တင်မိုး
အခြေအနေကတော့
တွေဝေရင် ရှုံးစတမ်းပေမို့
ရှုံးပန်းတော့ မပန်နဲ့ကွယ်။
အခက်အခဲ မှန်သမျှ
ဖျက်ခွဲမယ် စိတ်မာန်မျိုးနဲ့
ရိုးသားစွာ ကြိုးစားစမ်းဟေ့
လမ်းမှန်ရမယ်။
စိတ်နာ စိတ်ကျတွေမတော့
စိတ်ချသောက် ဒိဋ္ဌပျောက်
ပေါက်လမ်းကို ရောက်တတ်တယ်
လမ်းလွယ်ကို မရွေးလေနဲ့။
အလွယ်လိုက်
လူမိုက်လို့ ဆိုရမယ်
ဘ၀မှာ အချောင်မလိုချင်မှ
ရွှေစင်ပတ္တမြား
တန်ဖိုးထားရပေမပေါ့
အလကားအကောင် အဖြစ်မခံရအောင်
စစ်မှန်ပစေကွဲ့။ ။
Monday, October 15, 2007
တွေဝေသူ ရှုံးစတမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment