မြန်မာ့အရေး ကျွမ်းကျင်သူများနှင့် အနာဂတ် မြန်မာပြည်
တုတ်ကြီး (ခေတ္တ - တာဝတိံသာ)
တုတ်ကြီး (ခေတ္တ - တာဝတိံသာ)
မြန်မာနိုင်ငံအတွင်း သံဃာတော်များ ဦးဆောင်သည့် တိုက်ပွဲတစ်ရပ် ပေါ်ပေါက်လာသည်။
န.အ.ဖ စစ်အာဏာရှင်က ရက်စက်ယုတ်မာစွာ ပစ်ခတ် ရိုက်နှက် သတ်ဖြတ် အလောင်းဖျောက် ခြေမှုန်းလိုက်သည်။
နိုင်ငံတကာက မြန်မာပြည်တွင်း အဖြစ်အပျက်များအား ပိုမို စာနာ အာရုံစိုက်လာကြသည်။
တဖက်မှလည်း န.အ.ဖမှ ယင်းတို့  ဆယ်စုနှစ် တစ်ခုမက အတင်းဖျစ်ညှစ် မောင်းသွင်းကာ ကျင်းပသော အမျိုးသားညီလာခံ ဆိုသည့် နိုင်ငံတော်အား ထာဝရ စစ်အာဏာရှင်စနစ်အောက် တွန်း ပို့ရန် အားထုတ်သည့် ပွဲကြီး ပြီးမြောက်သွားပြီ ဖြစ်သကဲ့သို့  ၄င်းတို့၏ ရွှေရောင် အိပ်မက်ကို အကောင်အထည် မဖြစ်မနေ ဖော်တော့မည်။
နေ့စဉ် ရေဒီယို နားမထောင် ဖြစ်သည်မှာ ကြာခဲ့ပြီ ။ ရေဒီယို နားထောင်လိုက်လျှင်လည်း ထူးမခြားနား
နှင့် ဖြစ်သမျှကို ပတ်ပျိုးတွေချည်း ဖြစ်နေတော့ သိပ်အချိန် မပေးဖြစ်တော့ ။
သို့ကလိုနှင့် ပြည်တွင်း၌ ရဟန်းသံဃာတို့ ဦးဆောင်သော ပြည်သူ့တောင်းဆိုပွဲအား သွေးသံရဲရဲဖြင့်
ချေမှုန်းဖြိုခွင်းသော ဖြစ်ရပ်များအား ကျနော့်အိမ်မှ ကွန်ပျူတာ အစုတ်ကလေးနှင့် ထိုင်ကြည့်လိုက်ရ၏။
မြန်မာရေဒီယိုများအား ပြန်နားထောင် ဖြစ်လာ၏။ မြန်မာ့သတင်းများအား ပိုမိုအလေးအနက် ထားမိလာ၏။
ဟိုက်ရှားလပါး…။ မြန်မာ့အရေး ကျွမ်းကျင်သူများဆိုသည့် ဆရာတို့  ရေရေလည်လည် အသက်မွေးဝမ်းကြောင်းမှု တစ်ခုအတွက် ရွှေတော်မူ အာတော်မူနေသည်မှာ ရှက်ဖွယ်လိလိ။
မိုက်ခွက်ကြီးကို လက်ကမှ ချမိကြရဲ့လားမသိ။
ဖိုးပြောချင်တွေ ပြောကြပါ။ တကယ် ပြည်သူလူထုအတွက် စစ်မှန်သော အကျိုးကျေးဇူး တစုံတရာ ရှိမည်ဆိုလျှင်ဖြင့် …။
ပြောကြပါ။ တကယ်ပင် မြန်မာ့အရေး ကျွမ်းကျင်သူများ ဆိုလျှင်ဖြင့် …။ မြန်မာပြည် ကိစ္စအားလုံးအား ဘာတီးလင့်တနာဆိုသော ရှမ်းအမျိုးသမီး တစ်ဦး၏ ယောက်ျားလူဖြူကြီး က ရှစ်ဆယ့်ရှစ် ကာလများ ကတည်းကပင် လေ့လာသတင်းပို့ ရေးသားနေသူတစ်ဦး ဖြစ်သည်ကို သွားသတိရမိသည်။
ယခုလည်း အဖြူမကြီးတွေ ယူထားသော၊ ဘိုလို မပြောတတ်လျှင် မနက်ဖြန် စားမည့် ငပိရေကျို ပုတ် သွားမည် စိုးသော၊ ငါမှ မအာလျှင် လူထုတွေ မတွေဝေဘဲ လမ်းဖြောင့်သွားလျှင်ဖြင့် တော်လှန်ရေးကြီး သောက်ကျိုးနည်း အဓွန့်မရှည်လျှင်ဖြင့် ဟူသော အတွေးရှိတော် မူထသော တချိန်က မ.က.ဒ.တ လူထွက်ကြီးများ ဇာတိပြကြကုန်၏။
မြန်မာပြည်မှ မဂ္ဂဇင်းလေးတစ်ခုတွင် အယ်ဒီတာ လုပ်ခဲ့ဖူးသော၊ Burma Fund ဆိုသော အဖွဲ့၏ ဟိုလိုလို ဒီလိုလို ဖြစ်သော စာရေးဆရာလိုလို…. ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်သော်လည်း စာပေအသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ကာ ပညာအနည်းငယ်တတ်၍ လူတွင်ကျယ် လုပ်တတ်သော သတ်ပုံဆရာလိုလို စာစီဆရာလိုလို တစ်ယောက်၏ ပါးစပ်မှလည်း နတ်စကားများဖြင့် လမ်းပြမြေပုံအား ပြည်သူလူထု နှင့်အတူ နှစ်ငါးဆယ်တိုက်ပွဲ နှစ်နှစ်ဆယ်တိုက်ပွဲတို့အား အသက်ပေး တိုက်ခိုက်နေကြသော ဒီမိုကရေစီ ဘက်တော်သား အဖွဲ့အစည်းများနှင့် တော်လှန်ရေး ရဲဘော်များ၏ မျက်နှာမထောက် အာတော်မူသော အနှီဆရာ့ဆရာတို့ ၏
