး၊ ကျောက်ကာရွာက ဦးအောင်သောင်းတို့ သုံးယောက်ပေါင်းပြီး နိုင်ငံတော်ကြီးကို ကျောက်ခေတ်ရောက်အောင် တွန်းပို့မယ် ဆိုရင်လည်း မတားလိုတော့ပါဘူး။
ကဲ ဒီတော့ ကျနော်တို့ မြန်မာပြည်သားတွေလည်း ကယ်မယ့် ကူမယ့်သူဝေးတဲ့ ဘ၀မှာ မြန်မာ့ကျောက်ခေတ် ကမ္ဘာဦး လူသားတွေလိုသာ နေလိုက်ကြပါတော့လို့ပဲ တိုက်တွန်းပါရစေတော့။ အဲဒါကို သဘောကျလို့ တိုးရစ်တွေ များများလာလည်ရင်လည်း နိုင်ငံခြားဝင်ငွေ တိုးတာပေါ့။
သာမန်ကွန်ပြူတာ ပြုပြင်သူတစ်ဦး
Thursday, November 22, 2007
ကျောက်ခေတ်သို့သာ တို့မြန်မာပြည် ချီကာတက်ကြပါစို့လေး
Subscribe to:
Post Comments (Atom)
2 comments:
နိုင်ငံတော်ကို နောင်တချိန် အုပ် ချုပ်မယ့်သူတွေ (တနည်းအားဖြင့်) နိုင်ငံခေါင်းဆောင် တာဝန်ကို ထမ်းဆောင်မယ့် လူတွေဟာ စစ်တပ်ထဲဝင်မှ ခေါင်း ဆောင်ဖြစ်မယ်ဆိုတဲ့ အယူအဆအမှားကို လူငယ်တွေ ဦးနှောက်ထဲ ရိုက်ထည့်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ < u r absolutely right, we must destroy this idealogy
U r absolutely right.
I like your comparison.
if they are doing such as way we all will suffer another 20 yr or may be more.
Post a Comment