ဗြုတ်စဗြင်းတောင်း ဟိုတစ ဒီတစ ပြောဆိုဆွဲဆောင် ဦးတည်နေသော အောက်ကလိအာ အသံများအား နားပဋိသန္ဓေ တည်နိုင်လောက်သည်အထိ မဟားဒရား ကြားခဲ့ရသည်မှာ စိတ်မသက်သာ။
မြန်မာ့အရေး ကျွမ်းကျင်သူများခင်ဗျား … ၀ိတိုရိယခေတ် ဂါဝန်အောက် နှာခေါင်းထည်ထိုး နေရုံမျှဖြင့်
ဘိလပ်လို မွှတ်နေရုံမျှဖြင့် တခါဖူးမျှ ရှေ့တန်းတွင် ရန်သူဖြင့် နဖူးတွေ့ ဒူးတွေ့ မတွေ့ဖူးသော်ငြား
ခေတ်ကာလ အခြေအနေအရ မ.က.ဒ.တ တပ်ရင်းများ၏ လုပ်ထုံးလုပ်နည်းအတိုင်း အသုံးမတည့်သူများအား ဗဟိုထိုးပို့စဉ်ကာလက ဗဟိုကော်မတီများ ဖြစ်ခဲ့ရုံမျှဖြင့် သင်တို့ကိုယ် သင်တို့ သတင်းဌာနများမှ ပေးသည့် Title များအား အလွဲသုံးစားလုပ်ကာ ပြည်သူလူထုနှင့် တိုက်ပွဲဝင် အင်အားစုများအား ဖားတပိုင်း ငါးတပိုင်း အညံ့ခံရေး လမ်းစဉ်အား သင်တို့ မိုက်ခွက်ကြီးများ ကို အသုံးချကာ အာတော်မူခြင်းအား တကယ် တိုင်းပြည်ချစ်စိတ်ရှိလျှင် (သင်တို့ မိန်းမ အဖြူမကြီးများအား ဆက်လက် ချစ်နိုင်ပါသည်) ပြန်လည် သုံးသပ်သင့်ပြီဟု အမုန်းခံကာ ထုတ်ဖော် ပြောကြားလိုက်ရပါသည်။
လိုအပ်လာပါက သည့်ထက်ပိုမို ရုပ်လုံးပေါ်သော ရေးသားဖော်ပြမှုဖြင့် သင်တို့အား ဖြစ်နိုင်သည့် ရပ်ဝန်းမှ ဆွေးနွေးသွားမည် ဖြစ်သည်ကိုလည်း မေတ္တာရှေ့ထား အသိပေးအပ်ပါသည်။
သည်ထက် ပိုလိုအပ်ပါက ကိုယ်ပိုင် stream media လုပ်ကာ သင်တို့ အာသကဲ့သို့ ပါးစပ်ဖြင့် ပြန်လည် အာတော်မူရလျှင်ဖြင့် သင်တို့ ကိုယ်ကျိုး နည်းနိုင်ပါသည်။
ပြည်သူ့အရေးတော်ပုံ အောင်ရမည်။
တုတ်ကြီး
(ခေတ္တ - တာဝတိံသာ)
4 comments:
Today, it is important to show unity between our anti-military government groups.We should be close-knit.
I simply believe that you should not criticize like this to other people who are also trying for democracy in their ways.
စစ်အစိုးရသက်ဆိုးရှည် နေရခြင်းထဲ မှာ ကျနော်တို့ အတိုက်အခံတွေ မညီညွတ်ခြင်းက ရာခိုင်နှုန်းတော်တော်များများပါပါတယ်။ လက်ရှိအခြေ အနေမှာ ပါတီစွဲ၊ဝါဒစွဲ၊ပုဂ္ဂိုလ်စွဲ နဲ့  အတိတ်က အမှားအယွင်းတွေကို ခဏမေ့ထားပေးပြီး ညီညွတ်ရေးတည်ဆောက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ဘာမဟုတ်တဲ့ လူမူရေး အိမ်ထောင်ရေးကိတ်စတွေကို ရှေ့ တန်းတင်ပြီး မဝေဖန်သင့်ပါဘူး။။ လူမျိုးခြားနဲ့ အိမ်ထောင်ပြုတိုင်းသာဝေဖန်ရရင်..နအဖနဲ့ တလေတည်းဖြစ်ပေမပေါ့..
အဖွဲ့ အစည်းတစ်ခုတည်းကိုပဲ ရည်ရွယ်ပြီး ပြောနေတာသိသာလွန်းပါတယ်။။ပြောစရာရှိတိုင်းသာ
ပြောရရင်တော့ပြောစရာတွေက ကုန်မယ်မထင်ပါ။။
ရန်သူက ဘယ်သူဆိုတာ အရင်တိုက်ကြရအောင်ပါ။။
No..No..No..daungtaman.
Yes..Yes..Yes..maung tote gyi.
Solidarity or unity is the most important. It is absolutely right. Therefore, we have got to give lecture or lesson to those ones who are talking waste so that they realise how to be united with public. We don't have to neglect them as they said just frustration. It could be obstacles for people in the track to democracy. WE ARE RESPONSIBLE TO CLEAR THAT WAY SO THAT WE CAN ACHIEVE OUR GOAL. PLEASE SERIOUSLY CONSIDER THAT.
Post a Comment